.

အပွင့်အလန်းနှင့် ဘေးကင်းရန်အဆောင်အစီအရင်


အစီအရင်ကိုတန်းခိုးကြီးဘုရားတစ်ဆူတွင် ကန်တော့ပွဲပြင် ။ ဆွမ်း၊ရေချမ်း၊အမွေးနံသာတို့ ဖြင့်ပူဇော် ၈ပါးသီလဆောက်တည် ပြီးစီရင်ရမည်။ ရွှေ၊ငွေ၊ကြေးပြားတို့ တွင်အထက်ပါ စမဂါထာအစီအရင်ကိုရေးသွင်ရမည်။ ဂါထာမှာ (တာဏာလေဏာစပါဏိဏံ)ဖြစ်သည်။ ၎င်းစမအတွင်း စမထပ်မံသွင်းရမယ် ။ သွပ်သွင်းရေးရမည့်စမမှာ 

( တာ စမတွင် က) (ဏာ စမတွင် ဃ) (လေ စမတွင် ဏ) (ဏ စမတွင် ဠ) ( စ စမတွင် ဒိ) 
(ပါ စမတွင် ယ) (ဏိ စမတွင် လေ) (ဏံ စမတွင် ယ) 
စသဖြင့် အက္ခရာတခုစီအတွင်ရေးသားပါ ။(ပြထားသော ပုံတွင်ကြည့်ပါ ) 

နပင်းပိတ်လက်ဖွဲ့ လိပ်၍ဆောင်ပါ (ကြိုးလျှိုရန်အပေါက်မထားပဲအလုံပိတ်လိပ်ခြင်းကိုဆိုသည်)။
အစီအရင် အစုတ်ဂါထားမှာ ( ဥုံသွာသုဥ) ၁ထောင် နှင့် ဂုဏ်တော်၉ပါး ၁ထောင်စီစုတ်ရပါမည်။


အဆောင်၏ အကျိုးကျေးဇူး

 
မင်းအိမ်တက်လျှင် ငါမင်းသားကြီးဟု ဆို၍တက်။ အထက်အရာရှိ အိမ်သွားလျှင် ငါ့ကျွန်ဆို၍သွား။ မိမိနှစ်သက်သော မိန်းမထံသွားလျှင် ဣတ္တိယမိန်းမထံသွားသော် ငါ့ရည်းစားဟုဆို၍သွား။

ကျောင်းသို့ သွားလျှင် ငါဆရာဟုဆို၍သွား။ ကုန်ရောင်းကုန်ဝယ် သွားသော်
စီပွားလုပ်ငန်း ကိစ္စများသွားရသော် ငါသူဌေးသူကြွယ်ဟုဆို၍သွား ။တောတောင်ထဲသွားလျှင် ငါင်္ခြသေ့မင်းဆို၍သွား ။ရေလမ်းသွားသော် ငါမိကျောင်းမင်းဆို၍သွား ။ဘေးရန်ကင်း၍ မျက်နှာပွင့်လန်း ပြောဆိုသမျှအောင်မြင်မည် ။ လက်ဖွဲ့ ကိုမသန့် သောနေရာတွင်မထားနှင့်။
Tag : Myanmar, myimm
0 Komentar untuk "အပွင့်အလန်းနှင့် ဘေးကင်းရန်အဆောင်အစီအရင်"

MM-Search. Powered by Blogger.
Back To Top