.

ဆော်လမွန်ကျမ်းမှ THE ORDER OF THE PENTACLES



ဆော်လမွန်ဘုရင်ကြီးဟု ပြောလျှင် တော်တော်များများက ကြားဖူးကြမည် ထင်သည်။ ဆော်လမွန်ရဲ့ လက်စွပ် (Solomon's Ring) မှာ ထွင်းထုခဲ့တယ်လို့ ယူဆရတဲ့... "ဒါလည်း ပြီးသွားမှာပါပဲ... This too shall pass" ဆိုတဲ့ စကားကလည်း နာမည်ကျော်ခဲ့ပါတယ်။ Lord of the Ring, The Davinci Code စတဲ့ ရုပ်ရှင်တွေ အထိ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ ဆော်လမွန် ဘုရင်ကြီးဟာ... တကယ်တမ်းမှာ သူ့ရဲ့ အဆောင်လက်ဖွဲ့တွေဖြစ်တဲ့ ဆော်လမွန်ရဲ့ သော့ချက်များ (The Keys of Solomon) ဆိုတာနဲ့ ထင်ရှားခဲ့တာပါ။

ဒီပို့စ်မှာ အဲဒီ အဆောင်တွေထဲက အချို့ကို ပြောပြချင်ပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ဂြိုဟ် ၇ လုံး၊ နေ့ ၇ နေ့ကို ကိုယ်စားပြုထားတဲ့ မြင့်မြတ်သော ဒင်္ဂါးဝိုင်းများ (Holy Pentacles) လို့ အမည်ရတဲ့ အဆောင်လက်ဖွဲ့တွေပါပဲ။ ဆော်လမွန်ရဲ့ သော့ချက်များနဲ့ ပတ်သက်ပြီး ဘာသာပြန် မူကွဲတွေလည်း အမျိုးမျိုးရှိပါတယ်။ မူရင်းအနေဖြင့် ဟီးဘရူး ဘာသာဖြင့် ရှိတယ်လို့ သိရပါတယ်။ ဆော်လမွန်ရဲ့ The Key of Solomon စာအုပ်ဟာ  မှော်ပညာကို အသားပေးရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ God ဆိုတဲ့ ဘုရားသခင်ရဲ့ စွမ်းအားကို အသုံးချပြီး Demon ဆိုတဲ့ မကောင်းဆိုးဝါး၊ တစ္ဆေသရဲတွေကို မောင်းနှင်ထုတ်တဲ့ Exorcism ဆိုတဲ့ ၀ါဒကို အသားပေး ဖော်ပြထားတာ ဖြစ်ပါတယ်။ Exorcist ဆိုတဲ့လူကို မြန်မာလို အထက်လမ်း ဆရာလို့ ယေဘုယျ သတ်မှတ်နိုင်မယ် ထင်ပါတယ်။ Judson Dictionary မှာတော့ Exorcise ကို... `ဘုရားကို တိုင်တည်၍ သစ္စာပြုစေသော အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်´ လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

Exorcist တွေဟာ များသောအားဖြင့် Church တွေနဲ့ ပတ်သက်လေ့ရှိပြီး God, Jesus တို့ကိုသာမက Angel, Archangel စတဲ့ နတ်သမီးတွေကို ပင့်ဖိတ်ပြီး မကောင်းဆိုးဝါး၊ မိစ္ဆာတွေကို မောင်းနှင်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ Prayer လို့ခေါ်တဲ့ ဘုရားစာ ရွတ်ဖတ်ခြင်းအပြင်... Gesture, Symbol, Icon, Amulet စတဲ့ အဆောင်တွေ၊ အင်းအိုင် သင်္ကေတတွေ ကိုပါ အသုံးချကြပါတယ်။

