.

Star Gate ကဒ်ဗေဒင်


တားရော့၊ လီနော်မန် တို့လိုပဲ ကံကြမ္မာဖတ်ရာမှာ အသုံးချလို့ရတဲ့ ကတ်တွေပါ။ အားလုံးကတ်ပြား စုစုပေါင်း ၉၆ ခု ပါပါတယ်။ STAR+GATE ဆိုတာဟာ ကစာနည်း၊ ကိရိယာ၊ စနစ်၊ လမ်းစဉ်၊ အတွေ့အကြုံ ကြိုက်သလို ခေါ်လို့ရပါတယ်။ အကုန်လုံးဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ STAR+GATE ကို စကားလုံး တစ်လုံးတည်းနဲ့ တိတိကျကျ ဖော်ပြလို့မရလို့ပါပဲ။

အတိုချုံးပြောရရင် STAR+GATE ဆိုတာဟာ Symbolic Cards ဆိုတဲ့ အထူးသင်္ကေတတွေ ရိုက်ထားတဲ့ ကတ်တွေကို ဆွဲထုတ်ပြီး အဖြေရှာသုံးသပ်တဲ့နည်းပါပဲ။ တဆင့်ချင်း အဖြေထုတ်သွားမယ်ဆိုရင် STAR+GATE ကို သင့်ရဲ့ နေ့စဉ်ဘဝမှာ တကယ့်အရေးကိစ္စတွေကို ရှင်းလင်းအဖြေရှာတဲ့နေရာမှာ အသုံးချနိုင်ပါလိမ့်မယ်။


Star+Gate ကို ၀ယ်လိုက်တဲ့အခါ ဗူးထဲမှာ အညွှန်းစာအုပ်တစ်အုပ်ပါပါတယ်။ ပြီးတော့ ကတ်တွေဖြန့်ခင်းဖို့ Game board လိုမျိုး တစ်ခုပါပါတယ်။ ပြီးတော့ Circle Pattern Chart ဆိုတဲ့ စက်ဝိုင်း ကားချပ်ကြီး တစ်ခု ပါပါတယ်။ ကတ်တွေရဲ့ အနှစ်ချုပ် ဇယားလို့ ဆိုရမယ့် အဲဒီမှာ ကတ်တွေကို စက်ဝိုင်းပုံသဏ္ဍာန် စီစဉ် နေရာချထားပြီး ဆက်သွယ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။



ကတ်ပြားအားလုံး စုစုပေါင်း ၉၆ ချပ်ရှိပါတယ်။ ကတ်တွေမှာ ကျောဘက် မရှိပါဘူး။ ကတ်တွေရဲ့ ရှေ့ဘက်မှာ သက်ဆိုင်ရာ ရုပ်ပုံကို ဆွဲထားပြီး ကျောဘက်မှာတော့ အမျိုးအစားနဲ့ ကတ်ကို ကိုယ်စားပြုတဲ့ အဓိက စကားလုံး Key word ကိုရေးထားပါတယ်။



၉၆ ချပ်ရှိတဲ့ ကတ်တွေကို အမျိုးအစား ၇ မျိုး ခွဲထားပါတယ်။ အမျိုစားတစ်ခုစီကို သင်္ကေတ တစ်ခုနဲ့ ကိုယ်စားပြုပါတယ်။



ပထမဆုံး သင်္ကေတကတ်တွေကို Energies နဲ့ ဆိုင်တဲ့ The Star Cards တွေလို့ ခေါ်ပါတယ်။ A ကနေ L ထိ နံပါတ်စဉ် တပ်ထားတဲ့ ကတ်ပြား ၁၂ ချပ်ဖြစ်ပါတယ်။ ဒါဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်တဲ့ ခံစားချက်တွေ၊ မုဒ်တွေလို့ ဖော်ပြနိုင်ပါမယ်လို့ ဆိုပါတယ်။ Star Cards တွေကတော့...

A. Star of Impulse (တွန်းအား ကြယ်)
B. Star of Reaching (ရောက်ရှိခြင်း ကြယ်)
C. Star of Change (ပြောင်းလဲခြင်း ကြယ်)
D. Start of Inwardness (အဇ္ဈတ္တ ကြယ်)
E. Star of Laugh (ရယ်မောခြင်း ကြယ်)
F. Star of Bowing (ဦးညွတ်ခြင်း ကြယ်)
G. Star of Indecision (မပြတ်သားခြင်း ကြယ်)
H. Star of Hope (မျှော်လင့်ချက် ကြယ်)
I. Star of Austerity (ချိုးခြံချွေတာခြင်း ကြယ်)
J. Star of Independence (လွတ်လပ်ခြင်း ကြယ်)
K. Star of Aspiration (ယုံကြည်ချက် ကြယ်)
L. Star of Patience (စိတ်ရှည်မှု ကြယ်)




ဒုတိယ သင်္ကေတကတ်တွေကိုတော့ Conditions နဲ့ ဆိုင်တဲ့ The State Cards တွေလို့ ဆိုပါတယ်။ 1 ကနေ 12 အထိ အမှတ်စဉ်တပ်ထားတဲ့ ကတ်ပြား ၁၂ ချပ်ဖြစ်ပါတယ်။ ဒီကတ်တွေဟာ ကျွန်ုပ်တို့ရဲ့ ပြင်ပ အခြေအနေ၊ အနေအထား၊ ပတ်ဝန်းကျင် စတာတွေကို ဖော်ပြတဲ့ ကတ်တွေ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေမှာ အားနည်းချက် အားသာချက်တွေလည်း ပါဝင်နေပါတယ်။ State ကတ်ပြားတွေကတော့...

1. Sand (သဲပြင်)
2. Lighting (လျှပ်စီး)
3. Rain (မိုးစက်)
4. Mud (ရွှံ့ပြင်)
5. Fire (မီးတောက်)
6. Water (ရေပြင်)
7. Earth (ပထဝီမြေကြီး)
8. Thunder (မိုးကြိုး)
9. Snow (ဆီးနှင်း)
10. Fog (မြူနှင်း)
11. Air (လေထု)
12. Pool (ရေအိုင်)



တတိယ သင်္ကေတကို ကိုယ်စားပြုတဲ့ ကတ်တွေကိုတော့ Self-expressions နဲ့ ဆိုင်တဲ့ The Star-Cross Cards တွေလို့ ဆိုပါတယ်။ အမှတ်စဉ် 13 ကနေ 36 အထိ ဖြစ်တဲ့ ကတ် ၂၄ ချပ်ဖြစ်ပါတယ်။ ဒီကတ်တွေဟာ ကမ္ဘာကြီးမှာ ကျွန်ုပ်တို့ ဘယ်လိုမျိုး ဖွင့်ဟ ဖော်ထုတ်ပြီး နေထိုင်တယ် ဆိုတဲ့ စရိုက်သဘာဝကို ထင်ဟပ်ပါတယ်လို့ ဆိုပါတယ်။ Star-Cross ကတ်တွေကတော့...

13. Magician (မှော်ဆရာ)
14. Lover (ချစ်သူများ)
15. Child (ကလေးငယ်)
16. Egg (ကြက်ဥ)
17. Moon (လမင်းစန္ဒာ)
18. Jester (လူရွှင်တော်)
19. Maiden (မိန်းမငယ်)
20. Butterfly (လိပ်ပြာ)
21. Knight (မြင်းစီးစစ်သည်)
22. Swan (ဘဲငန်း)
23. Sun (ရှင်နေမင်း)
24. Monk (ဘုန်းတော်ကြီး)
25. Wanderer (ခြေသလုံးအိမ်တိုင်)
26. Tree (သစ်ပင်)
27. Chest (သေတ္တာ)
28. Glass (မှန်ပြင်)
29. Duck (ရေဘဲ)
30. Leaf (သစ်ရွက်)
31. Bell (ခေါင်းလောင်း)
32. Knife (သားလှီးဓား)
33. Ladder (လှေကား)
34. Window (ပြုတင်းပေါက်)
35. Fountain (ရေပန်း)
36. Candle (ဖယောင်းတိုင်)



