.

စွမ်းအင်အပ်နှင်းသူ နှင့် အနာဂတ်ဖတ်ကြားသူ (Enchanter & Diviner)



(၁) စွမ်းအင်အပ်နှင်းသူ (The Enchanter)
စွမ်းအင်အပ်နှင်းသူ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ သူတို့ရဲ့လုပ်ငန်းဆောင်တာအတွက် ဂုဏ်ပြုမှတ်တမ်းတင်ခံရတဲ့စာရင်းထဲမှာတော့ သူတို့အတွက် နေရာအနည်းငယ်လောက်သာ ရှိကြတယ်။ မှော်ပညာရဲ့အသေးဆုံး လူသိနည်းတဲ့ အခြေခံကျကျ ပညာရပ်တွေမှာ ၊ ဆေးပင်ပညာရပ်တွေမှာ နှင့် အခြားတစ်ခေတ်တစ်ခါက ထင်ရှားလှတဲ့မှော်ပညာရဲ့ရှားပါးအတတ်ပညာတွေမှာ မကြာခဏဆိုသလို အပ်နှင်းခြင်းတွေကို ကိုယ်ပိုင်စိတ်ထဲက မှန်ကန်မှုရှိခြင်းကို သိမြင်နိုင်တဲ့ဓာတ်များအတွင်း အနုပညာဆန်းတစ်ခုကို ပြီးပြည့်စုံရန်အတွက်သော်လည်းကောင်း ၊ အနုပညာဆန်းတစ်ခုကို ပိုင်းခြားနိုင်ရန်အတွက်သော်လည်းကောင်း စွမ်းအင်အပ်နှင်းသူတွေက ထူးခြားသောနေရာမျိုးတွေမှာ ဖန်တီးပေးတာကို အများဆုံးတွေ့ရပါတယ်။ နည်းနည်း နားရှုပ်သွားမယ်လို့ထင်မယ်။ အဲဒါကြောင့် အရှင်းဆုံးဖွဲ့စည်းပုံတစ်ခုနဲ့ ပြောပြပါမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထွက်ရပ်ပေါက်သွားတဲ့ ဘိုးဘိုးအောင်က ဘာကြောင့် ထွက်ရပ်ပေါက်ရသနည်း။ ပုဂ္ဂိုလ်တစ်ပါးပေးတဲ့ ပုရပိုဒ်ကြောင့် အဲဒီပုရပိုဒ်ထဲက ပညာရပ်များကို လေ့လာဆည်းပူးပြီး ထွက်ရပ်လမ်းကို မြန်းသွားခြင်းဖြစ်သည်။ အဲဒီ ပုရပိုဒ်သာ မရခဲ့ဘူးမှန်ခဲ့ပါက ဘိုးဘိုးအောင်ဟူသော နာမည်သည် နည်းနည်းကြာလာသည့်အခါမှသာလျှင် ကျော်ကြားလာမည်ဖြစ်ပေသည်။ ထိုပုရပိုဒ်ကို ပေးအပ်သူသည် စွမ်းအင်အပ်နှင်းသူဖြစ်သည်။ စွမ်းအင်အပ်နှင်းသူတွေအကြောင်းကို ပုံပြင်တွေမှာ သီချင်းတွေမှာ ဂမ္ဘီရစာပေတွေမှာ တော်တော်များများ မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းပါပဲ။ စွမ်းအင်အပ်နှင်းသူရဲ့စွမ်းရည်တွေက ရလာဒ်အမျိးအစားတစ်ခုချင်းစီကို သဘာဝကျကျဖြစ်ဆောင်ပေးနိုင်ခြင်းကဲ့သို့သော လမ်းကြောင်းတစ်ခုအတွင်းမှာ တည်ရှိနေသော ယေဘူယျမြင်လေ့မြင်ထရှိတဲ့ အရာဝတ္ထုများ၏ ဂုဏ်သတ္တိတွေကို သက်ရောက်တစ်ခုဖြစ်ပေါ်လာစေရန်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စွမ်းအင်အပ်နှင်းသူက ပညာရပ်တွေကို ချက်ချင်းကြီးတတ်မြောက်အောင် စွမ်းအင်ပေးချင်ပေးလိုက်မယ်ဆိုရင်တော့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ဖောက်ဖျက်ရာ ရောက်ပါတယ်။ အဲဒါကြောင့် လူတစ်ယောက်ကို အချိန်အခါ တစ်နေရာသို့ ရောက်လာသောအခါ သဘာဝတရားကြီးရဲ့ ထူးဆန်းသောပြောင်းလဲခြင်းများနှင့် တွေ့ဆုံပေးလိုက်ပီး အဲဒီပြောင်းလဲခြင်းများသည် ကျွန်တော်တို့ မြင်နေကြတဲ့ ပစ္စည်းတွေမှာလည်း သက်ရောက်မှုတစ်ခု ပေးလိုက်ရင် ဖြစ်ပေါ်စေနိုင်သည်ဆိုသော ကိစ္စများပင် ဖြစ်ပါသည်။ အဲဒီကိစ္စသည် သိပ္ပံပညာဖြင့် တူညီမှုရှိသော်လည်း သိပ္ပံထက် ထူးဆန်းသောပညာရပ်မျိုးများ ဖြစ်သည်။ နေ့စဉ်သုံးစကားဖြင့်ဆိုရမယ်ဆိုရင်တော့ စွမ်းအင်အပ်နှင်းသူတွေက သူတို့ကိုယ်တိုင် ရယူပိုင်ဆိုင်ထားသော ထူးဆန်းဖွယ်ရာဖြစ်နိုင်ခဲယဉ်းလှသော ဂုဏ်သတ္တိတို့ကို ရှင်းပြရန်အတွက် အနောက်တိုင်း ဓာတ်ငါးပါးစနစ်ကို အမြဲတမ်းအသုံးပြုတတ်ပါတယ်။ စွမ်းအင်အပ်နှင်းခြင်းသည် နာကျင်စရာကောင်းသောဖြစ်ရပ်များဆီကို အမြဲတမ်းဦးတည်သွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အမှန်တကယ်တည်ရှိနခြင်းဆိုတာကို လူတွေက မေ့လျော့နေကြသောကြောင့်ပဲ ဖြစ်သည်။ စွမ်းအင်အပ်နှင်းခြင်းသည် အခြားထင်ရှားသောဖြစ်ရပ်များထက် ပိုပြီး ကြွားဝါစရာမကောင်းပေမယ့် တစ်ခုကောင်းတာတော့ရှိတယ်။ အဲဒါကတော့ အခြားပညာရပ်တွေကို နားလည်နိုင်တဲ့အစွမ်းများ နဲ့ တိတ်ဆိတ်နေသောသတ္တ၀ါများနဲ့ ဆက်သွယ်နိုင်စွမ်းရှိတယ်။ ပညာရပ်အသစ်တစ်ခုကို သင်ရင် တတ်မြောက်လွယ်တယ်ဆိုတာ စွမ်းအင်အပ်နှင်းသူကို မှီလိမ့်မယ်မထင်ဘူး.။ တစ်ခုဝေခွဲမရတဲ့အချက်တစ်ချက်ကတော့ လူတွေကတော့ သူ့ကို စွမ်းအင်အပ်နှင်းသူလို့ မထင်ကြဘဲ အစီအရင်များကို စီရင်ပေးသူဆိုပြီး အကူအညီတောင်းတဲ့ကိစ္စပါပဲ.။ အဲဒီကိစ္စတွေကို ကြည့်ခြင်းအားဖြင့် စွမ်းအင်အပ်နှင်းသူသည် ဒဏ္ဍာရီဆိုင်ရာ အဆောင်များ ၊ သင်္ကေတများ ၊ အင်းချပ်များ ၊ အင်းကွက်များစွာကို ရရှိထားကြတယ်။ အဲဒီမှတ်တမ်းများကို သိမ်းဆည်းထားပြီး အဲဒီကျမ်းနဲ့ ပေါက်ရောက်နိုင်သူဆီ အရောက်ပို့ဆောင်ပေးရပါတယ်။ စွမ်းအင်မရှိလို့ လူအဖြစ်နဲ့ ကျင့်ကြံရင် သေဆုံးသွားတာတောင် အဲဒီအချက်အလက်များက နောက်ထပ်ဘ၀သို့ ကံတရားလှိုင်းတွေနဲ့အတူတူ လိုက်ပါလာခဲ့ပါတယ်။ စွမ်းအင်အပ်နှင်းသူတွေမှာ လက်တွေ့ပြသနိုင်တဲ့ ဂမ္ဘီရဖြစ်စဉ်များကို ထုတ်ဖော်နိုင်တဲ့အရည်အချင်းမျိုးတွေ ပညာရပ်တွေ ရှိပါတယ်။