ဆော်လမွန်ရဲ့ အဓိက သော့ချက်စာအုပ် ဖြစ်တဲ့ The Key of Solomon စာအုပ်မှာ အပိုင်း ၂ ပိုင်းခွဲထားပြီး... ပထမပိုင်းမှာ အသေကောင် ၀ိဉာဉ်တွေ၊ မကောင်းဆိုးဝါးတွေ၊ တစ္ဆေ မိစ္ဆာစတာတွေကို စိတ်ကြိုက် အမိန့်ပေး... ခိုင်းစေ၊ အသုံးချ နိုင်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ အခိုးခံရတဲ့ ပစ္စည်း ပြန်ရှာခိုင်းတာ၊ ကိုယ်ပျောက်၊ မျက်နှာပွင့်၊ ပီယ စတဲ့ နည်းလမ်းတွေအထိ ပါပါတယ်။

ဒုတိယပိုင်း စာအုပ်မှာတော့ အဲဒီနည်းလမ်းတွေကို အကောင်အထည် ဖော်ဖို့... Exorcist တစ်ယောက် လိုက်နာရမယ့် စည်းမျဉ်းတွေ၊ ဘယ်လို ၀တ်စားဆင်ယင်ရမယ်... မှော်ကိစ္စတွေကို ဘယ်လို စီရင်ရမယ်၊ ဘယ်လို သတ္တ၀ါတွေကို စတေးပြီး ၀ိဉာဉ်အဖြစ် ဖန်တီးရမယ် စတဲ့ ဆောင်ရွက်မှု အစီရင်တွေ ပါပါတယ်။
အဲဒီ စက်ဝိုင်းတွေကို မလေ့လာခင်မှာ အဲဒီမှာ ထည့်သွင်းရေးဆွဲထားတဲ့ ထူးဆန်းတဲ့ သင်္ကေတတွေကို အကြမ်းဖျင်း သိရှိဖို့ လိုပါလိမ့်မယ်။ ဒီအောက်က ဇယားကို ကြည့်ပါ။



စုစုပေါင်း ကော်လံခွဲ ၁၄ ခု ရှိပြီး ကော်လံအကြီး ၇ ခုရှိတာကို တွေ့ရပါမယ်။ အဲဒီ ကော်လံအကြီးတွေကို ကြည့်ပါမယ်။ ပထမဆုံး ကော်လံက ဟီးဘရူး အက္ခရာ (Hebrew Alphabets) တွေ ဖြစ်ပါတယ်။ ဒုတိယ ကော်လံကတော့ မှော် အက္ခရာများ (Alphabets of the Magic) တွေ ဖြစ်ပါတယ်။ တတိယ ကော်လံကတော့ ကောင်းကင်နဲ့ သက်ဆိုင်တဲ့ အက္ခရာများ (The Characters of the Celestial Writing) တွေ ဖြစ်ပါတယ်။

စတုတ္ထကော်လံမှာ ပါတဲ့ သင်္ကေတတွေကတော့ နတ်သမီးများရဲ့စာ (The Malachim or the Writing of the Angels) ဖြစ်ပါတယ်။ ဒီ Malachim တွေဟာလည်း ဟီးဘရူးဘာသာက ဆင်းသက်လာတာဖြစ်ပြီး နတ်သမီး၊ တမန်တော်များဟု အဓိပ္ပာယ် ရပါတယ်။ ဒီ Malachim တွေကို Heinrich Cornelius Agrippa ဆိုတဲ့ ဂျာမန် ဂမ္ဘီရသမားတစ်ယောက်က ၁၆ ရာစုမှာ ပုံနှိပ်ထုတ်ဝေဖူးတယ်လို့ သိရပါတယ်။