စတုတ္ထ သင်္ကေတကို ကိုယ်စားပြုတာက Talents နဲ့ ပတ်သက်တဲ့ The Gift Cards တွေပဲ ဖြစ်ပါတယ်။ အမှတ်စဉ် 37 ကနေ 48 အထိတပ်ထားတဲ့ အဲဒီ ကတ် ၁၂ ချပ်က ကျွန်ုပ်တို့ရဲ့ သိစိတ်အနှစ်သာရကို ဖော်ညွှန်းပါတယ်။ သဘာဝကနေ ယူဆောင်လာတဲ့ ပါရမီ၊ အထုံ၊ တတ်ကျွမ်းမှု စတာတွေကို ကိုယ်စားပြုလို့ နေပါတယ်။ Gift ကတ်တွေကတော့...

37. Root (သစ်မြစ်)
38. Eye (မျက်လုံး)
39. Tunnel (ဥမင်လှိုင်)
40. Harp (စောင်း)
41. Circle (စက်ဝိုင်းပုံ)
42. Chair (ကုလားထိုင်)
43. Letter (စာအိတ်)
44. Wheel (ဘီး)
45. Wing (အတောင်ပံ)
46. Tongue (လျှာ)
47. Morning (နံနက်ခင်း)
48. Rope (ကြိုးခွေ)



ပဉ္စမသင်္ကေတ ကတ်တွေက Challenges နဲ့ ပတ်သက်တဲ့ The Key Cards တွေပါ။ အမှတ်စဉ် 49 ကနေ 60 အထိ စုစုပေါင်း ကတ်ပြား ၁၂ ချပ် ဖြစ်ပါတယ်။ ဒီကတ်တွေဟာ ကျွန်ုပ်တို့ရဲ့ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဖြစ်တည်တည်ရှိမှုတွေ၊ ဘဝအပေါ် အမြင်တွေ၊ လက်ရှိ ဘဝကို သဘောပေါက် နားလည်ခြင်းတွေနဲ့ သက်ဆိုင်လို့ နေပါတယ်။ Key ကတ်ပြားတွေကတော့...

49. Cup (ရေခွက်)
50. Rose (နှင်းဆီပန်း)
51. Powder (မြေမှုန်)
52. Serpent (မြွေ)
53. Chain (သံကြိုးဆက်)
54. Robe (ခြုံထည်)
55. Gate (ဝင်ပေါက်)
56. Wind (တိုက်လေ)
57. Mask (မျက်နှာဖုံးစွပ်)
58. Block (အတုံးအခဲ)
59. Wand (မှော်တုတ်)
60. Ring (ကွင်းဝိုင်း)



ဆဌမ ကတ်တွေကတော့ Attitudes ကို ပြဆိုတဲ့ The Gate Cards တွေပဲ ဖြစ်ပါတယ်။ အမှတ်စဉ် 61 ကနေ 72 အထိ တပ်ထားတဲ့ ကတ်ပြား ၁၂ ချပ်ဖြစ်ပါတယ်။ ဒီကတ်တွေဟာ ကျွန်ုပ်တို့ရဲ့ စိတ်အလွှာအမျိုးမျိုးကို ဖော်ညွှန်းနေတာ ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ စွမ်းအင်တွေကို အတွင်းအဇ္ဈထိအောင် ဘယ်လို ထိမ်းကြောင်းတယ်ဆိုတာကို ပြဆိုပါတယ်။ Gate ဆိုတဲ့ ဝင်းတံခါးတွေဟာ အတွင်းအပြင် နှစ်ဘက်စလုံးကို လွှဲရမ်းတာမျိုး ရှိတာကြောင့် ဒီကတ်တွေကို အဓိပ္ပာယ်ဖွင့်တဲ့အခါ Key word ၂ ခုနဲ့ ဖွင့်ဆိုသင့်ပါတယ် လို့ ဆိုပါတယ်။ Gate ကတ်ပြားတွေကတော့...

