.

သစ်ပင်စောင့်နတ်သူငယ်လေးများကို ဆက်သွယ်ခြင်း (Contacting Fairy)

သစ်ပင်စောင့်နတ်သူငယ်လေးများသည် မှော်ကမ္ဘာလောကတွင် ထူးဆန်းသောသတ္တ၀ါငယ်လေးမျိုး ဖြစ်ပေသည်။ တစ်ကမ္ဘာကနေ တစ်ကမ္ဘာကို သူတို့သွားလာနိုင်တဲ့ အစွမ်းမျိုးလည်း ပိုင်ဆိုင်ကြသည်။ လူသားကမ္ဘာတို့နှင့် ချိတ်ဆက်ထားသော ကမ္ဘာကြားတွင်လည်း နေထိုင်ကြသည်။ သူတို့ကို ဆက်သွယ်လိုသူများလည်း ရှိကြလိမ့်မယ်ထင်မိပါသည်။


တရားထိုင်ခြင်း (Mediation)ဖြင့် ဆက်သွယ်ခြင်း

တရားထိုင်ခြင်းသည် သစ်ပင်စောင့်နတ်သူငယ်လေးများဖြင့် ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ အဲဒါကို လုပ်ဆောင်ရန်အတွက် တရားထိုင်နည်းတစ်ခုတော့ သိထားဖို့လိုပါသည်။ အရင်ဆုံးမိမိတို့ စိတ်အနှောင့်အယှက်မဖြစ်စေတဲ့ နေရာမျိုးကို သူတို့ရဲ့ဆက်သွယ်ဖို့အတွက် တရားမထိုင်မီ ရှာဖွေထားသင့်ပါသည်။ စိတ်ကိုလျှော့ချထားသင့်ပါသည်။ ထိုနေရာသည် မည်သည့်အနှောင့်အယှက်မှ မရှိသည့် နေရာမျိုးလည်း ဖြစ်ရပါမည်။

ကျွန်တော်ကတော့ အေးချမ်းသော မြက်ခင်းပင်ကြီးပေါ်တွင်လည်းကောင်း  ၊ သစ်ပင်များရှိသော တိတ်ဆိတ်ငြိမ်သက်သော မိမိအန္တရာယ်ကင်းရှင်းမည် ဟုထင်သော တောအုပ်ကြီးအနားတွင်လည်းကောင်း ရွေးချယ်စေချင်ပါသည်။ ထိုနေရာမျိုးမဟုတ်ဘဲ မိမိစိတ်အနှောင့်အယှက်မရှိသည့် နေရာမျိုးရှိရင်လည်း အဲ့နေရာမှာပဲ လုပ်ပါ။ နေရာရွေးချယ်ပီးပါက ဖုန်းကိုပိတ်ထားပါ။ မိမိအခန်းထဲတွင် လုပ်တယ်ဆိုပါက မိမိအခန်းတံခါးကို ပိတ်ထားပါ။ မိမိစိတ်သက်သာသလို ထိုင်ပါ။ ဘယ်လိုပုံပဲဖြစ်ဖြစ် ထိုင်လို့ တင်ပလ္လင်ခွေပဲ ဖြစ်ဖြစ် မိမိစိတ်ထဲမှာ သက်သာသလို ထိုင်ချပါ။ အိပ်တော့မချပါနဲ့ လဲလည်းမလဲလျောင်းပါနဲ့။ လဲလျောင်းလိုက်သည်ဆိုပါက မိမိအိပ်ပျော်သွားတတ်ပါသည်။

မျက်လုံးကို ပိတ်လိုက်ပါ။ အသက်ကို ဖြည်းဖြည်းလေး ရှုသွင်း ရှုထုတ်ပါ။ မိမိခြေချောင်းလေးတွေမှ စပြီး မိမိဦးခေါင်းအထိ တစ်ဖြည်းဖြည်း အကြောများကို ဖြေလျှော့ပါ။ ထိုနောက် မိမိခန္ဓာကိုယ်ကြီးတစ်ခုလုံး စိတ်လက်ပေါ့ပါးနေသည်ဟု အာရုံပြုနေပါ။ မည်သည့်အနှောင့်အယှက်မှလည်း မရှိတော့ဘူး။ မိမိအပူမှလည်း မရှိတော့ဘူး။ မိမိခန္ဓာကိုယ်သည် မိမိပိုင်ဆိုင်ပြီး မိမိစိတ်သည်လည်း အေးချမ်းနေပီဟု တွေးတောနေရပါမည်။
 