ပဉ္စမ ကော်လံမှာ ဖော်ပြထားတာ တွေကတော့ မြစ်ကို ဖြတ်ကူးသော စာများ (The Writing called "Passing the River") လို့ အမည်ရပါတယ်။ နောက်ထပ် ဆဋ္ဌမ ကော်လံမှာ ဖော်ပြထားတာကတော့ အက္ခရာတွေရဲ့ နာမည်ဖြစ်ပါတယ်။ နောက်ဆုံး ကော်လံမှာ ဖော်ပြထားတာကတော့ အက္ခရာတွေရဲ့ အစွမ်းသတ္တိ (The Powers of the Letters) လို့ ဆိုပါတယ်။ ဒီလောက် အကြမ်းဖျင်း သိရင်ဖြင့် ဆော်လမွန်ရဲ့ နာမည်ကျော် စက်ဝိုင်းတွေကို လေ့လာလို့ ရပါပြီ။ ဆော်လမွန်ရဲ့ အဆိုပါ ဒင်္ဂါးဝိုင်းတွေနဲ့ ခိုင်းစေ အမိန့်ပေးရင်ဖြင့် မကောင်းဆိုးဝါးတွေဟာ ကြောက်လန့်မှု၊ တုန်လှုပ်မှုတွေနဲ့အတူ ပြန်လည် မဖီဆန့်ဝံ့ဘဲ လိုက်နာရတယ်လို့လည်း ဆိုထားပါတယ်။

Pentacles လို့ ခေါ်တဲ့ ဒီ ဒင်္ဂါးဝိုင်းတွေကို ပြုလုပ်မယ် ဆိုရင်... သက်ဆိုင်ရာ ဂြိုဟ်ခွင်နဲ့ လိုက်ဖက်တဲ့ သတ္ထု တစ်မျိုးမျိုးနဲ့ ပြုလုပ်ရပြီး... ဆိုင်ရာ ဂြိုဟ်ခွင်နဲ့ညီတဲ့ အချိန်ကာလတွေမှာ ရေးခြစ် ထွင်းထုရပါတယ်လို့ ဆိုပါတယ်။ ဂြိုဟ်ခွင်အလိုက် သတ္ထုတွေကတော့...

Saturn - Lead (ခဲ)
Jupiter - Tin (သံဖြူ)
Mars - Iron (သံမဏိ)
Sun - Gold (ရွှေ)
Venus - Copper (ကြေး)
Mercury - Mixture of Metals (သတ္ထုအရော)
Moon - Silver (ငွေ)

တကယ်လို့ သတ္ထုတစ်မျိုးမျိုးနဲ့ မလုပ်နိုင်ခဲ့ဘူးဆိုရင် သက်ဆိုင်ရာ ဂြိုဟ်ခွင်နဲ့ လိုက်ဖက်တဲ့ အရောင်ပါတဲ့ သန့်စင်တဲ့ မှိုင်းခံ စက္ကူ စတာတွေပေါ်မှာ ရေးဆွဲလို့ ရပါသတဲ့။ ဂြိုဟ်ခွင်အလိုက် အရောင်တွေနဲ့ ဆော်လမွန် ဖန်တီးခဲ့တဲ့ ဒင်္ဂါးအရေအတွက်ကို အောက်မှာ ဖော်ပြထားပါတယ်။ ဒီနေရာမှာ သန့်စင်တဲ့ စက္ကူဆိုတာကို ရှင်းပြရရင်ဖြင့် တခြားသော ရည်ရွယ်ချက်နဲ့ အသုံးပြုပြီးသား မဟုတ်တဲ့ စက္ကူ ကို ခေါ်တာပါ။ အသုံးပြုမှာက သတ္ထုဆိုရင်တော့ မီးဖြင့် သန့်စင်ထားရပါမယ်လို့ ဆိုပါတယ်။

THE ORDER OF THE PENTACLES.

(1) Seven Pentacles consecrated to Saturn –Black.
(2) Seven Pentacles consecrated to Jupiter –Blue.
(3) Seven Pentacles consecrated to Mars –Red.
(4) Seven Pentacles consecrated to the Sun –Yellow.
(5) Five Pentacles consecrated to Venus –Green.
(6) Five Pentacles consecrated to Mercury –Mixed Colors.
(7) Six Pentacles consecrated to the Moon –Silver.

