ဒါကတော့ မေးသမျှ ဖြေဆိုနိုင်တဲ့ ဆုတောင်းဂါထာပါ။
ဘူရိမ ပညော သိပ္ပါနံ
သဗ္ဗေသံ ကုသလော ဘဝေ။
ဝိသဇ္ဇေတုံ သမတ္ထောဝ။
သဗ္ဗ ပုစ္ဆာနံ ဌာနသော။
ဘူရိမ ပညော သိပ္ပါနံ
သဗ္ဗေသံ ကုသလော ဘဝေ။
ဝိသဇ္ဇေတုံ သမတ္ထောဝ။
သဗ္ဗ ပုစ္ဆာနံ ဌာနသော။
မြန်မာပြန်
ဘူရိမပညော၊ မြေကြီးအထုနှင့်တူသောပညာရှိသည်၎င်း။
သဗ္ဗသိပ္ပါနံ၊ ခပ်သိမ်းသော အတတ်မျိုးတို့၌။
ကုသလော၊ လိမ္မာသည်။
သဗ္ဗပုစ္ဆာနံ၊ခပ်သိမ်းသော အမေးပုစ္ဆာတို့ကို။
ဌာနသော၊ တစ်ခဏဖြင့်။
ဝိသဇ္ဇေတုံ၊ဖြေဆိုခြင်းငှာ။
သမတ္ထော၊ စွမ်းနိုင်သည်သာလျှင်။
ဘဝေယံ၊ ဖြစ်ရပါလို၏ဘုရား။
အထက်ပါ ဂါထာတော်ကို စာမေးပွဲ မတိုင်မီ ကြိုတင်၍ အဓိဋ္ဌာန်ဖြင့် ပြုလုပ်ရမည်။ မိမိမွေးနေ့မှ စ၍ ငါးရက်ဆက်တိုက် ရွတ်ဖတ်၍ အဓိဋ္ဌာန်ဝင်ရမည်။ တစ်နေ့လျှင် တစ်ကြိမ်။ တစ်နေ့လျှင် ဂါထာတော်ကို မိမိ အသက်စေ့ ရွတ်ဖတ်ပူဇော်၍ စာမေးပွဲကို ကောင်းမွန်စွာ အနှောက်အယှက်ကင်းစွာ ဖြေဆိုနိုင်ကြောင်း ဆုတောင်းပါ။

ဒီအောက်ကယတြာများကတော့ ကံဆင့်ကံမြင့် အောင်တော်မူယတြာများ ဖြစ်ပါတယ်။
တနင်္ဂနွေသားသမီးများအတွက်
တနင်္ဂနွေသားသမီးများအတွက်
ဇော်စိမ်း(၃)ညွန့်နှင့် ရွက်လှ(၄)ညွန့်ကို ဖင်ခုထိုင်ပါ။ ကံ့ကော် (၂)
ညွန့်၊ မေမြို့ (၅)ပွင့်၊ သပြေ (၆)ညွန့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး
အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး
လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို
အခြား တစ်ယောက်ယောက်က (တောင်စူးစူး) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
တနင်္လာသားသမီးများအတွက်....
တနင်္လာသားသမီးများအတွက်....
