.

ရူနေတို့ရဲ့သမိုင်းကြောင်း (History of Rune) - (၁)

ရူနေတို့၏အစကတော့ မရေရာ မသေချာခဲ့ပါဘူး။Rune ကို ရှေးဟောင်းနော့လူမျိုးများကတော့ rún လို့ ခေါ်ပြီး ပရိုတိုနော့တွေကတော့ Runo လို့ ခေါ်ဆိုကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များ၏တွေ့ရှိချက်အရ ရူနေသင်္ကေတ ထွင်းထုမှုများကို အေဒီ (၃)ရာစုနောက်ပိုင်းတွင် တွေ့ရှိခဲ့ကြသည်ဆိုကြသည်။ ဥရောပမြောက်ပိုင်းရှိ ဂျာမန်လူမျိုးနွယ်များ ၊ အထူးသဖြင့် ဗြိတိန် ၊ စကင်ဒီနေးဗီးယား နှင့် အိုက်စလန်မှ လူများ၏အထွက်အမြတ် စာရေးနည်းစနစ်သည် ရူနေများပင် ဖြစ်ပေသည်။ 

File:CodexRunicus.jpegစကင်ဒီနေဗီးယားတွေကတော့ ဖုသရပ် (fuþark -F, U, Þ, A, R, and K ဆိုတဲ့ ပထမဆုံးစာလုံး ခြောက်လုံးမှဆင်းသက်လာ) လို့ခေါ်ဆိုကြပီး အင်္ဂလိုဆက်ဆွန်များကတော့ ဖုသိုရပ် (fuþorc - ပထမဆုံး စာလုံးခြောက်လုံးရဲ့အင်္ဂလိပ်ရှေးဟောင်းအသံထွက်မှဆင်းသက်လာ) လို့ ခေါ်ဆိုကြသည်။ ရူနေပညာရပ် (Runology - ရူနော်လော်ဂျီ) သည် ရူနေစကားလုံးများ ၊ ရူနေဖွဲ့စည်းပုံများ ၊ ရူနေကျောက်တုံးများ နှင့် ရူနေသမိုင်းကြောင်းများကို လေ့လာသော ပညာရပ်တစ်ခုဖြစ်သည်။ ရူနော်လော်ဂျီဟူသော စကားလုံးသည် ဂျာမန်မှဆင်းသက်လာခြင်းဖြစ်ပေသည်။


File:Rökstenen 1.JPG အချို့နေရာများတွင် ဒီစာရေးနည်းသည် (၁၇) ရာစုနှစ်အထိ သုံးကြသည်ဟု ဆိုကြသည်။ အထိမ်းအမှတ် ကျောက်စာများ ၊ ဓားလှံလက်နက်များ ၊ ကိရိယာတန်ဆာပလာများ ၊ အဆောက်အဦးများတွင် လက်ရေးစာ သင်္ကေတများကို တွေ့ရတတ်သည်။ ဒီရူနေများ၏ထောင့်ချွန်းသဘာဝသည် ခရစ်ယာန်အကြိုဇစ်မြစ်ကို ပြဆိုနေသည်။ ပညာရှင်များ၏ကွဲပြားခြားနားသောအမြင်များလည်း ရှိပါသည်။ ထောင့်ချွန်းလို လက်ရေးသဘာဝသည် စာရေးသားဖို့အတွက် မဟုတ်ဘဲ ထွင်းထု၍ သဘောရည်ရွယ်ချက်ရှိသည်။ ကျောက်စာများတွင် ရူနေအက္ခရာထွင်းထုထားပုံကို တွေ့ရသည်မှာ ထင်ရှားသောသင်္ကေတဖြစ်သည်။ ရူနေဆိုသော စကားလုံးသည် ရူနာ (Runaa) ဟူသော စကားလုံးရင်းမြစ်မှ လာခြင်းဖြစ်ပေသည်။ ရူနာ ၏ အဓိပ္ပာယ်မှာ တီးတိုးစကား (သို့) လျှို့ဝှက်ချက် ဖြစ်သည်။ ထို့ကြောင့် ရူနေသည် ဂမ္ဘီရသဘောများ ပါဝင်ပတ်သက်နေလေသည်။ 