နေ့ ၇ နေ့စလုံးပေါင်းရင် စုစုပေါင်း ဆော်လမွန် ဒင်္ဂါး ၄၄ ခုရှိပါမယ်။ ပထမဆုံး Saturn စနေဂြိုဟ်အတွက် သတ်မှတ်ထားတဲ့ ဒင်္ဂါး ၇ ခုကို လေ့လာ ကြည့်ကြရအောင်...။
SATURN - 1



စနေအတွက် ဒင်္ဂါးတွေထဲက ပထမဆုံး ဒင်္ဂါးကတော့ တစ္ဆေသရဲ ၀ိဉာဉ်တွေကို မြေကြီးပေါ် ဒူးထောက် ကျသွားလောက်အောင် အမိန့်နာခံစေနိုင်ပြီး ခြောက်လှန့်၊ ခိုင်းစေတဲ့ နေရာမှာ ကြီးကျယ်တဲ့ အစွမ်းရှိပါသတဲ့။ စက်ဝိုင်းအလယ်မှာ ထည့်သွင်းထားတဲ့ အင်းကွက်ဟာ ဟီးဘရူးအက္ခရာတွေ ဖြစ်ပြီး ဘုရားသခင်ရဲ့ နာမတော် လေးခု (Four Great Names of God) ကို ညာကနေ ဘယ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့

YHVH
: Yod, He, Vau, He
ADNI: Adonai
IIAI: Yiai
AHIH: Eheieh

အင်းကွက်ကို ပတ်ပြီး ထည့်သွင်းထားတဲ့ စာတွေကတော့ Psalm lxxii 9 ထဲက ယူသုံးထားတာ ဖြစ်ပြီး...The Ethiopians shall kneel before Him, His enemies shall lick the dust လို့ အဓိပ္ပာယ် ရပါတယ်
SATURN - 2



စနေဂြိုဟ် ကိုယ်စားပြုတဲ့ ဒုတိယ ဒင်္ဂါးကတော့ မကောင်းဆိုးဝါးတွေရဲ့ ဘက်ပြိုင်မှု၊ မာနထောင်လွှားမှုတွေကို ဖိနှိပ် ချိုးနှိမ်တဲ့နေရာမှာ အင်မတန်မှ ထိရောက်တဲ့ အစွမ်း ရှိပါသတဲ့။ စက်ဝိုင်းအလည်မှာ ထည့်သွင်းထားတဲ့ အင်းကွက်ကတော့ ရှေးအကျဆုံး Magic Word Square လို့ နာမည်ကျော်တဲ့ Sator Square ပဲ ဖြစ်ပါတယ်။
S A T O R
A R E P O
T E N E T
O P E R A
R O T A S

Sator, Arepo, Tenet, Opera, Rotas ဆိုတဲ့ စကားလုံး ငါးလုံးကို ထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အက္ခရာ ၂၅ လုံးကို စုစည်းမှုတစ်ခုဟု ယူဆပြီး ထပ်မံ ပေါင်းထည့်မယ် ဆိုရင် (၂၅+၁) ၂၆ ဖြစ်လာမှာဖြစ်ပြီး အဲဒါဟာ IHVH (Yod, He, Vou, He = 10 + 5 + 6 + 5) ရဲ့ တန်ဖိုးနဲ့ ညီပါသတဲ့။ စက်ဝိုင်းပတ်ထဲမှာ ထည့်သွင်းထားတဲ့ ဟီးဘရူး စာကြောင်းက Psalm lxxii 8 ထဲက ဖြစ်ပြီး... His dominion shall be also from the one sea to the other, and from the flood unto the world’s end လို့ အဓိပ္ပာယ် ရပါတယ်။ အဲဒီစာကြောင်းမှာ အက္ခရာ ၂၅ လုံးတိတိရှိပြီး အက္ခရာတွေရဲ့ ပေါင်းရတန်ဖိုးကို Elohim (ဟီးဘရူး ဘုရားသခင်၏ နာမတော်) ဆိုတာနဲ့ ပေါင်းလိုက်တဲ့အခါ ထွက်လာတဲ့ တန်ဖိုးဟာ... အလယ်မှာ ထည့်သွင်းထားတဲ့ Sator Square ထဲက အက္ခရာတွေ အားလုံးရဲ့ ပေါင်းရတန်ဖိုးနဲ့ အတူတူပါပဲ လို့ ဆိုပါတယ်။

