.

ဒီမွန်အနိမ့်ပိုင်းများ - (၁)

အနိမ့်အဆင့်ရှိသောဒီမွန်များသည် မြောက်မြားစွာရှိကြပြီးတော့ အချို့လူကြားထဲမှာ ရှိနေတတ်တဲ့ အမှန်တကယ် နတ်ဆိုး(ဒီနေရာမှာတော့ ဒေ၀တာလို့ မသတ်မှတ်)များဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဒေ၀တာဟု သတ်မှတ်ခံရသည့် ဒီမွန်များသည် ကြီးကျယ်သောသမိုင်းဖြင့် တန်ခိုးကြီးသော အစွမ်းများရှိကြသည်။ နတ်ဆိုးများသည် စိတ်ချမ်းမြေ့ဖွယ်ရာရှိသော အနီရောင်မျက်လုံးများနှင့် အမွှေးရှည်များရှိကြပေသည်။ အနီးကပ်ကြည့်မယ်ဆိုရင်တော့ နတ်ဆိုးများသည် ပတ္တမြားကဲ့သို့ တောက်ပသောအဆင်းရှိသည့် အလှဆုံးမျက်စိများရှိကြပြီး ကိုယ်ရောင်ကိုယ်ဝါများသည်လည်း ထင်ရှားမှုရှိလှပေသည်။ သူတို့သည် ကွဲပြားခြားနားတဲ့ ဂြိုဟ်ကနေ ဆင်းသက်လာကြတာလည်းရှိကြပြီး ခမည်းတော်ဖြစ်သော စေတန်နှင့် အခြားသော နတ်ဆိုးများနှင့်အတူ နေထိုင်ကြသည်။



Pazuzu

အနိမ့်ပိုင်းနတ်ဆိုးများသည် ကာကွယ်စောင့်ရှောက် သူများဖြစ်ကြသည်။ ကလေးများကို စောင့်ရှောက်ပြီး မိခင်များ ကလေးမီးဖွားမှုကို လျောလျောရှုရှုဖြစ်စေရန် ကူညီစောင်မ ပေးတတ်သော နတ်ဆိုးတစ်ပါးဖြစ်ပေသည်။ အဲ့ဇိုင်ရီးယန်း နှင့် ဘေဘီလိုနီးယန်း ဒဏ္ဍာရီတွေထဲမှာတော့ နတ်ဘုရား ဟန်ဘီရဲ့ သားဖြစ်ပြီး လေကို အစိုးရသည့် ဒေ၀တာအပေါင်းတို့၏ ဘုရင်ဖြစ်သည်။ သူသည်အနောက်တောင်လေကို ကိုယ်စားပြုပြီး မိုးကြိုးနဲ့လျှပ်စီးကိုလည်း ကိုယ်စားပြုသည်။ ဒီနတ်ဆိုးကို 1973 တွင် ပြသခဲ့သော "The Exorcist" ကားထဲတွင် ကက်သလစ်ဘာသာဝင်တစ်ဦးက အဆိုးမြင်ဝါဒဖြင့် ရေးသားထားသော ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းက အဲဒီကားထဲကအတိုင်း ကလေးတွေကို နှိပ်စက်တယ်ဆိုတာ ပါဇူးဇူး နတ်ဆိုးမှာ မရှိပါဘူး။ စေတန် ၊ နတ်ဆိုးများရှိနေခြင်းသည်လည်း အကြောင်းရင်းတစ်ခုကြောင့် ရှိနေခြင်းသာ ဖြစ်ပြီး လူတွေကို ဒုက္ခပေးဖို့ ရှိနေခြင်း မဟုတ်ကြပါဘူး။ လူတွေကြောင့်သာ သူတို့သည် ခိုင်းရာကို လုပ်ဆောင်ကြသဖြင့် ဆိုးသွမ်းသောအစောင့်အရှောက်များဟု အထင်အမြင်ခံရပေသည်။ ပါဇူးဇူး၏ပုံစံမှာ လူသားနဲ့ တိရစ္ဆာန်ပေါင်းစပ်ထားသကဲ့သို့ ဖြစ်သည်။ လူခန္ဓာကိုယ် ၊ ခြင်္သေ (ခွေး) ဦးခေါင်း ၊ အတောင်ပံနှစ်ခု ၊ လင်းယုန်ခြေထောက် ၊ မြွေအမြီး ၊ မြွေပွေးခေါင်းပုံစံရှိသော လိင်တံ ဖြစ်သည်။ သူ့ရဲ့ညာဘက်လက်သည် အပေါ်ကို ညွှန်ပြနေပြီး ဘယ်ဘက်လက်သည် အောက်ကို ညွှန်ပြနေသည်။ သူကိုယ်တိုင်သည် နတ်ဆိုးတစ်ပါးဖြစ်နေပေမယ့် အခြားနတ်ဆိုးများကြောင့် ဖြစ်စေတဲ့ကံဆိုးမှုတွေ အတိုက်ခံရခြင်းများကို မဖြစ်ရအောင်လည်း ကူညီပေးတတ်ပါတယ်။

Tag : demon
0 Komentar untuk "ဒီမွန်အနိမ့်ပိုင်းများ - (၁) "

MM-Search. Powered by Blogger.
Back To Top