စကြာ (卍) ကို အင်္ဂလိပ်လိုအခေါ်အဝေါ်အဖြင့် Swastika (ဆွာစတီကာ)ဟု ခေါ်ဆိုကြသည်။ ဒီစကားလုံးမှာ လက်ယာရစ်စကြာကိုသာ ခေါ်ဆိုကြခြင်းဖြစ်ပြီးတော့ မူရင်းအသံထွက်မှာ အသံကရိုက်စကားလုံးမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်ပါသည်။ ပါဠိဝေါဟာရ သုဝတ္တိ ၊ သောတ္တိက တို့နှင့် အတူတူပင်ဖြစ်ပြီးတော့ အဓိပ္ပာယ်မှာတော့ ကောင်းကျိုးချမ်းသာဖြစ်ပေါ်စေသောအရာဟူ၍ ဖြစ်လေသည်။ လက်ဝဲရစ်စကြာ(卐) ကိုမှု ဖိုင်းလ်ဖော့တ် (Fylfot)ဟု ခေါ်ကြပါသည်။ ခေါမအက္ခရာ ဂမ်မာ (γ) လေးခု ပေါင်းစပ်ထားသကဲ့သို့ ဖြစ်ပေါ်နေသောကြောင့် ဂမ်မာဒီယွန် (Gammadion) ဟုလည်း ခေါ်ဆိုကြပါသေးသည်။ နောက်ပီး ဆွာစတီကာ ၊ ဂမ်မာဒီယွန်အပြင် ခရော့ကရွန်ပွန်နီ (cross cramponnée)လို့ ခေါ်ဆိုပါသေးသည်။ လက်ယာရစ်စကြာကို တရုတ်ဘာသာဖြင့် ၀မ် ဟု ခေါ်ဆိုကြသည်။ စကြာသည် တရုတ်အက္ခရာတစ်ခုအဖြစ် ပါဝင်နေလေရာ စကြာအက္ခရာကိုမူ ၀မ်ဇူ (萬 or 万) ဟု ခေါ်ပြန်လေသည်။ တရုတ်အက္ခရာများမှ ဆင်းသက်လာသော ဂျပန်အက္ခရာတွင်လည်း စကြာပါဝင်ပြန်လေသဖြင့် စကြာအက္ခရာကို မန်ဂျိ (manji) ဟု ခေါ်၍ စကြာကိုမူ မန်ဟု ခေါ်ဆိုလေသည်။
ဂျပန်တို့၏ စကြာကိုမူ လက်ဝဲရစ်စကြာကို ဂူဂမန်ဂျိ (逆卍)ဟု ခေါ်ပြီး လက်ယာရစ်စကြာကို
မီဂီမန်ဂျိ (右卍) ဟု ခေါ်ပြီး လက်ယာရစ်စကြာကိုပဲ မြင့်မြတ်သောစကြာဟု အဓိပ္ပာယ်ရသော
ကာဂီဂျဂျီ (鉤十字) လို့လည်း ခေါ်ဆိုလေသည်။
အာမန်းနီယားတွင်မူ စကြာကို arevakhach နဲ့ kerkhach (կեռխաչ) ခေါ်ဆိုလေသည်။အာမန်းနီးယားတွေကတော့ ဒီသင်္ကေတသည် ထာဝရရှင်သန်ခြင်းသင်္ကေတအမှတ်တဆိပ်ဖြစ်ပြီး အဆုံးမရှိသောအလင်းရောင်ဖြစ်သည်ဟု ဆိုကြလေသည်။အာမန်းနီးယားတို့ရဲ့စကြာအမှတ်တံဆိပ်ကို ကျောက်စာများတွင် တွေ့ရလေသည်။
ကြေးခေတ်ကို
ရောက်ရှိတဲ့အခါမှာ ခေါင်းလောင်းများ ၊ အိုးများ ၊ အသုံးအဆောင်ပစ္စည်းများတွင် စကြာအမှတ်တံဆိပ်များကို ထွင်းထုထားကြသည်အထိ စကြာတံဆိပ်သည် အရေးကြီးသင်္ကေတတစ်ခု ဖြစ်လာလေသည်။ ဘုရားကျောင်းများနှင့် အာမန်းနီးယားမြို့အထိမ်းအမှတ်များတွင်လည်း အများဆုံးတွေ့ရှိကြသည်။ အာမန်းနီးယားပုရပိုဒ်များ အလယ်ခေတ်ဟောင်းမှော်စာအုပ်လွှာများတွင်လည်း တွေ့ရှိရပါသည်။
