.

ငါးထောင့်ကြယ်ကို အစီအရင်တွေမှာ ဘာကြောင့်သုံးတာလဲ (၁)






ငါးထောင့်ကြယ်ကို တော်တော်များများ မှော်ပညာရပ်ဝန်းများစွာတွင် တွေ့ရတတ်ပါတယ်။ ဘယ်လိုအသုံးဝင်တာလဲ။ ဘာကြောင့် ငါးထောင့်ကြယ်ကို ဆွဲ ဖယောင်းတိုင်ထွန်းတာလဲစသဖြင့် မေးခွန်းများစွာကို နည်းနည်းဖြေကြားပေးပါမယ်။
ငါးထောင့်ကြယ်ဟာ လူသားသမိုင်းမှာ စွမ်းအားကြီးသော မစခြင်းခံရသော စွဲအားကြီးသော နေရာမှာ အကြီးဆုံးသင်္ကေတအမှတ်အသားတစ်ခုပင် ဖြစ်ပါတယ်။ ဒီသင်္ကေတဟာ ရှေးဟောင်းယဉ်ကျေးမှုတိုင်းတွင် မပါမဖြစ် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာခဲ့ပါတယ်။ ရှေးဟောင်းလက်တင်နေရာများ ၊ အိန္ဒိယ ၊ တရုတ် ၊ ဂရိ ၊ အီဂျစ်စတဲ့ မှော်ပညာ ထွန်းကားခဲ့တဲ့ နေရာများတွင်လည်း ပါဝင်ခဲ့ပါတယ်။
နီယိုလတစ်(ကျောက်ခေတ်)ဂူနံရံများ ၊ ရှေးခေတ်ဘေဘီလုံပုံများတွင် ထွင်းထုရေးဆွဲထားခြင်းကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီနေရာတွေထဲမှာ နတ်ဘုရားဗီးနပ်ခရီးသွားဖို့ လမ်းကြောင်းများကို အမှတ်အသားပြုလုပ်ထားပါတယ်။ အချစ်နတ်ဘုရားမအစ်တာ(Ishtar) ရဲ့ လျှို့ဝှက်အပ်သော သင်္ကေတလည်း ဖြစ်ပါတယ်။ ဟီဘရူးသမ္မာကျမ်းစာတွေမှာတော့ ဒီငါးထောင့်ကြယ်အကြောင်းကို အလျှံပယ်ကို ရေးသားတင်ပြထားပါတယ်။ ဒါကြောင့် ဒီသင်္ကေတက ပေါသေးသေး အစွမ်းတော့ မဟုတ်ပါဘူး။ စွမ်းအားကြီးတဲ့သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။
စုန်းတစ်ယောက်အတွက်တော့ ဓာတ်ကြီးလေးပါးကို မိခင်ကမ္ဘာမြေကြီးပေါ်နေထိုင်တဲ့ လူသား အဖြစ် ရည်ညွှန်းထားတယ်။ ငါးခုပေါ့လေ။ မှော်ပညာလေ့လာရေးစာအုပ်မှာတော့ ဒီကြယ်သည် ကာကွယ်မှုအတွက် အသုံးချကြပါသည်။
ရှေးဟောင်းနယ်မြေတွေမှာ ငါးထောင့်ကြယ်ကို မက်မောစွာ သုံးစွဲကြပါတယ်။ ငါးထောင့်ကြယ် ဆွဲတဲ့ ပုံတွေကို လေ့လာကြည့်မယ်ဆိုရင် ကျောက်ခေတ်ရဲ့နံရံများတွင် အစပြုလာပြီး ယခုတိုင် သုံးစွဲလျက်ရှိနေပါသည်။ ကျောက်ခေတ်မှလူသားများဟာ ၀ိညာဉ်များ နတ်များနှင့် ရင်းနှီးစ ပြုလာသောအခါ ကောင်းကင်မှ ထောင့်ငါးထောင်ရှိသော ကြယ်များသည် နက်နဲသော အစွမ်းများရှိမည်ဟု ယုံကြည်လာကြသည်။

