.

ဘာသာတရားများနှင့်သူတို့ရဲ့အခြေခံယုံကြည်ချက်များ

 (၁) ဗုဒ္ဓဘာသာနှင့်အခြေခံယုံကြည့်ချက်


တည်တောင်သူ.............ဗုဒ္ဓမြတ်စွာဘုရား
ဖွားတော်မူသည့်နှစ်.......ခရစ်မပေါ်မီ ၆၂၄(ဘီစီ ၅၆၃ တစ်ဝါဒ)
တည်တောင်သောနှစ်...ခရစ်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တစ်ဝါဒ)
ပရိနိဗ္ဗာန်စံသည့်နှစ်.....ခရစ်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တစ်ဝါဒ)
စတင်ပေါ်ပေါက်ရာဌာန... အိန္ဒိယပြည်။
ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်... ဗုဒ္ဓမြတ်စွာဘုရား။
ပဓာနကျမ်းဂန်........................နိကာယ်ငါးရပ်၊ ပိဋ္ဋကသုံးပုံ။

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကကို ဖြစ်စေ၊ သတ္တ၀ါကိုဖြစ်စေ၊ ဖန်ဆင်းသူ တန်ခိုး ရှင်မရှိ။ ကမ္ဘာလောကရောသတ္တ၀ါများပါ
သက်ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်ပေါ်လာကြသည်။ သက်မဲ့ လောက၊ သက်ရှိလောကနှစ်ခုလုံး
အကြောင်း ကြောင့် ဖြစ်ပျက်နေကြသော ရုပ်အစဉ်၊နာမ်အစဉ်မျှ သာဖြစ်သည်။ တည်မြဲသော ပုဂ္ဂိုလ်
သတ္တ၀ါ မရှိ၊ အတ္တမရှိ။ ရုပ်နာမ်မှန်သမျှ ဖြစ်ပြီးလျှင် တစ်စက္ကန့် တောင်မှ တည်တံ့မနေဘဲ ချက်ချင်းပျက်စီး
သွားကြ ၍ မမြဲသော သဘော၊ မကောင်းသောသဘော၊ အခိုင်အမာ အနှစ် အသား မဟုတ်သော သဘောချည်းဖြစ်ကြသည်။

သတ္တ၀ါတိုင်းမိမိ အလုပ်အားလျော်စွာ အကျိုးရကြသည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရသည်။
ဆိုးတာလုပ်လျှင်ဆိုးကျိုးခံစားရသည်။ သတ္တ၀ါသည် တစ်ဘ၀တည်း ဖြစ်သည်မဟုတ်၊ ဘ၀ပေါင်းများစွာဖြစ်သည်ဆင်းရဲ ၊ဆင်းရဲ၏ အကြောင်း၊ဆင်းရဲငြိမ်းခြင်း၊ ဆင်းရဲငြိမ်းကြောင်း အကျင့်လမ်းဟု အမှန်တရားလေးပါးရှိသည်။ 

 

 (၂) ဟိန္ဒူဘာသာနှင့်အခြေခံယုံကြည့်ချက်

တည်ထောင်သူ -.... ? ......
စတင်ပေါ်ပေါက်ချိန် -ခရစ်မပေါ်မီနှစ် ၁၅၀၀ ခန့် 
စတင်ပေါ်ပေါက်ရာဋ္ဌာန - အိန္ဒိယပြည်
ဘာသာ၏ အထွဋ်အထိပ် ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး ၊ သိဝ
ပဓနကျမ်းဂန် -ဝေဒကျမ်းများ ၊ဥပနိသျှဒ်ကျမ်းများ..ရာမာယန၊ မဟာဘာရတ ၊ ဘဂ၀ဒ်ဂီတ