ဟီးဘရူး အက္ခရာတွေရဲ့ တန်ဖိုး Numerical Value ကို ဒီအောက်က ဇယားမှာ ဖော်ပြထားပါတယ်။ စိတ်ဝင်စားရင်ဖြင့် ကိုယ်တိုင် စစ်ဆေးကြည့်လို့ ရပါတယ်။





 
ဆော်လမွန် ဘုရင်ကြီးရဲ့ The Greater Key of Solomon ဟာ သူ့ရဲ့ သားတစ်ယောက်ဖြစ်တဲ့ Roboam ကို ဆော်လမွန်က လက်ဆင့်ကမ်း အမွေပေးခဲ့တဲ့ ပညာရပ် တစ်ခုလို့လည်း ဆိုကြပါတယ်။ မနေ့က ဂမ္ဘီရပညာတွေကို စိတ်ဝင်စားတဲ့ မိတ်ဆွေကြီး ကိုစိုင်းအောင်နဲ့ စကားပြောတဲ့အခါ သူက `အစ်ကို ဆော်လမွန်ရဲ့ စက်ဝိုင်းတွေကို ဒီတိုင်း မိတ္တူဆွဲပြီး သုံးရင် အစွမ်းရှိမလား´ လို့ မေးပါတယ်။ `မရှိနိုင်လောက်ဘူး´ လို့ သူ့ကို ဖြေလိုက်ပါတယ်။

ဆော်လမွန်ရဲ့ အဲဒီ အဆောင်စက်ဝိုင်း ၄၄ ခုဟာ သူ့ဂြိုဟ်ခွင်လိုက် သတ်မှတ်ထားတဲ့ သတ္ထု၊ ဒါမှ မဟုတ် အရောင်ရှိတဲ့ စက္ကူ စတာတွေပေါ်မှာ ရေးခြစ်ရတာဖြစ်ပြီး ဂြိုဟ်ခွင်တွေနဲ့ သက်ဆိုင်တဲ့ အချိန်ကာလကိုလည်း လိုက်ပြီး စီရင်ရပါသတဲ့။ ဒါတင်ပဲ မဟုတ်ပါဘူး သက်ဆိုင်ရာ ဂြိုဟ်ခွင်နဲ့ သက်ဆိုင်တဲ့ နတ်တွေ၊ အစောင့်တွေကိုလည်း ပူဇော်ပင့်ဖိတ်တာတို့ ဘာတို့လည်း ဆောင်ရွက်ရပါသတဲ့။ အောက်က ဇယားမှာ ဂြိုဟ်ခွင်တွေနဲ့ သက်ဆိုင်တဲ့ အရောင်၊ နတ်ဒေ၀ါတာ စတာတွေကို တွေ့ရှိနိုင်ပါတယ်။



ဒီအောက်က ဇယားမှာတော့ Planetary Hour လို့ခေါ်တဲ့ သူ့ဂြိုဟ်ခွင်အလိုက် အချိန်ကာလတွေကို တွေ့ရှိနိုင်ပါလိမ့်မယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့တွေမှာလည်း အဲဒီ အင်းကွက်တွေကို ထမင်းစား ရေသောက်သလို အလွယ်တကူ ဖန်တီး ရေးဆွဲတာ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ အလွယ်တကူ မိတ္တူကူးပြီး ဒါလေးကို ဆောင်ရင်ဖြင့် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာ တကယ့်ပညာရပ်တွေကို ပေါ့ပေါ့တန်တန် ပြုနေတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်။