ယဉ်ကျေးမှုအဆင့်အတန်းများ မြင့်မားလာတဲ့အခါ ဗေဒင်နည်းအရသော်လည်းကောင်း ကိုးကွယ်မှုဆိုင်ရာအရသော်လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိလာပါတော့သည်။ ကြယ်ကို ဆူမားရီးယန်းစာများအတိုင်း ဦးတည်ချက်တူအောင် ရေးဆွဲထားပြီး မြင်နိုင်တဲ့ ဂြိုဟ်ကြီးငါးလုံးကို ညွှန်းထားသည်။ တဖြည်းဖြည်း ကြာလာတဲ့အခါ ဗီနပ်နတ်ဘုရားမ၏ အမှတ်အသားတစ်ခု အဖြစ် ပြောင်းလဲလာခဲ့သည်။

ဂရိသင်္ချာပညာရှင်လည်းဖြစ် အတွေးအခေါ်ပညာရှင်လည်းဖြစ်တဲ့ ပိုက်သာဂိုရပ်စ်ရဲ့အဆိုအရ ငါးဂဏန်းဆိုတာ လူသားကို ရည်ညွှန်းတာဖြစ်ပါသည်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုဓာတ်သဘောကို ရည်ညွန်းထားတာဖြစ်သည်။ ငါးထောင့်ကြယ်ရဲ့ အချွန်တွေက လူတစ်ယောက်မှာရှိတဲ့ ဒြပ်စင်ငါးပါးကို ဦးတည်ထားပါတယ်။ ဒြပ်စင်ငါးပါးက မီး ၊ ရေ ၊ လေ ၊ မြေကြီး ၊ စိတ် (စွမ်းအင် ၊ ရေ ၊ ၀င်သက်ထွက်သက် ၊ မြင်နိုင်တဲ့ဒြပ်ဝတ္ထု ၊ စိတ်သဘော (သို့) အရည် ၊ အငွေ့ ၊ သွေးရေကြည် ၊ ရေမြေ ၊ စိတ်ဝိညာဉ်) ဖြစ်ပါတယ်။ ပိုက်သာဂိုရပ်ယုံကြည်သူများက ငါးထောင့်ကြယ်ကို ကိုးကွယ်ရာအဖြစ် တွန်းပို့လိုက်တယ်။ ငါးထောင့်ကြယ်ရဲ့ ပိုင်ရှင်ဟာ ဂရိနတ်သမိုင်းမှာ မီး ရေ လေ မြေကြီး စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တဲ့ ဆေးနတ်ဘုရားမ ဟိုက်ဂျီရာဖြစ်တယ်လို့ လက်ခံကြပါတယ်။
ဒီရိုးရိုးရှင်းရှင်း ငါးထောင့်ကြယ်လေးဟာ ရာစုနှစ်ပေါင်းများစွာ သီအိုရီများ စွမ်းအင်များ ဂုဏ်သတ္တိများကို ဖော်ထုတ်ပေးခဲ့တဲ့အတွက် သမိုင်းဝင်ဖြစ်လျက်ရှိပါတယ်။ အဲဒါနဲ့ပဲ နောက်ပိုင်းမှာ အဂ္ဂိရတ်အတွက်သော်လည်းကောင်း မှော်ပညာအတွက်သော်လည်းကောင်း ပြုလုပ်ဆောင်ရွက် ကြပြီး ငါးထောင့်ကြယ်ဟာ နတ်ဘုရားလောကနှင့်ရော သုံးစွဲလိုက်တဲ့ မှော်ပညာအသုံးအပေါ်မှာရော မူတည်ပြီးတော့ စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တာကတော့ ငါးထောင့်ကြယ်နှင့်ရှေးဟောင်းသမိုင်း ဖြစ်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့မှာ ငါးထောင့်ကြယ်ဟာ မှော်ပညာရပ်ထဲမှာ ဘာကြောင့်ပါဝင်လာလဲ ဆိုတာကို တင်ပြပေးပါမယ်။ ကဲ အားလုံးပဲ ထက်တွေ့တာပေါ့။

မိုးကြယ်စင်
Tag : pentacle
0 Komentar untuk "ငါးထောင့်ကြယ်ကို အစီအရင်တွေမှာ ဘာကြောင့်သုံးတာလဲ (၁)"

MM-Search. Powered by Blogger.
Back To Top