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကနှင့်သတ္တ၀ါများကို ဗြဟ္မာကဖန်ဆင်းသည်။ဗိဿနိုး က စောင့်ရှောက်ထိန်းသိမ်းသည်။
သိဝကဖျက်ဆီးသည်။ ဗြဟ္မာကြီး၏ကြင်ယာတော်က သူရဿတီ ၊ဗိဿနိုး၏ကြင်ယာတော်က လက္ချမီး၊
သိဝ၏ကြင်ယာတော်က ပဗ္ဗတီ အသီးသီး ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင် ။ ပရမအတ္တ သည် ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဖန်ဆင်းသည် ။
ထိုကြောင့် အတ္တသည်အရာတိုင်းတွင်ပျံ့ နှံ့ လျက် တည်ရှိ၏ ။လောကသည် အတ္တ၊လောကသည်
ဗြဟ္မာ၊သတ္တ၀ါသည်အတ္တ၊ သတ္တ၀ါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏ သင်သည်ဗြဟ္မာဖြစ်၏
ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တ၀ါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တ ဟုခွဲခြားရ၏ ။ 
(မြန်မာ လူမျိုးတို့ က အသက်၊၀ိညာဉ် ဟု ခေါ်သောအရာကို ဟိန္ဒူက ဇီဝအတ္တ ဟု ခေါ်ခြင်းပင်ဖြစ်သည်။

(၃) ခရစ်ယာန်ဘာသာနှင့်အခြေခံယုံကြည်ချက်


တည်ထောင်သူ..................ဂျူးးလူမျိုး၊ယေရှုခရစ်တော်။
မွေးဖွားသည့်နှစ်................ဘီစီ ၄ ခန့် ။
တည်ထောင်သည့်နှစ်........သက်တော် ၃၀ (အေဒီ ၂၇ ခန့် )။
ကွယ်လွန်သည့်နှစ်...........သက်တော် ၃၃ (အေဒီ ၃၀ခန့် )။
စတင်ပေါ်ပေါက်ရာဌာန......ပါလက်စတိုင်းပြည်။
ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ်..ထာဝရဘုရားသခင်။
ပဓာနကျမ်းဂန်................သမ္မာကျမ်းစာ (ဓမ္မဟောင်း နှင့်ဓမ္မသစ်)။

အခြေခံယုံကြည့်ချက်များ

ကမ္ဘာလောကကြီး နှင့်တကွ သတ္တ၀ါများကို ထာဝရဘုရားသခင်က ဖန်ဆင်းသည်။ထာဝရဘုရားသခင်
သည် တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ခမည်းတော်ဘုရား၊သားတော် ယေရှုခရစ် ဘုရားအပြင်
သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား၊ ရှိသည်ဟု ယုံကြည်ကြသည်။ 
ခမည်းတော်၊သားတော်နှင့် သန့် ရှင်းသော ၀ိညာဉ်တော် သုံးပါးစလုံးသည် တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်သည်ဟုခံယူကြသည်။


ခရစ်တော်သည် လက်ဝါးကပ်တိုင် ၌ အသေသတ်ခြင်းကိုခံတော်မူပြီးနောက် ၃ရက်မြောက်သောနေ့ ၌
ရှင်ပြန်ထမြောက်တော်မူသည်။ကောင်းမှုမှန်သမျှ လိုက်လံ နှောက်ယှက်သော စေတန်မာရ်နတ်ရှိသည်။ တရားဆုံးဖြတ်သောနေ့ တွင် ဘုရားသခင်က အပြစ်ရှိသူများကို ငရဲခံစေပြီးလျှင် အပြစ်ကင်းသူများကို ကောင်းကင်ဘုံ ချမ်းသာသို့ ဝင်စားစေမည်ဟု ယုံကြည်ကြသည်။

 