61. Tower (မျှော်စင်)
62. Glove (လက်အိပ်)
63. Ice (ရေခဲ)
64. Stone (ကျောက်ခဲ)
65. Hole (တွင်းပေါက်)
66. Sword (ဓားရှည်)
67. Token (လက်ဆောင်ပဏ္ဏာ)
68. Handle (တံခါးလက်ကိုင်)
69. Rod (တုတ်ချောင်း)
70. Cherry (ချယ်ရီသီး)
71. Arrow (မြားတံ)
72. Siphon (ပိုက်ပျော့)



နောက်ဆုံး သင်္ကေတ ကတ်တွေ Fulliment ကို ပြဆိုတဲ့ The Sign Cards တွေပဲ ဖြစ်ပါတယ်။ အမှတ်စဉ် 73 ကနေ 84 အထိ တပ်ထားပြီး ၁၂ ချပ်ရှိပါတယ်။ Sign လို့ခေါ်တဲ့ သင်္ကေတ ကတ်တွေဟာ ပြည့်စုံမှု၊ ကြွယ်ဝမှု၊ စိတ်ကျေနပ်မှု စတာတွေကို ကိုယ်စားပြုပါတယ်။ Sing Card တွေကတော့...

73. Mountain (တောင်)
74. Cake (ကိတ်မုန့်)
75. Cross (ကြက်ခြေခတ်)
76. Sea (ပင်လယ်ပြင်)
77. Star (ကြယ်ပွင့်)
78. Lamp (မီးတိုင်)
79. Cave (လှိုင်ဂူ)
80. Pearl (ပုလဲလုံး)
81. Coffin (ခေါင်းတလား)
82. Field (လယ်ကွင်း)
83. Crown (သရဖူ)
84. Key (သော့တံ)


ဒီလို အမျိုးအစား ၇ ခု ခွဲထားတဲ့ ကတ်ပြား ၉၆ ချပ်စလုံးကို အညွှန်းစာအုပ်ထဲမှာ တစ်ချပ်ချင်းစီ အဓိပ္ပာယ် ဖွင့်ဆိုပြထားပါတယ်။ ဒီအဓိပ္ပာယ်တွေကို မိမိရဲ့ စိတ်ကူးဉာဏ်နဲ့ ထပ်မံ ပေါင်းစပ်ဖွင့်ဆိုရမယ်လို့လည်း ဆိုထားပါတယ်။



စာအုပ်ထဲမှာ ကတ်တွေကို အမျိုးအစား ၇ မျိုးခွဲခြားတဲ့အပြင် နောက်ထပ်ပြီး Twelve Houses နဲ့ Twelve Seas ဆိုပြီး ထပ်မံ ခွဲခြားထားပါတယ်။ ဒါကို Circle Pattern Chart စက်ဝိုင်းကားချပ်ကြီးမှာ ဒီလို ပြပါတယ်။



အိမ် ၁၂ လုံးလို့ ဆိုရမယ့် Twelve Houses ရှိပါတယ် သူတို့ရဲ့ အဓိပ္ပာယ်တွေကတော့...

I. ကျွန်ုဖြစ်သည် (I am)
II. ကျွန်ုပ် လိုချင်သည် (I want)
III. ကျွန်ုပ် ဆက်သွယ်သည် (I relate)
IV. ကျွန်ုပ် ခံစားသည် (I feel)
V. ကျွနုပ် ထုတ်လုပ်သည် (I project)
VI. ကျွန်ုပ် ဖြစ်လာသည် (I become)
VII. ကျွန်ုပ် ဆက်သွယ်သည် (I interact)
VIII. ကျွန်ုပ် ဂရုပြုသည် (I care)
IX. ကျွန်ုပ် သဘောပေါက်လာသည် (I realize)
X. ကျွန်ုပ် ပြီးပြည့်စုံလာသည် (I perfect)
XI. ကျွန်ုပ် ဖြန့်ကျက်သည် (I expand)
XII. ကျွန်ုပ် ပေါင်းစည်းသည် (I merge)