ဂန္ဓာရီပညာဆိုင်ရာ သင်္ကေတအမျိုးမျိုးရှိကြပါသည် အဲ့ဒီထဲမှာ စကြာသင်္ကေတသည် လှုပ်ရှားမှုသဘောကို ဆောင်သည့်အထူးအရည်အချင်းရှိသော သင်္ကေတစ်မျိုးဖြစ်လေသည်။ စကြာမှလွဲပြီး အခြားသင်္ကေတများသည် တည်ငြိမ်ခြင်းသဘောကိုသာ ဆောင်ကြလေသည်။ တည်ငြိမ်ခြင်းသဘောရှိသော သင်္ကေတများသည လူ့ဘုံ နှင့် နတ်ဒေ၀တာဘုံတို့အကြား ဆက်သွယ်နေမှု ၊ ရုပ်ဒြပ်နှင့် ၀ိညာဉ်တို့အကြားဆက်သွယ်မှု စသည်တို့ကို ဖော်ပြပေးနေခြင်းဖြစ်ပြီး စကြာသင်္ကေတသည် လောကဓာတ်ကြီးအတွင်းရှိ ဖန်တီးမှုတေဇောဓာတ်မီးလျှံကဲ့သို့သော သဘာဝ၏ပင်မစွမ်းအားကြီးကို ကိုယ်စားပြုသော သင်္ကေတဖြစ်သည်။
စကြာသင်္ကေကို မည်သည့်အချိန်ကတည်းက စတင်အသုံးပြုခဲ့သလဲဆိုသည့်အချက်ကတော့ ခန့်မှန်းရခက်နေပါတယ်။ ဘယ်လိုမှပင် ခြေရာခံလို့မရအောင်ပင် ရှိနေသည်။ ဒါပေမယ့် အလွန်ရှေးကျသော သင်္ကေတစ်ခုဆိုတာကိုတော့ တော်တော်များများက လက်ခံထားကြပါသည်။ ကျောက်ခေတ်လူသားတို့ နေထိုင်ခဲ့ကြသည့် ကျောက်ဂူနံရံများတွင်လည်း
တွေ့ရှိခဲ့ကြရာ အနောက်တိုင်းဒေသများတွင်သာမက တရုတ် ၊ အိန္ဒိယ ၊ အီဂျစ်နိုင်ငံများတွင် တွေ့ရှိပါသည်။ အာရှ နှင့် ဥရောပတို့ကို ရှေးခေတ်က ဆက်သွယ်ကူးလူးကြသူများမှာ ရောမသားများဖြစ်ကြပြီး ရှေးခေတ် ရောမဘုရားကျောင်းကြီးများတွင်လည်း စကြာသင်္ကေတတံဆိပ်များကို တွေ့ရပြန်သည်။
ရောမနိုင်ငံတွင်သာမကပဲ သြစတြီးယား နှင့် ဂျာမနီနိုင်ငံများတွင်လည်း စကြာသင်္ကေတံဆိပ်ကို သုံးစွဲတာကို တွေ့ရပြန်သည်။ 1875တွင် သီအိုဆိုဖိုအသင်းကြီးကို စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သော မှော်ပညာရှင်မကြီးတစ်ဦးဖြစ်သည့် ရုရှားအမျိုးသမီးကြီး Helena Petrovna Blavatsky ကလည်း စကြာသင်္ကေတနှင့်ပတ်သက်ပြီး စကြာတံဆိပ်၏သက်တမ်း နှင့် အရာရာတွင်ပတ်သက်အကျူံးဝင်နေခြင်းကို သူမပြုစုခဲ့သည့် လျှို့ဝှက်ဒေသနာကျမ်း (The Secret Doctrine) တွင် အောက်ပါအတိုင်း ဖော်ပြထားလေသည်။
ရှေးဟောင်းမြို့တော်များမှ တွေ့ရှိရသည်တို့ကို အသေးစိတ် လေ့လာပြီး သုတေသနပြုလိုက်သောအခါတွင် စကြာသင်္ကေတတံဆိပ်တို့ မပါဝင်သည်ဟူ၍ မရှိသလောက်ပင်ဖြစ်သောကြောင့် ၎င်းတံဆိပ်သည် လွန်စွာရှေးကျလှပြီး ရှေးသူဟောင်းတို့ လွန်စွာပင် အလေးအမြတ်ပြုကြကြောင်း သိရလေသည်။ ဒေါက်တာရှီးလ်မန်း တူးဖော်တွေ့ရှိခဲ့သော ထရွိင်မြို့ဟောင်းမှ ကြွေပြားချပ်ဝိုင်းများတွင်လည်း စကြာသင်္ကေတတံဆိပ်တို့ကို တွေ့ရပြီး အာရ်ယန်တို့၏ မျိုးဆက်ဖြစ်သော ရှေးဟောင်းထရိုဂျန်လူမျိုးတို့သည်လည်း စကြာသင်္ကေတတံဆိပ်ကို အလွန်အလေးအနက်ထားပြီး ဂရုပြုကြကြောင်း ထင်ရှားနေသည်။
မိုးကြယ်စင်
Tag :
symbol
0 Komentar untuk "စကြာတံဆိပ်အကြောင်း-၁ (About Swastika Symbol-1)"