.

အသည်းတော့ အခွဲမခံနဲ့ ဟေ့

"အဟင့် ဟင့် ဟင့် "
ငိုရှိုက်သံနှင့် အတူ ညီမလေး ခြူး ၏ မျက်ဝန်းအိမ် မှ ပုလဲဥ လေးများ စီးကြလာသည်။
ဒီလိုမြင်ရတော့လည်း စိတ်မကောင်း။
ကြိုတော့ သိနှင့်ပြီးသား။

"သမီးကို ကယ်ပါအုံးဆရာ။ သူ သူ ရက်စက်တယ် သစ္စာမရှိဘူး။ သမီးကို အသဲခွဲသွားပြီ ဆရာ"
လှိုင်သံပါသော ခြူး၏ စကားလုံးများက ကျွန်ုပ် ရင်ကို လှုပ်ခါစေပြီ။
" ကဲ ညီမရေ ဖြစ်ပြီးမှတော့ ပူဆွေးမနေနဲ့တော့။ ဒီလိုလုပ်ကြည့်။ ဟောဒီ ပုံလေးကို ဥဏ်ရှိသလိုသုံး။ ပြန်အဆင်ပြေလိမ့်မယ်"
" ဆရာ သမီး ဥဏ်လည်းမရှိတော့ ဘူး ဘာမှလည်း မသိတော့ဘူး ဘာလုပ်ရမယ် ဆိုတာ ဆရာပဲ့ ပြောပါတော့"
ယူကျုံးမရ အပူလုံးကြွ နေသော သူ့အဖြစ်ကို နားလည်ပေးရပေမပေါ့။
ကြွေရွက်ဝါကို နွေရဲ့ကဗျာလို့ မတင်စားနိုင်တဲ့ ဘဝကိုး။
" ကဲ ဒီကဒ်ပြားလေးရဲ့ အတွင်းဆုံး စက်ဝိုင်း(နံ) ဆိုတဲ့ နေရာမှာ ညီမရဲ့ ချစ်သူ မွေးနံ ကိုရေး။ ဆိုလိုတာက ကြာသပတေးသား ဆို ၅။ အင်္ဂါသားဆို ၃ ပေါ့။ ရှင်းလား။ အပြင်စက်ဝိုင်းနဲ့ အတွင်းစက်ဝိုင်းမှာ တော့ အပေါ်က ချစ်သူ နာမည် အောက်က ကိုယ့်နာမည်ရေး။
ပြီးရင် ဂါထာ ၃၇ ခေါက်မန်း။ ပြီးရင် ဒီကဒ်လေးကို ဆောင်ထား။ ဒါမှမဟုတ် ကဒ်ပေါ်မှာဖယောင်းတိုင်ထွန်းချင်ထွန်း"
"ဘယ်နှစ်တိုင် ထွန်းရမလဲ ဆရာ"
"ပန်ူရောင် ဒါမဟုတ် အနီရောင် ဖယောင်းတိုင် နှစ်တိုင်ပူးထွန်းပြီး အာရုံပြု ဆုတောင်း မေတ္တာလည်း စူးစူးရှရှ ပို့။ ၃ရက်ဆက်တိုက်လုပ်။ ဒင်း မခံနိုင်ပါဘူး။ ညီမဆီ မျက်နှာချိုသွေးပြီး ပြန်ရောက်လာမယ်။ တကယ်ချစ်ရင် ခွင့်လွှတ်ပေးပေါ့"
ဂါထာကတော့
( ဥုံ ဗုဒံ္ဓ ဓမ္မံ သံယံ မာတင်္ဂေါ က္ကတ္ထိယော ပုရိသ ဓမ္မနာနံ ပီယံ ဒေမ)
ခြူး ရဲ့ မျက်နှာပေါ် လင်းကနဲ လက်ကနဲ ဖြစ်သွား၏။ ရိုသေစွာ ဦးချ၏
ကျွန်ုပ်လည်း ခေါင်းတဆတ်ဆတ် ညိတ်ရင်း ထွက်လာခဲ့တော့သည်။



မြစကြာ
https://www.facebook.com/profile.php?id=100009242029094


ဒီစာသည် ကျွန်တော်မိုးကြယ်စင်၏စာမဟုတ်တာကြောင့် ကိုမြစကြာအကောင့်ကိုသာ သွားရောက်မေးမြန်းကြပါရန်..။
Tag : love
1 Komentar untuk "အသည်းတော့ အခွဲမခံနဲ့ ဟေ့"

အပြင်​စက်​၀ိုင်း နဲ့ အတွင်းစက်​၀ိုင်းဆိုတာက အစိမ်း​ရောင်​ခြယ်​ထားတဲ့ ​နေရာကို ​ပြောတာလား?

MM-Search. Powered by Blogger.
Back To Top