.

အချိန် နှင့် မင်္ဂလာဖောင်တိန်

 
အချိန်ကို နှေးစေခြင်း

မင်္ဂလာဖောင်တိန် အပြာရောင်ကို အသုံးပြု၍ သင်၏ ညာဘက်လက်တွင် ကြယ်ပွင့်ပုံကို ဆွဲပါ။

(ကြယ်ပွင့်ပုံထည့်ရန်)

မျက်စိမှိတ်ပါ။ သဲနာရီ တစ်ခုမှ သဲပွင့်များ ဖြေးညှင်းစွာ ကျဆင်းနေသည်ဟု မြင်ယောင်ပါ။ ကြယ်ပွင့်ပုံ ဆွဲထားသော ညာလက်ကို သင်၏ နဖူး တတိယမျက်လုံးနေရာတွင် ထိကပ်ပါ။ ဤ ဂါထာကို ရွတ်ဆိုပါ။

CORE GO ROUND
POWER BE BOUND
INTERUPT THE NATURE'S COURSE
TIME SLOW DOWN
CAST THIS SPELL SAYETH THESE WORDS

ရသွားပြီ။ ဒါဆို အချိန်တွေဟာ နှေးနှေးပဲ ကုန်ဆုံးလိမ့်မယ်။ တကယ့်ကို အလုပ်ဖြစ်ပါတယ်။ လက်တွေ့ပါ။ ဒီအစီအရင်လေး ရဲ့အစွမ်းက လက်ဝါးပေါ်မှာ ကြယ်ပွင့်လေးရှိနေသမျှ ကာလအတွင်းပဲ အစွမ်းရှိမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကြာကြာ စွမ်းနေစေချင်ရင် သုံးတဲ့ မင်္ဂလာ ဘောပင်က မင်စွဲစေဖို့ လိုတယ်။ ကျွန်တော်ကတော့ မင်္ဂလာဘောပင် အဖြစ် Marker Pen ကို သုံးထားတယ်။ ချွေးစိုနေတဲ့လက်ဝါးမှာ မရေးသင့်ဘူး။ လွယ်လွယ်နဲ့ ပျက်သွားနိုင်လို့။ အကယ်၍ လက်ဝါးပေါ်မှာ ကြယ်ပွင့်လေး စွဲနေသေးတယ် ဆိုရင်လည်း ဒီအစီအရင်ရဲ့ အစွမ်းက ၂၄ နာရီ တိတိ ခံတယ်။ အကယ်၍ ဒီအစီအရင်လေးကို မလိုတော့ဘူး အချိန်ကို ပုံမှန်အတိုင်းပဲ ဆက်လက် ကုန်ဆုံးစေလိုတယ် ဆိုရင်တော့ လက်ဝါးပေါ်က ကြယ်ပွင့်လေးကို ဖျက်လိုက်ရုံပဲ။

သြော်.. ပြောဖို့ ကျန်သေးတယ်။ ဒီအစီအရင်လေး လုပ်ရင် ကိုယ်တစ်ယောက်ထဲ အတွက်သာ မဟုတ်ဘူး။ ကိုယ်နဲ့ ပတ်သက် ဆက်နွယ်သမျှ လူတွေကိုပါ အကျိုးသက်ရောက်မှု ရှိတယ်။ ကို့ အနီးနားက လူတွေပါ ဒီ အစီအရင်ကို တူတူ လုပ်ထားကြမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။


အချိန်ကို မြန်စေတဲ့ အစီအရင်

ဘယ်ဘက်လက် (လက်ဝဲလက်) လက်ဖ၀ါးပေါ်မှာ မင်္ဂလာဖောင်တိန်အနီရောင်နဲ့ ကြယ်ပွင့်ပုံလေး ဆွဲလိုက်ပါ။

အရင်တစ်ခေါက် ပြောခဲ့သလိုပဲ အဲဒီလက်ကို နဖူး တတိယမျက်လုံးနေရာမှာ တင်ပြီး မျက်စိမှိတ် သဲနာရီ တစ်ခုကနေ သဲပွင့်လေးတွေ မြန်မြန် မြန်မြန် ကျဆင်းနေတယ်လို့ စိတ်ကူးပါ။ ပြီးရင် ဒီဂါထာကို ရွတ်ပါ။

SANDS OF TIME SHOW ME THY WAY
TURN THE NIGHTS INTO DAYS
ROSE PETALS SO LIGHT AND GRACE
SPEED UP TIME NOW, IN THIS PLACE

ဒီအစီအရင်လေး ရဲ့အစွမ်းက လက်ဝါးပေါ်မှာ ကြယ်ပွင့်လေးရှိနေသမျှ ကာလအတွင်းပဲ အစွမ်းရှိမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကြာကြာ စွမ်းနေစေချင်ရင် သုံးတဲ့ မင်္ဂလာ ဘောပင်က မင်စွဲစေဖို့ လိုတယ်။ ကျွန်တော်ကတော့ မင်္ဂလာဘောပင် အဖြစ် Marker Pen ကို သုံးထားတယ်။ ချွေးစိုနေတဲ့လက်ဝါးမှာ မရေးသင့်ဘူး။ လွယ်လွယ်နဲ့ ပျက်သွားနိုင်လို့။ အကယ်၍ လက်ဝါးပေါ်မှာ ကြယ်ပွင့်လေး စွဲနေသေးတယ် ဆိုရင်လည်း ဒီအစီအရင်ရဲ့ အစွမ်းက ၂၄ နာရီ တိတိ ခံတယ်။ အကယ်၍ ဒီအစီအရင်လေးကို မလိုတော့ဘူး အချိန်ကို ပုံမှန်အတိုင်းပဲ ဆက်လက် ကုန်ဆုံးစေလိုတယ် ဆိုရင်တော့ လက်ဝါးပေါ်က ကြယ်ပွင့်လေးကို ဖျက်လိုက်ရုံပဲ။
Tag : spell, worldcraft
0 Komentar untuk "အချိန် နှင့် မင်္ဂလာဖောင်တိန်"

MM-Search. Powered by Blogger.
Back To Top