ဒါပေမယ့် စွမ်းအင်အပ်နှင်းသူတွေကြားမှာ ပြဿနာာရှိတာကတော့
(၁) ဘယ်တော့မှ အသုံးဝင်တဲ့ BOS ကို စနစ်တကျမထားဘူး.။
(၂) လုပ်ရမဲ့အကြောင်းအရာကိုပဲ ရှေးရှု့တယ်။

အကယ်၍ မိမိသာ စွမ်းအင်အပ်နှင်းသူဖြစ်မယ်ဆိုရင် အပေါ်ကနှစ်ချက်ကို ဆန့်ကျင်ပါ။ စွမ်းအင်အပ်နှင်းသူတစ်ယောက်က အဆောင်လက်ဖွဲ့များ ၊ ပစ္စည်းများအစရှိသော မှော်ဆန်သောရုပ်ဝတ္ထုပစ္စည်းများ ဖန်တီးခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ သာလွန်မှုအရှိဆုံးပါ။ အကယ်၍ ပစ္စည်းတစ်ခုကို မီးဓာတ်ဖြင့် အားသွင်းလိုက်မယ်ဆိုရင် (let’s say it’s a glove) ပစ္စည်းကို ဖယ်ကာထားတဲ့မီးလောင်လွယ်တဲ့ ပစ္စည်းရှိပါက မီးလောင်ပြာကျသွားစေနိုင်တယ်ဆိုတာ သတိပြုမိစေချင်တယ်။ ရာနှုန်းပြည့် အစွမ်းမရှိဘူးဆိုရင်တောင် မန္တန်ကို စာတစ်ကြောင်းပြင်ဆင်လိုက်ရုံနဲ့ အဲဒီမန္တန်အသံပြန်ဝင်လာပါတယ်။ ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မှတ်တမ်းလေးတစ်ခုကို ရေးပါ။ ပြီးတော့ သိမ်းဆည်းထားပါ။ စွမ်းအင်အပ်နှင်းသူတစ်ယောက်ရဲ့မှတ်တမ်းကိုသာ ရလိုက်မယ်ဆိုရင် ဘာလိုလို ဖြစ်အောင်လုပ်ဆောင်နိုင်တဲ့ မှော်ပစ္စည်းများကို ဖန်တီးနိုင်တဲ့အတွက် အံ့သြစရာကောင်းသော အချက်အလက်များပင် ဖြစ်ပါသည်။

