.

လူချစ်ခင်စေသော နေစကြာတံဆိပ်တော်


နေတံဆိပ်တော်ကို ဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုရမလဲဆိုတော့ အသုံးပြုရမဲ့နေရာတွေ ရှိပါတယ်။ အနောက်တိုင်းအဆောင်တွေမှာ စက်ဝိုင်းပုံစံမျိုးတွေ့ဖို့ ရှားပါတယ်။ မြန်မာမှာဆိုရင် ပဒုမ္မာကြာပန်းစာရေးနည်းနဲ့ ဇိရှစ်ချက်ဂါထာတို့လို ဂါထာများကို ရွတ်ဆိုလျှင်ပဲ ဖြစ်ဖြစ် အဆောင်အနေနဲ့ ဆောင်ထားရင်ပဲ ဖြစ်ဖြစ် ရပါတယ်။ ဒီဟီဘရူးအဆောင်ကလည်း အင်းကွက်ပုံစံဆောင်ထားလို့ရပါတယ်။ နေကြာပန်းပုံစံ ဆောင်ထားရင်တော့ နေတံဆိပ်ဆိုတဲ့နာမည်နဲ့ လိုက်ဖက်မှုရှိသွားလိမ့်မှာပါ။ လတံဆိပ်ဆိုရင် လခြမ်းပုံသဏ္ဍာန်ပြုလုပ်လိုက်ခြင်းဖြင့် လမင်းရဲ့ဓာတ်များကို ပိုမိုစီးဆင်းလာတာကို တွေ့ရသောကြောင့် အနောက်တိုင်းပညာရှင်များက နေတံဆိပ်အဆောင်ကိုလည်း နေထွက်ရာ မျက်နှာမူတတ်သော နေကြာပန်းပုံသဏ္ဍာန်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ နေစကြာတံဆိပ်အဆောင်က မည်သည့်နေရာမှာ အသုံးချရမှာလဲ။ ဘယ်လိုဆောင်ရင်ကောင်းမလဲဆိုတာ ရှင်းပြပါ့မယ်။

ဆောင်ပုံဆောင်နည်းများ နှင့် အစီအရင်များ

(၁) မိမိတွင် နေမင်းကြီးဆင်းလာသကဲ့သို့ ဒုက္ခများပူလောင်ခြင်းများ ခံစားနေရပါက အပြာရောင်စာရွက်ဖြင့် ပရင့်(၁၈)ရွက်ထုတ်ပြီး လှေပုံသဏ္ဍာန်ခေါက်ကာ တစ်နေ့ကို နှစ်စီးချောင်းမှာ မနက်နေထွက်ချိန်တွင် မျှောပေးရပါမည်။ မျှောနေစဉ်အချိန်တွင် မိမိရဲ့အခက်အခဲများသည် နေမင်းကြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုက်နက်တည်းပျောက်ကွယ်သွားပြီဟု အာရုံပြုပြီး (၉)ရက်လုပ်ပေးပါ။ သိသိသာသာ အဆင်ပြေသွားပါလိမ့်မည်။

(၂) မိမိတွင် အ၀ါရောင်ကသိုဏ်း ၊ နေကသိုဏ်း ၊ မီးကသိုဏ်းကျင့်နေသည့်အခါ အထောက်အကူဖြစ်စေလိုပါက အ၀ါရောင်စာရွက်တွင် တစ်ဖက်တွင် လေးထောင့်အင်းကွက် ၊ တစ်ဖက်တွင် နေကြာပန်းပုံအင်းကွက် ဟိုဘက်ဒီဘက် ပရင့်ထုတ်ကာ ဆောင်နိုင်ပါသည်။ ပလတ်စတစ်လေးတော့ လောင်းထားပေါ့။ မိမိရဲ့အတွင်းအပူစွမ်းအင်များကို မြင့်စေပါသည်။ ဒီအဆောင်ဓာတ်ဖြင့် စွမ်းအင်ရယူလိုပါက နေမင်းကြီးအောက်တွင် (၇)ရက် စွမ်းအင်ခံယူခိုင်းပြီး လက်ဖြင့်ကိုင်ကာ အဆောင်အတွင်းမှာ အပူဓာတ်များသည် မိမိ၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်နေပြီလို့ အာရုံပြုပြီး မိမိရဲ့မီးဓာတ်စွမ်းအင်တွေကို ပွားများအောင်လုပ်ဆောင်နိုင်ပါသည်။

(၃) ဆုံးဖြတ်ချက်ခက်နေသော ဖြစ်ရပ်များဖြစ်လာပါက အနီရောင်စာရွက်ဖြင့် (၇)ရွက် ပရင့်ထုတ်ပြီး ဖယောင်းတိုင်တွင်ကပ်ကာ ဘုရားစင်တွင်တင်၍ မိမိဆုံးဖြတ်ချက်များ ပြေလည်ပါစေကြောင်းဆုတောင်းပြီး တစ်နေ့တစ်တိုင်ထွန်းပါ။

(---ရွှေရောင်စာရွက်ဖြင့် ဆောင်ထားနိုင်ပါကလည်း မိမိပြောဆိုရမည့်စကားများအောင်မြင်နိုင်ပြီး အထက်အရာရှိများလည်း မိမိကို ချစ်ခင်မြတ်နိုးပါလိမ့်မည်..။)
Tag : myths, worldcraft
0 Komentar untuk "လူချစ်ခင်စေသော နေစကြာတံဆိပ်တော်"

MM-Search. Powered by Blogger.
Back To Top