File:EBay 025.jpgရူနေရဲ့အစောဆုံးဖန်တီးမှုများ သုံးစွဲမှုများသည် AD 150 ပတ်ဝန်းကျင်တွင် ပိုမိုပေါ်ထွန်းလာခဲ့သည်။ ဒီသင်္ကေတစာလုံးများကို လက်တင်စကားလုံးတွေအစား ဥရောပအလယ်ပိုင်းတွင် AD 700 နှင့် ဥရောပတောင်ပိုင်းတွင် AD 1100 အထိ သုံးစွဲခဲ့ကြသည်။ သို့သော်လည်း ဥရောပမြောက်ပိုင်းတွင်ပဲ ရူနေအကြောင်း နှင့် ရူနေကို အဓိကသုံးစွဲကြသည်။ 20 ရာစုနှစ်ရဲ့အစောပိုင်းကာလအထိတိုင်အောင် ရူနေတွေကို ဒါလာမာမြို့တွင် အဆောက်အဦးများအလှဆင်ရန်အတွက် ဆွီဒင် ရူနေစကားလုံးများ လည်းကောင်း ၊ ရူနေပြက္ခဒိန်အဖြစ်သော်လည်းကောင်း သုံးစွဲခဲ့ကြသည်။

ရူနေသင်္ကေတသည် ကွဲပြားခြားနားချက်များစွာရှိသည်။ ဂျာမန်ရှေးဟောင်းစာလုံး (၂၄)လုံး ၊ အင်္ဂလိုဆက်ဆွန်စာလုံး (၂ဂ)လုံးမှ (၃၃)လုံးတို့မှသည် နောရှစ်,ဒိန်း ၊ ဆွီဒင်စာလုံး (၁၅)လုံး ၊ (၁၆)လုံးတို့အထိ ပေါင်းစပ်ပါဝင်နေပေသည်။ ယခုထိ ရူနေစာလုံးသင်္ကေတမူကွဲပေါင်း (၄၀၀၀)ကျော်အထိ တွေ့မြင်နေရသေးသည် ထိုအထဲတွင် (၂၅၀၀)ခန့်က ဆွီဒင်ကို အခြေခံထားခြင်း ဖြစ်ပေသည်။ အခြားရူနေသင်္ကေတများကို နော်ဝေ ၊ ဒိန်းမတ် ၊ ဗြိတိန် နှင့် အိုက်စလန်တို့တွင် တွေ့ရသည်။ အချို့ကို ဗြိတိန်ကမ်းရိုးတန်း နှင့် စကင်ဒီနေးဗီးယားတွင် တွေ့ရသည်။ ပြင်သစ် ၊ ဂျာမနီ နှင့် ဆိုဗီယက်ယူနီယံတို့တွင်လည်း တွေ့နိုင်သည်။ 

ယခုအခါ ဥရောပမြောက်ပိုင်းရှိ ဂမ္ဘီရပညာရှင်အမျိုးသား  အမျိုးသမီးကြီးအချို့ကတော့ သူတို့ကိုယ်ပိုင် အစိတ်အပိုင်းဟူ၍ မှတ်ယူတန်ဖိုးထားနေကြသည်။ အထူးယုံကြည်ကိုးစားမှုလည်း ရှိကြသည်။ ရူနေများကို ဗေဒင်ဟောဆရာများသာမက ဆေးဝါးကုသရန် ၊ အဆောင်ပစ္စည်း လက်ဖွဲ့မန္တရားလုပ်ရန် ၊ ဘာသာရေးများတွင် ရွတ်ဆိုရန် စသဖြင့် အမျိုးမျိုးသုံးစွဲကြသည်။ 


Tag : rune
0 Komentar untuk "ရူနေတို့ရဲ့သမိုင်းကြောင်း (History of Rune) - (၁)"

MM-Search. Powered by Blogger.
Back To Top