(၂) အနာဂတ်ဖတ်ကြားသူ (The Diviner)
http://www.lunasgrimoire.com/wp-content/uploads/2012/06/The_Gypsy_Mark_by_mordigen-300x208.jpg
အနာဂတ်ဖတ်ကြားသူ၏ အဓိကလုပ်ငန်းတာဝန်မှာ ဘာတွေဖြစ်ပေါ်နေလဲ၊ ဘာတွေဖြစ်ပေါ်ခဲ့လဲ၊ ဘာတွေဖြစ်ပေါ်တော့မှာလဲဆိုတာကို ရှာဖွေရန်ဖြစ်သည်။ ယေဘုယျအားဖြင့် တွေးကြည့်လျှင်တော့ အနာဂတ်ဖတ်ကြားသူများဟာ သူတို့ အနာဂတ်ဆိုင်ရာမှာ ဘာတွေဖြစ်နိုင်မလဲဆိုတာကို ရုပ်ပိုင်းဆိုင်ရာ ကြားခံပစ္စည်းတစ်ခုခုကို အသုံးချပြီးရှာဖွေကြသည်။
အသုံးချကြသော ရုပ်ဝတ္ထုကြားခံနယ် ပစ္စည်းကိုလိုက်၍ အနာဂတ်ဖတ်ကြားသူများ၏ ပုံစံလည်းပြောင်းလဲသွားသည်။ အနာဂတ်ဟောပြောသူများမှာ များသောအားဖြင့် တိမ်၊ တားရော့၊ ရူးန်သင်္ကေတ၊ ရေ၊ မီး၊ မြေ၊ လေ၊ သဲ၊ သစ်သားချောင်းလေးများ၊ ၊ ကျောက်တုံးများ၊ ငှက်များ၊ ကြောင်များ၊ ခွေးများ၊ ပင့်ကူများ၊ အရိုးများ၊ အူများ၊ သွေးများ၊ အင်းဆက်များ၊ မိုးလေဝသအခြေအနေများ၊ မစင်များ၊ လက်သည်းခွံများ၊ သစ်သီးများ၊ လက်ဗွေရာများ၊ ခရစ္စတယ်များ၊ တံလျှပ်များ၊ မျက်လုံးအခြေအနေ၊ ဖယောင်းတိုင်များ၊ တံထွေးများ၊ ဝိညာဉ်များ၊ ဖယ်ရီများ၊ မှင်စာများ၊ ဆီးရည်၊ ခန္ဓာကိုယ်တိုင်းတာမှုရလဒ်များ၊ လက်ဖက်မြောက်များ၊ ကိုယ်ရောင်ကိုယ်ဝါကိုယ်ငွေ့များ၊ ဖယောင်းအစက်ချခြင်း၊ သွားစီရီပုံ၊ စားသောက်မှုပုံစံ၊ မွေးနေ့များ၊ ရာသီခွင်များ၊ အစရှိသဖြင့် မြောက်များလှစွာသောနည်းလမ်းများဖြင့် ဟောပြောကြသည်။
အနာဂတ်ဖတ်ကြားသူတိုင်းတွင် ဘာဖြစ်မည်ဆိုတာကိုပြောဖို့ နည်းလမ်းပေါင်းများစွာရှိမည်။ သို့ပေမယ့် သူတို့ရဲ့ တူညီသောအချက်တစ်ခုကတော့ ဘာပဲဖြစ်ဖြစ် မိမိယုံကြည်သလို၊ မိမိမြင်သလိုသာ ဟောပြောကြကာ သူတို့ဟောပြောချက်များဟာလည်း မှန်ကန်လေ့ရှိကြပါတယ်။ အနာဂတ်ဖတ်ကြားသူတိုင်းဟာ  အနာဂတ်ဟောပြောမှုမပြုနိုင်သေးသော မှော်အတတ်ပညာရှင်များနှင့်ဆက်သွ
ယ်ကာ သူတို့၏ လက်ထောက်များ၊ အရံများ၊ နောက်ကွယ်မှ အကူအညီပေးသူများအဖြစ်နဲ့ အလုပ်အကိုင်လုပ်ကိုင် ကြပါတယ်.။
များသောအားဖြင့် ကျပန်းစနစ် ကွန်ပျူတာဆော့ဝဲဗေဒင်များထက် တကယ့် သင့်အနာဂတ်ကိုဟောပြောနိုင်မယ့် အနာဂတ်ဖတ်ကြားသူအစစ်ကိုသာ သင်ရှာဖွေတာ အကောင်းဆုံးဖြစ်ပါတယ်။  အနာဂတ်ဟောပြောခြင်းနဲ့သက်ဆိုင်သောစာအုပ်များလည်း အများကြီးပင်ရှိပြီး အနာဂတ်ဟောပြောခြင်းကိုဆည်းပူးရန် လိုက်လံရှာဖွေခြင်းလောက် လွယ်ကူတာရှိမှာမဟုတ်တော့ပါဘူး။



မိုးကြယ်စင်
Tag : knowledge, logy
0 Komentar untuk "စွမ်းအင်အပ်နှင်းသူ နှင့် အနာဂတ်ဖတ်ကြားသူ (Enchanter & Diviner)"

MM-Search. Powered by Blogger.
Back To Top