.

ဘုန်းပန်းဝေဆာ အာဏာတည် ဂါထာတော်ကြီး

အခါတစ်ပါး ဘ၀ရှင် မင်းတရားကြီးသည် ပြည်မြို့သို့  ချီတက် လုပ်ကြံတော်မူရာ .... လပေါင်းများစွာ  ကြာမြင့်သော်လည်း မအောင်နိုင်သောကြောင့် ဗားမဲ့ဆရာတော်မှ ဂါထာတစ်ပုဒ်ကို အစားအသောက် တစ်ခုခုကို (၇) အုပ်မန်း၍ (၇) ကြိမ်စေ့အောင် သုံးဆောင်တော်မူ၍ ဆန္ဒရှိသည့် အတိုင်း အမိန့်တော်ပြန်လေဟု မှာရာ မကြာမီ ပြည်မြို့ကို အောင်တော်မူ၏။

ပုလိပ်တော်ရကျောင်းနေ ဘုန်းတော်ကြီးတစ်ပါး ဤဂါထာကို နေ့ဆွမ်းစားကာနီး သရဇ္ဈယ်သောကြောင့် ညည့်အခါ နတ်သမီးတစ်ပါး ကိုယ်တိုင်လာ၍ အရှင်ဘုရား နေ့စဉ်သရဇ္ဈယ်သော ဂါထာတော်မြတ်အတွက် သက်တော် ရာကျော် ရှည်လျားလျှက် ထင်ရှားသော ဆရာတော် တစ်ပါး ဖြစ်ပါလိမ့်မည်ဟု လျှောက်ထား၏။ နောင် မင်းတုန်းဘုရင် မင်းမြတ် အိပ်မက်မက်သောကြောင့်  ပင့်ဖိတ် ကိုးကွယ်တော်မူသောကြောင့် ကျော်စော ထင်ရှားသော ဆရာတော်တစ်ပါး ဖြစ်လာလေ၏။


မှတ်ချက် - လွန်စွာ အစွမ်းထက်သော ဂါထာတော် ဖြစ်သောကြောင့် ကျွန်ုပ်၏ မိတ်ဆွေများ ညာဏ်ရှိသလို အသုံးပြုကြပါကုန်...။
Tag : Myanmar, myths, spell
0 Komentar untuk "ဘုန်းပန်းဝေဆာ အာဏာတည် ဂါထာတော်ကြီး "

MM-Search. Powered by Blogger.
Back To Top