.

နတ်သူငယ်လေးများအား မိမိအိမ်သို့ ဖိတ်ခေါ်ခြင်း (Attracting Faires)

(သတိ -- သူတို့ကို တစ်ကြိမ်ဖိတ်ခေါ်ပြီးပါက သူတို့ဘယ်တော့မှ အိမ်ကနေ ထွက်ခွာသွားလိမ့်မည်မဟုတ်ပါ)

၁။   သဘာဝတရားများနဲ့ အချိန်ကုန်ဆုံးပေးပါ။
၂။   ရေကန်အနား ၊ သစ်ပင်အောက်တွေမှာ တရားထိုင်ပေးပါ။
၃။   မိမိတို့အိမ်မှာ အပင်များ ၊ ပန်းပွင့်များကို စိုက်ပျိုးထားပါ။
၎။   သဘာဝနဲ့ပတ်သက်တဲ့ ချိုးဖေါက်မှုများကို မပြုလပ်ပါနဲ့။ အပင်များ နဲ့ သဘာဝကိုလည်း သန့်ရှင်းပေးပါ။ သူတို့ကိုလည်း ရိုသေဖို့ မမေ့ပါနဲ့။
၅။   မိမိကိုယ်တိုင် လွတ်လွတ်လပ်လပ်လုပ်ရမဲ့အလုပ်မျိုးဆိုရင် ပုံမှန်သာလုပ်လိုက်ပါ။ သင်ကျွမ်းကျင်လို့ လုပ်တာမဟုတ်ဆိုတာ ဖြစ်စရာမလိုပါဘူး။ အဓိကတော့ လုပ်နေဖို့ပဲလိုအပ်တာပါ။ အဲဒါဆိုရင် နတ်သူငယ်လေးတွေက မိမိဆီကို ပျော်ရွှင်ခြင်းတွေနဲ့အတူ ရောက်လာလိမ့်မယ်။
၆။   မိမိရဲ့အိမ်မှာ ခြံတစ်ခုလောက် ထားပေးလိုက်ပါ။ အဲဒီခြံထဲမှာ နတ်သူငယ်လေးများ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနိုင်ဖို့ပေါ့။
၇။   အခြားသူများနဲ့ စကားပြောဆိုသည့်အခါ ရိုင်းပြသောစကားလုံးများကို မပြောမိပါစေနဲ့။
၈။   မိမိရှင်သန်နေသရွေ့ မိမိရဲ့ကလေးများ နဲ့ အခြားကလေးများကို ဂရုစိုက်ပေးပါ။
၉။   ပင်လယ်ကျောက်ခက်များကိုလည်း မိမိတို့ ထိုင်နေကြနေရာတွေမှာ စနစ်တကျထားပါ။ သူတို့ကို ဖယ်ရီတို့ ဖန်ဆင်းလိုက်သောပစ္စည်းများဖြစ်ပါသည်။ သူတို့ကို စနစ်တကျထားမယ်ဆိုပါက နတ်သူငယ်များက မိမိတို့ စားစရာမရှိသည့်အခါ စားစရာများကို ဖန်တီးပေးပါလိမ့်မည်။
၁၀။  သီချင်းအေးအေးလေးတွေ နားထောင်ပါ။ သဘာဝဆိုင်ရာ ၀ိညာဉ်များက အေးချမ်းသောသီချင်းများ အသံများဆီကို လာနားထောင်တတ်ပါတယ်။
၁၁။  အိမ်ကို သန့်သန့်ရှင်းရှင်းထားဖို့က အရေးကြီးပါတယ်။ ဖယ်ရီတွေကို လာဖို့ဆွဲဆောင်တဲ့အခါမှာ ရှုပ်ထွေးနေတဲ့အခါ ဖယ်ရီများ လာမှာမဟုတ်တော့ပါဘူး။
၁၂။  အကယ်၍ အိမ်မှာ ဖယ်ရီရှိနေပီဆိုရင်တော့ အပြင်သွားတဲ့အခါ ပိုက်ဆံတွေ ၊ လက်ဆောင်ပစ္စည်းတွေ မထားခဲ့ရဘူး။ နွားနို့တစ်ခွက် နဲ့ ပျားရည်ပါတဲ့မုန့်များကို ထားခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ယုံကြည်မှုရနိုင်ပါလိမ့်မည်။


မိုးကြယ်စင်


0 Komentar untuk "နတ်သူငယ်လေးများအား မိမိအိမ်သို့ ဖိတ်ခေါ်ခြင်း (Attracting Faires)"

MM-Search. Powered by Blogger.
Back To Top