House တွေလို လေးထောင့်ပုံ မရှိဘဲ တြိဂံပုံစံအနေနဲ့ စက်ဝိုင်းကားချပ်ပေါ်မှာ ရှိနေတာကို Seas လို့ခေါ်ပါတယ်။



ဒီတော့... Twelve Seas လို့ဆိုတဲ့ ပင်လယ် ၁၂ ခုရှိပါသေးတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ စကားလုံးတွေက...

I. တွေ့ကြုံခံစားခြင်း (Experiencing)
II. ကြီးထွားခြင်း (Growing)
III. ထိန်းညှိခြင်း (Adjusting)
IV. အဇ္ဈတ္တ ဖုန်းကွယ်ခြင်း (Internalizing)
V. ဗဟိဒ္ဓ လွှတ်ထုတ်ခြင်း (Externalizing)
VI. ပေါင်းစပ်ခြင်း (Integrating)
VII. ချိန်ဆခြင်း (Weighing)
VIII. ယုံကြည်ခြင်း (Trusting)
IX. လက်ခံခြင်း (Perceving)
X. လွတ်မြောက်ခြင်း (Freeing)
XI. ရှာဖွေတွေ့ရှိခြင်း (Discovering)
XII. စဉ်းစားပုံဖော်ခြင်း (Imagining)

ကတ်ပြား ၉၆ ချပ်ကို အမျိုးအစား ၇ မျိုးခွဲလို့ ရတဲ့အပြင် အိမ် ၁၂ လုံး၊ ပင်လယ် ၁၂ ခု စသည်ဖြင့်လည်း ခွဲခြားနိုင်ပါတယ်။ ဟောကြားတဲ့အခါမှာတော့ အဆင့် ၆ဆင့် Six-step process ရှိပါတယ်။

ဒီ STAR+GATE ကို Richard H. Geer က ၁၉၈၀ ကျော်လောက်မှာ ဖန်တီးခဲ့တာပါ။ သူဟာ ပန်းချီကျောင်းဆင်း တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကတ်တွေအတွက် သင်္ကေတတွေကို Frank Baum ရဲ့ နာမည်ကျော် ပုံပြင်ဖြစ်တဲ့ The Wizard of Oz in the Emerald City ဆိုတာကနေ စိတ်ကူး ရခဲ့တာပါလို့ ဆိုပါတယ်။ အပျင်းပြေ ဂိမ်းတစ်ခုအနေနဲ့ စတင်တီထွင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Psychics ဆိုတဲ့ စိတ်နယ်လွန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ကွန့်မြူးလာတဲ့ စိတ်ကူးဉာဏ်ကို ချဲ့ကားပြီး စက်ဝိုင်းကားချပ် တွေနဲ့အတူ ကံကြမ္မာဖတ်တဲ့ပစ္စည်း တစ်ခုအဖြစ်ပါ ပြောင်းလဲလိုက်ပါတယ်လို့ စာအုပ်ထဲမှာ ဆိုထားပါတယ်။ စာရေးသူက ဒီ STAR+GATE ဖြစ်လာဖို့၊ အကောင်အထည် ပေါ်လာဖို့အတွက် ကျေးဇူးတင်ထိုက် တင်သင့်သူတွေ အများအပြား ရှိတယ်လို့လည်း ဆိုပါတယ်။



ကတ်ပြား ၉၆ ချပ်စလုံးမှာ ကျောဘက်မရှိဘဲ ဘယ်ညာ နှစ်ဘက်လုံးရိုက်နှိပ်ထားပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။

အုပ်စိုး
Tag : astrology
0 Komentar untuk "Star Gate ကဒ်ဗေဒင်"

MM-Search. Powered by Blogger.
Back To Top