 (၄) အစ္စလာမ်ဘာသာနှင့်အခြေခံယုံကြည်ချက်များ


တည်ထောင်သူ..........................အာရပ်လူမျိုး၊မိုဟာမက်။
မွေးဖွားသည့်နှစ်........................ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။
တည်ထောင်သည့်နှစ်.................ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။
မဒီနာသို့ ထွက်ခွာသည့်နှစ်..........ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။
ကွယ်လွန်သည့်နှစ်..................ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။
စတင်ပေါ်ပေါက်ရာဌာန............အာရေဗျနိုင်ငံ၊ မက္ကာမြို့ ။
ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ်..အလ္လာဟ်ဘုရားသခင်။
ပဓာနကျမ်းဂန်.....................ကိုရန်ကျမ်းမြတ်။

အခြေခံယုံကြည့်ချက်များ

အစ္စလာမ် သည် အာရဗီ ဘာသာစကား ဖြစ်၏။ နာခံခြင်း ဟုအဓိပ္ပါယ်ရ၏။ အလ္လာဟ် ဘုရားသခင်၏
အမိန့် တော်ကိုနာခံခြင်းကိုပင် အစ္စလာမ် ဟုခေါ်ခြင်းဖြစ်သည်။ အလ္လာဟ် 
ဘုရားသခင်၏ အမိန့် တော်ကိုနာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော
မူဆလင် များဖြစ်ကြသည်။ သာသာကိုအစ္စလာမ်ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟုခေါ်ခြင်းဖြစ်သည်။ မိုဟာမက်တည်ထောင်သောဘာသာဖြစ်၍ မဟာမေဒင်ဘာသာဟုလည်းခေါ်ကြသည်။

ကမ္ဘာကြီး နှင့် သတ္တ၀ါတွေကို အလ္လာဟ်အရှင်မြတ် ကဖန်ဆင်းသည်။
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာ၏ပထမဆုံး လူသားအဖြစ် အာဒမ်(Adam) အမျိုးသား နှင့် ဧ၀(Eve) အမျိုးသမီးတို့ ကိုဖန်ဆင်းသည်။
သူတို့  နှစ်ယောက်မှ လူသားတွေ ဆက်ကာဆက်ကာ ပေါက်ဖွားလာကြ၏။(ခရစ်ယာန်ဘာသာကလည်း
အာဒမ် နှင့် ဧ၀ကို ပထမဆုံး လူသား အဖြစ် ထာဝရ ဘုရားသခင်(God) ကဖန်ဆင်းသည်ဟုယူဆသည်။


အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံကြည်ရမည့်အချက်ကြီးများမှာ---
၁။ကမ္ဘာကိုဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကိုယုံကြည်ရမည်။
၂။ အလ္လာဟ် ၏ အမိန့် အတိုင်း ဆောင်ရွက်ရသောကောင်းကင်တမန်များကိုယုံကြည်ရမည်။
၃။တမန်တော်ကြီး၊ တမန်တော်ကလေးများကို ယုံကြည်ရမည်။ တမန်တော်ကြီးများမှာ
အာဒမ်၊ နောဧ၊ အေဗရာဟင်၊မိုးဇက်၊ ယေရှုတို့ ဖြစ်ကြသည်။  
မိုဟာမက်မှာ အကြီးမြတ်ဆုံး တမန်တော်ဖြစ်သည်။
၎။ တရားဆုံးဖြတ်မည့်နေ့ ကို ယုံကြည်ရမည်။ တရားဆုံဖြတ်မည့်နေ့ တွင် လူတွေအားလုံးသေရာမှ
ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးအဖြတ် ခံရမည်။
(ခရစ်ယာန်ဘာသာကလည်း ထာဝရဘုရားသခင်က တရားဆုံးဖြတ်လိမ့်မည်ဟု ယူဆသည်။)
၅။တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏အလိုတော်အတိုင်းသာဖြစ်ပျက်နေခြင်း
ဖြစ်သည်။
ယင်းတို့ မှာ---
(က) အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင်ဖြစ်သည်။ 
မိုဟာမက်သည် အကြီးမြတ်ဆုံးသောတမန်တော်ဖြစ်သည်။
(ခ) တစ်နေ့ လျှင် (၅)ကြိမ် ဘုရားဝတ်ပြုရမည်။
(ဂ)ဆင်းရဲသားများအားချွေးမခြောက်ခင် လုပ်ခပေး၍ ကျွေးမွေးပေးကမ်းရမည်။
(ဃ) ရမ်မဇမ်လ၌ ဥပုသ်စောင့်ရမည်။
(င)ငွေကြေးတတ်နိုင်သူများ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ သို့ ဘုရားဖူးသွားရမည်။
(ဟာ့ဂ်ျ သွားသည်ဟုခေါ်ကြသည်။)
အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တစ်ခုမှာ ရုပ်ထုကို ရှိမခိုးရ။မကိုးကွယ်ရ ဟူ၍
ဖြစ်သည်။