မိမိနောက်ကျော ၊ လက်မောင်းများ ၊ ပခုံးများ နှင့် မိမိခန္ဓာကိုယ်ရဲ့ဖိအားတွေကိုလည်း ဖြေလျှော့နေခြင်းဖြင့် အချိန်တော်တော် ရယူလိုက်ပါ။ မိမိစိတ်သည် လှေကားထိပ်မှ တစ်ထပ်ချင်းစီ ဆင်းနေတယ်လို့ အာရုံပြုနေရပါမည်။ တစ်ထပ်ဆင်းလာတိုင်း မိမိစိတ်သည် တစ်ခုပီး တစ်ခုဖြေလျှော့ထားရပါမည်။ မိမိစိတ်အာလုံ ဖြေလျှော့ပီးတဲ့အခါ မိမိသည် နောက်ဆုံးလှေကားထစ်သို့ရောက်ရှိနေပီ လှေကားအဆုံးတွင် လှပသောဥယျာဉ်ကြီးတစ်ခု (သို့) ပန်းခြံကြီးတစ်ခု ရှိနေသည်ဟု အာရုံပြုရပါမည်။ မိမိသည် လှပသောဥယျာဉ်ကြီးအား ရအောင်ပုံဖော်ယူရပါမည်။ ထိုဥယျာဉ်တွင် မြစ်ချောင်းလေးတစ်ခုရယ် ၊ တောအုပ်ငယ်လေးတစ်ခုရယ် အဲဒါလေးတော့ သေချာပေါက်ပါရပါမည်။ ထိုနေရာသို့ ရောက်တဲ့အခါ မိမိတစ်ယောက်တည်း စကားပြောကြည့်ပါ။

သစ်ပင်စောင့် ဖယ်ရီလေးရေ မင်းတို့ကို တွေ့ချင်ပါတယ်။ မင်းတို့ကိုလည်း နာကျင်အောင်မလုပ်ပါဘူးကွယ်။ မင်းတို့နဲ့ စကားပြောမယ် မင်းတို့ရဲ့သဘာဝတွေကိုလည်း လေ့လာချင်ပါတယ်ဆိုပီး မိမိစိတ်ထဲမှာ အာရုံဖော်ထားတဲ့ ပန်းခြံကြီးထဲမှာ စကားပြောဆိုပါ။

လူတစ်ယောက်သည် တစ်ရက်တည်းနဲ့ ဖယ်ရီများနှင့် ဆုံချင်မှာလည်း ဆုံနိုင်ပါမည်။ မိမိသူတို့ရှိတယ်ဆိုတာ ယုံကြည်မှုပြင်းထန်လာတဲ့အခါ ထိုပန်းခြံကြီးထဲတွင် ဖယ်ရီနဲ့ပတ်သက်သော မိမိစိတ်က အာရုံမဖော်သော ထူးဆန်းသောအဖြစ်အပျက်များကို ခံစားရပါလိမ့်မည်။ သူတို့နဲ့ ဆက်သွယ်တဲ့အခါမှာလည်း သတိထားသင့်ပါသည်။ အကာကွယ်အဆောင်အချို့တော့ ဆောင်ထားဖို့ လိုအပ်ပါတယ်။ အကယ်၍ မိမိမှာ ကာကွယ်ဖို့အတွက် ဘာမှမရှိရင်တောင်မှ ရုပ်ဆိုးသောဖယ်ရီများကိုတော့ နာကျင်အောင်လုပ်ခြင်း အော်ခြင်းများတော့ မလုပ်မိပါစေနဲ့။ ဖယ်ရီတိုင်းသည် ချစ်စရာကောင်းတာမျိုးလည်း မဟုတ်တာကြောင့် ၊ ဖယ်ရီများသည် မိမိစိတ်ထဲမှာ တွေးထားသလိုမျိုး လူပုံစံနဲ့တူပြီး ချစ်စရာကောင်းတယ်လို့ မဖြစ်လာသောကြောင့် သူတို့ကို နာကျင်အောင်လုပ်ခြင်းမျိုးတွေကို မပြုလုပ်ပါနဲ့။ ပြုလုပ်မိတယ်ဆိုပါက မည်သည့်ဖယ်ရီကိုမှ တွေ့ဆုံနိုင်ခြင်း ရှိမှာမဟုတ်တော့ပါဘူး။