မေမြို့ပန်း (၅)ပွင့် ရွက်လှ(၄)ညွန့်ကို ဖင်ခုထိုင်ပါ။ ဇော်ဇိမ်း (၃) ညွန့်၊ သပြေ (၆)ညွန့်။ နှင်းဆီ (၇)ပွင့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို အခြား တစ်ယောက်ယောက်က (အနောက်တောင်) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
အင်္ဂါသားသမီးများအတွက်
မေမြို့ပန်း (၅)ပွင့် သပြေ(၆)ညွန့်ကို ဖင်ခုထိုင်ပါ။ ရွက်လှ (၄)ညွန့် ၊ အုန်း (၆)ညွန့် ၊ နှင်းဆီ (၇) ပွင့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို အခြား တစ်ယောက်ယောက်က (အနောက်စူးစူး) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
နှင်းဆီပန်း (၇)ပွင့် သပြေ(၆)ညွန့်ကို ဖင်ခုထိုင်ပါ။ အုန်း (၁) ညွန့်၊ မေမြို့ (၅)ပွင့်၊ ကံ့ကော် (၂)ညွန့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို အခြား တစ်ယောက်ယောက်က (အနောက်မြောက်) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
ကြာသပတေးသားသမီးများအတွက်
နှင်းဆီပန်း (၇)ပွင့် အုန်း(၁)ညွန့်ကို ဖင်ခုထိုင်ပါ။ ကံ့ကော် (၂) ညွန့်၊ ဇော်စိမ်း (၃)ပွင့်၊ သပြေ (၆)ညွန့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို အခြား တစ်ယောက်ယောက်က (အရှေ့မြောက်) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
သောကြာသားသမီးများအတွက်
ကံ့ကော် (၂)ညွန့် အုန်း(၁)ညွန့်ကို ဖင်ခုထိုင်ပါ။ ဇော်စိမ်း (၃) ညွန့် ၊ ရွက်လှ (၄) ညွန့် ၊ နှင်းဆီ (၇)ပွင့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို အခြား တစ်ယောက်ယောက်က (အရှေ့မြောက်) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
စနေသားသမီးများအတွက်
ကံ့ကော် (၂)ညွန့် ဇော်စိမ်း(၃)ညွန့်ကို ဖင်ခုထိုင်ပါ။ ရွက်လှ(၄) ညွန့်၊ အုန်း (၁)ညွန့် ၊ မေမြို့ (၅)ပွင့်ကို လက်အုပ်ကြားမှာ ညှပ်ချီပြီး အညံ့အခိုက်များ ကင်းစင်ပြေပျောက်ပါစေ။ အောင်ဓာတ်တွေ ရပါစေဆိုပြီး လက်ကြားထဲက ပန်းတွေကို ဘုရားမှာ လှူလိုက်ပါ။ ဖင်ခုထိုင်ထားတဲ့ ပန်းတွေကို အခြား တစ်ယောက်ယောက်က (မြောက်စူးစူး) အရပ်မှာ စွန့်ပစ်ခိုင်းလိုက်ပါ။
စာမေးပွဲသွားဖြေကာနီး ဒီလို လုပ်သွားပါ။
တနင်္ဂနွေသားသမီးများက အနောက်အရပ်ကို မျက်နှာမူပြီး သရက်ယို သရက်သီး စားရင်း ဆုတောင်းသွားပါ။
တနင်္လာသားသမီးများက မြောက်အရပ်ကို မျက်နှာမူပြီး နွားနို့သောက်ရင်း ဆုတောင်းသွားပါ။
အင်္ဂါသားသမီးများက အနောက်တောင်အရပ်ကို မျက်နှာမူပြီး အုန်းသီး စားရင်း ဆုတောင်းသွားပါ။
ဗုဒ္ဓဟူးသားသမီးများက အရှေ့မြောက် အရပ်ကို မျက်နှာမူပြီး ကိတ်မုန့် စားရင်း ဆုတောင်းသွားပါ။
ကြာသပတေးသားသမီးများက အရှေ့အရပ်ကို မျက်နှာမူပြီး ဇီးသီး (သို့)ဇီယို စားရင်း ဆုတောင်းသွားပါ။
သောကြာသားသမီးများက အရှေ့တောင်အရပ်ကို မျက်နှာမူပြီး လဘက် စားရင်း ဆုတောင်းသွားပါ။
စနေသားသမီးများက တောင်အရပ်ကို မျက်နှာမူပြီး မြေပဲစားရင်း ဆုတောင်းသွားပါ။

ဆရာဟိန်းတင့်ဇော်
0 Komentar untuk "တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အောင်တော်မူယတြာများ "