 

(၅) ဇိုရိုအက်စတားဘာသာနှင့်အခြေခံယုံကြည်ချက်


တည်ထောင်သူ---------- ပါးရှင်းလူမျိုး၊ ဇိုရိုအက်စတား(ဇရတုတ္တရ) ။
မွေးဖွားသည့်နှစ်----------ခရစ်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈) ။
တည်ထောင်သည့်နှစ် ---ခရစ်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈)။
ကွယ်လွန်သည့်နှစ်----- ခရစ်မပေါ်မီ ၅၄၁ ခုနှစ်(ဘီစီ ၅၄၁)။
စတင်ပေါ်ပေါက်သည့်ဌာန--ပါးရှားနိုင်ငံ (အီရန်နိုင်ငံ)
ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်-- အဟုရ မဇဒါ ဘုရား
ပဓာနကျမ်းဂန်--------------အဗက်စတာကျမ်း(အဝေတ္တကျမ်း)။


အခြေခံယုံကြည်ချက်များ

လောကကြီးနှင့်သတ္တ၀ါများကို အဟုရမဇဒါဘုရား  သခင် ကဖန်ဆင်းသည်။ ထိုဘုရား သခင်ကို
ပညာတော်ရှင်ဘုရားသခင် ဟုခေါ်သည်။ သို့ သော် သူသည် အကောင် အထည်အနေ ဖြင့် ထင်ရှား
မရှိပေ။ သို့ ဖြစ်၍ သူ့ ကို မြင်လို့ မရ၊ ကြားလို့ မရ၊ထိတွေ့ စမ်းသပ်လို့ မရပေ။ သူ၏ ကောင်းသော
အလုပ်တွေကိုကြည့်ခြင်းဖြင့်သာသူ့ ကိုသိနိုင်သည်။

အဟုရမဇဒါဘုရား သည် ကောင်းသော အပြစ်ကင်းသောအရာများကိုသာဖန်ဆင်းသည်။မကောင်းသော
အပြစ်မကင်းသောအရာများကိုမူ အင်္ဂရမညုဘုရား ကဖန်ဆင်းသည်။
ထို့ ကြောင့်ဇိုရိုအက်စတား ဘာသာ၌ ဖန်ဆင်းရှင်ဘုရား နစ်ဆူရှိသည်။
သို့ သော်လည်း အဟုရမဇဒါဘုရား တစ်ဆူတည်းကိုသာ ကိုးကွယ်
ရမည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် အပြစ်မကင်းသောအမှု သုစရိုက်တရားတွေက 
အပြစ်မကင်းသော အမှု ဒုစရိုက်တရားတွေကိုလွှမ်းမိုး နိုင်နင်းသွားမည် ဖြစ်သောကြောင့်ပင်။

ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ခရစ်ယာန် ဘာသာများလိုပင် ဇိုရိုအက်စတား ဘာသာသည် ဖန်ဆင်းရှင်ကိုယုံကြည့်သည်။ ဖန်ဆင်းရှင်က တစ်နေ့ နေ့ တွင် သတ္တ၀ါတွေကိုတရား
ဆုံးဖြတ်ပေးလိမ့်မည်ဟု တရားဆုံးဖြတ် ပေးမည့်နေ့ ကိုယုံကြည်သည်။