 တရားထိုင်နေတဲ့အချိန်အတောအတွင်းမှာ တောင်ကြားလေးဖြစ်စေ ဥယျာဉ်လေးဖြစ်စေ မိမိစိတ်ထဲမှာ အလိုကျသော နေရာတစ်ခုခုကို အာရုံပြုပြီး ပုံဖော်ပေးပါ။ မိမိတွေးလိုက်တဲ့နေရာရဲ့အနံ့အသက်များကိုပါ ရအောင်ခံစားကြည့်ပါ။ အဲဒီနေရာကိုလည်း မိမိလည်ပတ်နေပါ။ လည်ပတ်နေရင်းနဲ့ ဖယ်ရီလေးတွေနဲ့ တွေ့နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ထားပေးပါ။ သစ်ပင်ကြားထဲမှာ မြက်ခင်းပြင်ကြားထဲမှာ အစိမ်းရင့်ရောင်လမ်းကြောင်းပုံစံရှိတဲ့ လမ်းကလေးတစ်ခုကို ရှာဖွေပါ။ အကယ်၍ အဲဒီလမ်းကြောင်းလေးကို တွေ့ပီဆိုပါက အဲဒီလမ်းကြောင်းအတိုင်း လိုက်ပါသွားလိုက်ပါ။ လမ်းတစ်လျှောက်လည်း မိမိပတ်ဝန်းကျင်ကို လေ့လာပါ။ မိမိသည် ကြင်နာတတ်သော ချစ်စရာကောင်းသော ဖယ်ရီလေးတွေနဲ့ တွေ့ချင်နေသည်ဆိုတာလေးလည်း စိတ်ထဲမှာ တွေးတောနေဖို့လည်း လိုအပ်ပါသေးတယ်။ သူတို့နဲ့ တွေ့တဲ့အခါလည်း နာကျင်အောင်မလုပ်ပါဘူးဆိုတာလည်း မိမိရောက်နေသောနေရာတွင် အာရုံပြုထားပါ။

အကယ်၍ အိမ်လေးတစ်အိပ်ပဲ ဖြစ်ဖြစ် နေရာတစ်ခုပဲဖြစ်ဖြစ် လမ်းဆုံးသွားတဲ့အခါ အဲဒီနေရာမှာ ထိုင်လိုက်ပါ။ ကျောက်တုံးရှိနေရင် ကျောက်တုံးပေါ်မှာထိုင်လိုက်ပါ။ အဆုံးမှာရှိတဲ့ အရာတစ်ခုခုပေါ်ကို ထိုင်လိုက်ပါ။ စိတ်ထဲကနေ ဖယ်ရီတွေနဲ့ ဘာကြောင့်တွေ့ချင်တယ်ဆိုတာလေးလည်း ပြောဆိုပေးပါ။ သူတို့အပေါ် ကောင်းတဲ့အမူအရာမျိုးကို ပြသပေးပါ။ သူတို့ယုံကြည်လာတဲ့အခါ မိမိထွက်တွေ့ပါလိမ့်မယ်။ သူတို့နဲ့ စကားပြောပီး သူတို့ မိမိကို ယုံကြည်ပါက မိမိအိမ်ကို အလည်လာဖို့လည်း ခေါ်ဆိုနိုင်ပါသည်။ 
မန္တန်ဖြင့်ခေါ်ဆိုခြင်း
ဖယ်ရီတွေကို ခေါ်ဆောင်နိုင်သောမန္တန်

မိမိစိတ်တွေကိုလည်း အထက်တွင် ဖော်ပြထားသော တရားထိုင်နည်း အတိုင်း ဖြေလျှော့ပါ။ ဖြေလျှော့ပီးပါက မျက်လုံးကိုပိတ်လိုက်ပါ။ နှင်းဆီနံ့ကို ရနေတယ်လို့ အာရုံပြုပြီး အောက်ပါမန္တန်ကို ရွတ်ဆိုပေးပါ.။

“I believe in fairies, sure as death.”
Gadflykins! Gladtrypins!
Gutterpuss and Cass!
Come to me fairily
Each lad and lass!

 အောက်ပါလင့်များတွင်လည်း လေ့လာလိုက်ပါအုန်း.။

နတ်သူငယ်လေးများအား မိမိအိမ်သို့ ဖိတ်ခေါ်ခြင်း (Attracting Faires) 

သစ်ပင်စောင့်နတ်သူငယ်များ၏စွမ်းအားများ

 

မိုးကြယ်စင်

Tag : fairy
0 Komentar untuk "သစ်ပင်စောင့်နတ်သူငယ်လေးများကို ဆက်သွယ်ခြင်း (Contacting Fairy)"

MM-Search. Powered by Blogger.
Back To Top