ဒီတော့ ကို စိုင်းအောင်ရဲ့ အမေးနဲ့ ပတ်သက်ပြီး ထပ်ရှင်းရရင် အဲဒီအဆောင်စက်ဝိုင်းတွေကို တကယ် စီရင် ချင်တယ် ဆိုရင်ဖြင့်... ဆော်လမွန်ရဲ့ သော့ချက်များ The Key of Solomon စာအုပ်ကို အစအဆုံး ထဲထဲဝင်ဝင် ဖတ်ရှု သိနားလည်ထားမှ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ခရစ်ယာန် ဘာသာဝင်တစ်ယောက် ဖြစ်မှသာ အဲဒီစာအုပ်ထဲက ရေးသားတာတွေကို ပိုမို နားလည်နိုင်မယ့်အပြင် ဆောင်ရွက်တဲ့နေရာမှာလည်း ယုံကြည်ချက် ပိုပါလိမ့်မယ်။ ပြီးတော့ အဲဒါတွေကို စီရင်ဖို့ Mummy ရုပ်ရှင်ကားထဲကလို ကြီးကျယ်တဲ့ ခန်းမမျိုးတွေ၊ လူအကူအညီတွေ လိုအပ်ပါလိမ့်မယ်။ အသေးစိတ်ကို လေ့လာချင်ရင်တော့ အွန်လိုင်း စာအုပ်ရှိရာ ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

The Key of Solomon >>> http://www.esotericarchives.com/solomon/ksol.htm

ဆော်လမွန်၏ သော့ချက်တွေဖြစ်တဲ့ ဒီစာအုပ်ကို အနောက်တိုင်း ဂမ္ဘီရလောကမှာ လက်စွဲတော်လို့တောင် တင်စားထားပြီး... the most famous and influential handbook of magic အဖြစ် သတ်မှတ်ထားပါတယ်။ ဒီပို့စ်မှာတော့ အဲဒီစာအုပ်ကို အသေးစိတ် ရှင်းမပြနိုင်ပါဘူး။ အဲဒီ စာအုပ်ထဲက Holy Pentacles ဆိုတဲ့ ဒင်္ဂါးဝိုင်း ၄၄ ခုအကြောင်းကိုသာ ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒါနဲ့တင် ပို့စ်တော်တော် များများသွားရမှာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သူတို့တွေရဲ့ ထည့်သွင်းထားတဲ့ စနစ်နဲ့ စာတွေကို လေ့လာ သုသေတနာ ပြုလိုရင်းသာ ဖြစ်ပြီး အဲဒီစက်ဝိုင်းတွေကို ဘယ်လောက် လေးလေးနက်နက် ဖန်တီးခဲ့တယ် ဆိုတာကို သင်္ချာနဲ့ ဘာသာဗေဒပိုင်းက သုံးသပ်ရုံ သက်သက်လို့ ဆိုချင်ပါတယ်။ ပြီးခဲ့တဲ့ ပို့စ်မှာ စနေဂြိုဟ် ကိုယ်စားပြု ဒင်္ဂါး ၇ ခုထဲက ၂ ခုကို ရေးသားခဲ့ပါတယ်။ ဒီပို့စ်မှာတော့ ကျန်တဲ့ ငါးခုကို ဆက်လေ့လာပါမယ်။

SATURN - 3


စနေဂြိုဟ် ကိုယ်စားပြုတဲ့ ဆော်လမွန်ရဲ့ တတိယ စက်ဝိုင်းက စနေဂြိုဟ်ရဲ့ သဘာဝ ၀ိဉာဉ်ကို နှိုးဆော် ပင့်ဖိတ်တဲ့ နေရာမှာ အသုံးကျတာဖြစ်ပြီး Magic Circle ဆိုတဲ့ မှော်ပညာ စီရင်တဲ့ ခန်းမထဲမှာ ဖန်တီးရတာ ဖြစ်ပါတယ်။

The Third Pentacle of Saturn. – This should be made within the Magical Circle, and it is good for use at night when thou invokest the Spirits of the nature of Saturn.