 

(၆) ဂျူးးဘာသာနှင့်အခြေခံယုံကြည်ချက်


တည်ထောင်သူ...............ဂျူးးလူမျိုး ၊ မိုးဇက်(မောရှေ)။

တည်တောင်သည့်နှစ်.........ခရစ်မပေါ်မီ ၁၂၃၀ ခုနှစ်(ဘီစီ ၁၂၃၀)။

စတင်ပေါ်ပေါက်ရာဌာန......ပါလက်စတိုင်း(အစ္စရေး)ပြည်။

ဘာသာရေးအထွတ်အထိပ်ပုဂ္ဂိုလ်...ဂျေဟိုဗ ဘုရားသခင်။

ပဓာနကျမ်းဂန်....................သမ္မာကျမ်းစာ(ဓမ္မဟောင်းကျမ်း)။

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကကြီးနှင့်တကွ သတ္တ၀ါ များကို ဂျေဟိုဗ(ယေဝေါဟာ) ဘုရားသခင်က ဖန်ဆင်းသည်။
ဂျေဟိုဗ ဘုရားသခင်သည် လောကတွင် တစ်ဆူတည်းသောဘုရားဖြစ်သည်။ ဂျေဟိုဗ ဘုရားသခင်မှ
တပါး အခြားဘုရားကို မကိုးကွယ်ရ။ ရုပ်တုကိုမကိုးကွယ်ရ။ ဂျေဟိုဗ ဘုရားသည် သူမုန်းသော သူများ
ကို သူတို့ ၏ အမျိုးလေးဆက်တိုင်အောင်အပြစ်ဒဏ်ပေး၏။ သူ့ ကိုချစ်၍ သူ့ တရား အတိုင်း လိုက်နာသူများကို အမျိုးဆက် ထောင်သောင်းတိုင်အောင် ကောင်းကျိုးပြု၍ ကရုဏာကိုပြတော်မူ၏
ရဟူဒီ ခေါ်သော ဂျူးးလူမျိုးများသည် ဘုရားသခင်၏ လူများဖြစ်ကြ၏။ သူတို့ ကိုသာ ဘုရားသခင် စောင်
မတော်မူ၏။ ဂျူးး သွားရာ၌ ဂျေဟိုဗ ဘုရားရှိ၏။


တစ်နေ့ နေ့ တွင် ဂျူးးတို့ ကို ကယ်တင်မည့် ကယ်တင်ရှင်လာမည် ဖြစ်၏ ကယ်တင်ရှင်လာသောနေ့ တွင် ဘုရားသခင်က တရားဆုံးဖြတ်လိမ့်မည်။ ဂျေဟိုဗ ဘုရားသခင်သည် လူနှင့် လူ၏သားမြေးများ၊ 
တိရစ္ဆာန်များကို ဖန်ဆင်းသော်လည်း လူတို့ စိတ်၌ ဆိုးညစ်သော စိတ်နေ စိတ်ထားတွေသာ များသော
ကြောင့် နောင်တ ပူပန်ရတော်မူလှသဖြင့် တစ်နေ့ နေ့ တွင်သူတို့ ကို မြေမျက်နှာပြင်မှ သုတ်သင် ရှင်းလင်းပစ်လိမ့်မည်။
 မိုးကြယ်စင် ရှာဖွေတင်ဆက်သည်..။
(စာမှားပါ ပါပါကလည်း ခွင့်လွှတ်ပေးကြပါ)

Tag : religion
0 Komentar untuk "ဘာသာတရားများနှင့်သူတို့ရဲ့အခြေခံယုံကြည်ချက်များ"

MM-Search. Powered by Blogger.
Back To Top