.

မိမိဘက်က မှန်သည်ဆိုပါလျှင်..။

အတိုက်အခံ ကိစ္စတွေ ၊ အမှု့ကိစ္စတွေ အတွက် ဆရာကြီးသုံးတဲ့ ကိုယ်ပိုင်နည်းကော မရှိဘူးလားဟု မေးလေ၏။ "ဒီလို ရှိတယ်ကွဲ့။ ဟောဒီ ဂါထာကလေးနဲ့ အနက်ကလေးကို အရ ကျက်ထားမှတ်ထား။ မရသေးခင်တော့ ဘုရားစင်မှာ ကပ်ထား။ ဒါပေမဲ့ အနက်ကတော့ ဆင်ခြင် ရုံပါပဲကွယ်။ ပါဠိကိုပဲ အသုံးပြုမှာပါ။

ဒေဝ ပုတ္တော ကိလေသော စ ၊ အဘိ သင်္ခါရ မာရကော။
ခန္ဓော မစ္စူတိ ပဉ္စေတေ ၊ မာရေ ဝိဇိတဝံ နမေ။


အနက်။.............။
ဒေဝ ပုတ္တော ၊ ဒေဝပုတ္တမာရ်လည်းကောင်း။
ကိလေသောစ ၊ ကိလေသာမာရ်လည်းကောင်း။
အဘိသင်္ခါရမာရကော ၊ အဘိသင်္ခါရ မာရ်လည်းကောင်း။
ခန္ဓော ၊ ခန္ဓမာရ်လည်းကောင်း။
မစ္စူတိ ၊ မစ္စူမာရ်လည်းကောင်း။
ဣတိ ၊ ဤသို့။ ဧတေ-ပဉ္စမာရေ ၊ ထိုမာရ်ငါးပါးတို့ကို။ ဝိဇိတဝံ ၊ အောင်တော်မူပြီးသော မြတ်စွာဘုရားကို။
အဟံ ၊ အကျွန်ုပ်သည် ။ နမေ-နမာမိ၊ ရှိခိုးပါ၏။
အတိုက်အခံ ရှိရင် အဲဒီ ဂါထာကို ၄၉-ရက် သက်စေ့ရွတ်ရမယ်။

အမှု့ ရှိရင်ရော.........

အမှု့ရှိရင်တော့ YANTRIC ယန္တြကို သုံးရမယ်။ အဲဒါက ဟောဒီမှာ ကြည့်ဟု ဆိုကာ ကျွန်ုပ်သည် အနန္ဒာ လဟီးရီး ဆိုသူ ပုဂ္ဂိုဟ်ကျော်၏ ယန္တြကျမ်းတွင် ဖော်ပြထားသည့် အောက်ပါ ယန္တြကို ရေးပြလေ၏။

အဲဒါကို ပန်းကန်ပြားပေါ်မှာ မာကင်မှင်နဲ့ ဖြစ်စေ ၊ ဆော့ပင်နှင့် ဖြစ်စေ ၊ သင်္ဘောဆေးနဲ့ ဖြစ်စေ ၊ ကူးရေးပြီး အဲဒီအပေါ်ကမှ သစ်သီးကိုးမျိုး ဒါမှမဟုတ် ထန်းလျှက်ခဲ သက်စေ့တင်ပြီး လက္ခုံဘီ ဒေ၀ီကို အမှု့ ချိန်းရှိတဲ့ ရက်တွေမှာ ပူဇော် ပသ ရတယ်ဟု ပြောလိုက် လေတော့၏။




      (အဘမင်းသိင်္ခ )
0 Komentar untuk "မိမိဘက်က မှန်သည်ဆိုပါလျှင်..။"

MM-Search. Powered by Blogger.
Back To Top