စနေဂြိုဟ်ရဲ့ ရောင်ခြည်တန်း (Rays of Saturn) လို့ ဆိုရမယ့် စက်ဝိုင်းအလယ်က လိုင်း ၈ လိုင်း အဆုံးမှာ ရေးဆွဲထားတဲ့ သင်္ကေတတွေကတော့ စနေဂြိုဟ်ကို ကိုယ်စားပြုတဲ့ မှော်အက္ခရာတွေပါပဲ။ စက်ဝိုင်းပတ်မှာ ဟီးဘရူး ဘာသာနဲ့ ရေးသားထားတာ ကတော့ Omeliel, Anachiel, Arauchiah, Anazachia ဆိုတဲ့ နတ်တွေရဲ့ နာမည်ပါ။

SATURN - 4


စနေဂြိုဟ် ကိုယ်စားပြု စတုတ္ထစက်ဝိုင်းကတော့ ပျက်ဆီးမှုတွေ၊ ထိခိုက် သေကြေမှုတွေကို ဖြစ်စေတဲ့ ဆောင်ရွက်မှုတွေ၊ စမ်းသပ်မှုတွေကို ရပ်တန့်၊ အဆုံးသတ်စေလိုတဲ့ နေရာမျိုးမှာ အသုံးချရတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

The Fourth Pentacle of Saturn. – This Pentacle serveth principally for executing all the experiments and operations of ruin, destruction, and death. And when it is made in full perfection, it serveth also for those Spirits which bring news, when thou invokest them from the side of the South.

တြိဂံရဲ့ အနားပေါ်မှာ ရေးထားတဲ့ ဟီးဘရူး စာတွေကတော့ Deut. vi.4 ကနေ ယူထားတာ ဖြစ်ပြီး... Hear, O Israel, IHVH ALHINVH is IHVH ACHD လို့ အဓိပ္ပာယ် ရပါတယ်။ စက်ဝိုင်းပတ်မှာ ရေးထားတဲ့ စာတွေကတော့ Psalm cix. 18 ကနေ ဖြစ်ပြီး... As he clothed himself with cursing like as with a garment, so let it come unto his bowels like water, and like oil into his bones ဆိုပြီး အဓိပ္ပာယ် ရပါတယ်။ ပုံရဲ့ အလယ်ဗဟိုမှာ ရေးဆွဲထားတဲ့ သင်္ကေတကတော့ Yod ဆိုတဲ့ အက္ခရာကို ဂမ္ဘီရဆန်ဆန် ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။

SATURN - 5

စနေဂြိုဟ် ကိုယ်စားပြု ပဉ္စမစက်ဝိုင်းကတော့ စနေဂြိုဟ်ကို ပင့်ဖိတ်တဲ့ သူရဲ့ ၀ိဉာဉ်ကို ကာကွယ်ပေးပြီး အဖိုးတန် ရတနာတွေကို စောင့်ရှောက်တဲ့ ၀ိဉာဉ်ကို သွားရောက် ဆင့်ခေါ်ပေးပါတယ်လို့ ဆိုပါတယ်။

The Fifth Pentacle of Saturn. – This Pentacle defendeth those who invoke the Spirits of Saturn during the night; and chaseth away the Spirits which guard treasures.

ကြက်ခြေခတ်ရဲ့ ထောင့်လေးခုမှာ ထည့်သွင်းထားတဲ့ ဟီးဘရူးစာလုံးလေးခုကတော့ IHVH ဆိုတဲ့ ဘုရားသခင်ရဲ့ နာမတော် ဖြစ်ပါတယ်။ စတုရန်းပုံရဲ့ ထောင့်လေးခုမှာ ရေးထားတဲ့ စာတွေက ALVH, Eloah ဆိုတဲ့ ဟီးဘရူး ကျမ်းစာမှ ဘုရားသခင်ရဲ့ နာမတော် ဖြစ်ပြီး စတုရန်းရဲ့ အနားတွေမှာ ရေးထားတာကတော့... Arehanah, Rakhaniel, Roelhaiphar, Noaphiel ဆိုတဲ့ နတ်ဒေ၀တာ နာမည်တွေ ဖြစ်ပါတယ်။ စက်ဝိုင်းပတ်မှာ ရေးထားတဲ့ စာကြောင်းကတော့ Deut x. 17 ကနေ ယူထားတာ ဖြစ်ပြီး... A Great God, a Mighty, and a Terrible လို့ အဓိပ္ပာယ် ရပါတယ်။

