.

သုဒဿန နဝင်းပိုင်သိဒ္ဓိရှင် ပဌမံဆရာကြီးဦးအောင်၏ ပဌမံပါရမီရှင်များအတွက် လမ်းညွှန်ပုရပိုဒ်ကျင့်စဉ်ဖြစ်သော မဟာဂန္ဓာရီဂုဏ်တော်နဝင်းကိုးဆင့်တက်စဉ်

ပဌမံဦးအောင်သည် ပဌမံအထုံအဆက်ရှိသော ပါရမီရှင်များအတွက် အကျိုးငှာ ပဌမံဓာတ်ဆက် အဓိဌာန်ကျင့်စဉ်ကို ပြည်မြို့ ရွှေဆံတော်ဘုရား၌ ပုရပိုဒ်ဖြင့် ထားရစ် တော်မူသည်။ပါရမီဆက်ရှိသော အမျိုးကောင်းသားတို့သည် ခိုင်မာသောစိတ်ဓာတ် ၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် အားထုတ်အပ်၏။အဓိဌာန်ကို အားထုတ်သောအခါ ကန်တော့ပွဲ ၊ ရေချမ်း၊ ပန်း ၊ ဆီမီး ၊ စသည်ဖြင့် အစီအရင်ပြုပြီးလျှင် သုဒဿန နဝင်းပိုင်သိဒ္ဓိရှင် ပဌမံဆရာကြီးကို ပင့်လျှောက်တိုင်တည်၍ တတ်စွမ်းက နဝင်္ဂသီလကို ဆောက်တည်အဓိဌာန်၍ သက်သက်လွတ်စားကာ မေတ္တာဘာဝနာပွားခြင်း စသည်ဖြင့် အဓိဌာန်မပျက်စေဘဲ လမ်းစဉ်အတိုင်း အချိန်မှန် နေရာမှန် အားထုတ်ရမည်။ ထမြောက် အောင်မြင်လျှင် ပါရမီရှင်သိဒ္ဓိရှင်ကြီး၏ ကတိအတိုင်း ပြည့်စုံလိမ့်မည်။
ပဌမံဆရာကြီး၏အဓိဌာန်ချက် " အဓိဌာန်ကျင့်စဉ်ကို မှန်ကန်ကျနစွာ အဓိဌာန်စေ့မြောက် အောင်မြင်ခဲ့ပါမူ ထိုအောင်မြင်သော ပါရမီရှင်ကို အလုံးစုံသော လောကီသိဒ္ဓိအမျိုးမျိုးတို့ကို အလွယ်တကူ အောင်မြင်ရန် ကူညီစောင့်ရှောက်ပါမည်။ ကတိအတိုင်း မကူညီ မစောင့်ရှောက်ခဲ့သော် မိမိလက်ရှိသိဒ္ဓိများ ကွယ်ပျောက်၍ မဟာအဝီစိငရဲသို့ ကျရောက်ပါစေသတည်း" ဟု ရဲဝံ့စွာ အဓိဌာန်ထားတော်မူသည်။
မဟာဂန္ဓာရီဂုဏ်တော်နဝင်းကိုးဆင့်တက်စဉ်
******************************
၁။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ အရဟံ
၂။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
၃။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော
၎။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ သုဂတော
၅။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ လောကဝိဒူ
၆။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဓမ္မသာရထိ
၇။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ သတ္တာဒေဝမနုဿာနံ
၈။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
၉။ နမောဗုဒ္ဓါယျ သောဘဂဝါ ဣတိပိ ဘဂဝါ
ဂုဏ်တော် (၁) ပါးလျှင် ပုတီးတစ်ပတ်၊ တစ်နေ့ (၉) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးနှစ်ပတ်၊ တစ်နေ့ (၁၈) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးသုံးပတ်၊ တစ်နေ့ (၂၇) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးလေးပတ်၊ တစ်နေ့ (၃၆) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးငါးပတ်၊ တစ်နေ့ (၄၅) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးခြောက်ပတ်၊ တစ်နေ့ (၅၄) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးခုနှစ်ပတ်၊ တစ်နေ့ (၆၃) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးရှစ်ပတ်၊ တစ်နေ့ (၇၂) ပတ်၊ (၉) ရက်
ဂုဏ်တော် (၁) ပါးလျှင် ပုတီးကိုးပတ်၊ တစ်နေ့ (၈၁) ပတ်၊ (၉) ရက်
ပုတီးစိပ်သည့်ရက်ပေါင်း (၈၁) ရက်ဖြစ်၍ ပုတီးပတ်ပေါင်း (၃၆၄၅) ပတ် ရမည်။
ဂုတ်တော်ကိုးဆင့်တက်စဉ်ကို ဆိတ်ငြိမ်သောနေရာ၊ တန်ခိုးကြီးဘုရားရှေ့တော်မှောက် ၌ အားထုတ်ပါ။ပဌမံပညာဆက် စည်းဆက် ပုဂ္ဂိုလ်ဆက် ပါရမီဆက် ပုဂ္ဂိုလ်များ ကျင့်ကြံနိုင်ကြပါစေ။

ကိုအောင်
Tag : Myanmar, spell
1 Komentar untuk "သုဒဿန နဝင်းပိုင်သိဒ္ဓိရှင် ပဌမံဆရာကြီးဦးအောင်၏ ပဌမံပါရမီရှင်များအတွက် လမ်းညွှန်ပုရပိုဒ်ကျင့်စဉ်ဖြစ်သော မဟာဂန္ဓာရီဂုဏ်တော်နဝင်းကိုးဆင့်တက်စဉ်"

ကြိုက်တယ်ဗျာ

MM-Search. Powered by Blogger.
Back To Top