SATURN - 6


စနေကိုယ်စားပြု ဆဋ္ဌမစက်ဝိုင်းကတော့ သင့်အား ဆန့်ကျင်တဲ့လူအပေါ် ရွတ်ဆိုခြင်းဖြင့် ထိုသူအား မကောင်းဆိုးဝါးတွေရဲ့ ပူးကပ်ခြင်းကို ခံရနိုင်ပါစေတယ်လို့ ဆိုပါတယ်။

The Sixth Pentacle of Saturn. – Around this Pentacle is each Name symbolized as it should be. The person against whom thou shalt pronounce it shall be obsessed by Demons.

ပတ်ပတ်လည်မှာ ရေးထိုးထားတဲ့ ဟီးဘရူး စာတွေကတော့... Set thou a wicked one to be ruler over him, and let Satan stand at his right hand လို့ အဓိပ္ပာယ် ထွက်ပါတယ်။

SATURN - 7


စနေဂြိုဟ် ကိုယ်စားပြု နောက်ဆုံး ဒင်္ဂါးဝိုင်းကတော့ ငလျင်လှုပ်ခါခြင်းအား နှိုးဆွ နိုင်ပြီး နတ်ဒေ၀တာတွေရဲ့ တန်ခိုးစွမ်းအားကို သိမြင်ခြင်းသည် စကြ၀ဠာကြီး တစ်ခုလုံးကို တုန်ခါသွားအောင် လုံလောက်ပါတယ်လို့ ဆိုထားပါတယ်။

The Seventh and Last Pentacle of Saturn. – This Pentacle is fit for exciting earthquakes, seeing that the power of each order of Angels herein invoked is sufficient to make the whole Universe tremble.

စက်ဝိုင်းအလယ်မှာ ရေးထားတာကတော့ နတ်ဒေ၀ါတာ ကိုးပါးရဲ့ အစီအစဉ်ဖြစ်ပြီး ခြောက်ပါးကို သာမန် ဟီးဘရူးစာနဲ့ ရေးသွင်းထားပြီး ကျန်တဲ့ သုံးပါးကို Passing the River (မြစ်ကို ဖြတ်ကူးသော စာ) သင်္ကေတများဖြင့် ရေးသားထားပါတယ်။ အဆိုပါ နတ်ဒေ၀တာ တွေရဲ့ အစီအစဉ်ကတော့...

1 - CHAIATH HA-QADESCH, Holy Living Creatures
2 - AUPHANIM, Wheels
3 - ARALIM, Thrones
4 - CHASCHMALIM, Brilliant Ones
5 - SERAPHIM, Fiery Ones
6 - MELAKIM, Kings
7, ELOHIM, Gods
8, BENI ELOHIM, Sons of the Elohim;
9, KERUBIM, Kerubim.

စက်ဝိုင်းပတ်မှာ ရေးထိုးထားတဲ့ ဟီးဘရူး စာကို Psalm xviii 7 ကနေ ထုတ်နှုတ်ထားတာ ဖြစ်ပြီး...Then the earth shook and trembled, the foundations of the hills also moved and were shaken, because He was wroth လို့ အဓိပ္ပာယ် ရပါတယ်။
0 Komentar untuk "ဆော်လမွန်ကျမ်းမှ THE ORDER OF THE PENTACLES"

MM-Search. Powered by Blogger.
Back To Top