.

ငွေဝင်ဂါထာများ စုစည်းမှု

 
(၁) ငွေဝင်ဂါထာရွတ်ပွားပါ

ဤစနစ်ကိုပြုလုပ်သူသည် လူဖြစ်ပါက ငါးပါးသီလ၊ ရဟန်းဖြစ်က (အနည်းဆုံး) ကိုးပါးသီလ ခံယူရမည်။ အောက်ပါဂါထာကို နံနက်(၄)နာရီတွင်ရွတ်ဆိုရမည်။ (သို့မဟုတ်) ပုတီးစိပ်ရမည်ဖြစ်သည်။

"လာဘံ လာဘံ ဝိဿ     ရ လောပု သဗု"
 
                        အကြိမ်မည်မျှရွတ်ဆိုရမည်။ ပုတီးစိပ်ရမည်နှင့်ပတ်သတ်၍ တင်ပြရလျှင် (၁ဝ၈)ခေါက်ရွတ်ဆိုရပေမည်။ (၁ဝ၈)လုံးပုတီးနှင့်စိပ်က ပုတီး(၁)ပတ်ရှိပါမည်။
                         ပုတီးမစိပ်မီ မရွတ်ဆိုမီ ပြုလုပ်ရန်မှာ မိမိအခက်အခဲအရ လိုရာကို စိတ်ညွှတ် အာရုံပြုထားရမည်။ ထို့ပြင် ဤအကျင့်၊ ဤနည်းစနစ်သည် ယခုကြုံတွေ့နေရသော ငွေကြေးအခက်အခဲ၊ ယခုအလိုရှိရာငွေကြေးအတွက် အမှန်တကယ် ပြည့်ဝ အောင်မြင်နိုင်မည်မှာမလွဲဟု ခိုင်မာပြင်းပြစွာ ယုံကြည်မှုလည်းရှိရပေမည်။ အောင်မြင်သူတို့၏ သာဓကများစွာရှိ၍ စိတ်ချယုံကြည်စွာ လက်စွဲပြုလုပ်ကိုင်နိုင်ပါသည်။ ဤအဓိဋ္ဌာန်ကို အများစုက(၉)ရက်ပြုလုပ်ကြသော်လည်း (၃)ရက်၊ အချို့က(၁)ပတ်အတွင်း ထူးခြားမှုများ ကြုံရကြောင်း သိခဲ့ရပါသည်။

(၂) နဝင်းနှစ်ထက် လာဘံအစီအရင်
                     ပြုလုပ်ပုံမှာ ကြေးလင်ပန်းတစ်ချပ်ကို သန့်စွာဆေးကြော၍ အမွှေးနံ့သာများပက်ဖျန်းပေးပါ။ ဖရဲသီးတစ်လုံးကိုလည်း အမွှေးများပက်ဖြန်း၍ ထိပ်ဝကိုတော်ရုံလှီးဖြတ်ကာ လင်ဗန်းထဲငြိမ်နေအောင်ထားပါ။ (ဖရဲသီးငြိမ်စေရန် ဖြတ်လှီးထားသော ဖရဲသီးဖြတ်စများကို ခုခံပေးပါ။ တခြားအရာများမသုံးရ) ထို့နောက်လှီးဖြတ်ထားသော ဖရဲသီးထိပ်ဝတွင် ငွေစက္ကူ (ပိုက်ဆံတစ်ရွက်) ကို ကန်တော့ချိုးထိုးစိုက်၍ ဘုရားအားလှူဒါန်းရန်ဖြစ်သည်။ လှူရမည့်ရက်မှာ မိမိမွေးနေ့ဖြစ်ရမည်။ နံနက်ပိုင်းတွင် ကပ်လှူပေးရမည်။
                         မိမိကိုးကွယ်အားထားရာ ပုဂ္ဂိုလ်အစောင့်အရှောက်များ၊ သမ္မာဒေဝနတ်ကောင်း နတ်မြတ်များကိုလည်း ပင့်ဖိတ်၍ မိမိအလှူအတွက် သက်သေအရာထားနိုင်ပါသည်။           ထို့နောက် အောက်ပါဂါထာကို ပုတီးစိပ်ခြင်း(သို့တည်းမဟုတ်) ရွတ်ဆိုပွားများခြင်းများကို ပြုလုပ်ရပါမည်။ အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိပါ။ မိမိတတ်စွမ်းသလောက် ရွတ်ဖတ်ပွားရန် ပုတီးစိပ်ရန်သာဖြစ်သည်။

"ဗုဒ္ဓါနံ အဘိဟဠာနံ စတုန္နံ ပစ္စယာနံ
နသက္ကော ကေနစိ အန္တရာယောကာတုံ၊
ဝန္ဒာ မဟံဟံဧဝံ မေဟောတု"

                       "ဘုရားရှင်တို့၏စည်းစိမ်ကို မည်သူမျှမဖျက်ဆီးနိုင်"ဟု အနက်ရသောဂါထာဖြစ်သည်။ သာဓကများအရ ထိုနဝင်းနှစ်ထပ်လာဘံအစီအရင်ကြော
င့် ထီပေါက်ခြင်း၊ အမွေရခြင်း၊ ရာထူးတက်ခြင်း၊ ငွေကြေးဓန၊ လာဘ်လာဘများဝင်ခြင်း စသောအကျိုးထူးတရားများ ရရှိနိုင်စေကြောင်းသိရပါသည်။
(၃) ပုတီးစိပ်လျှင် ငွေတွေဝင်
" ဒုတိယမၸိ ဗုဒၶံ သရဏံ ဂစၦာမိ ၊ ဒုတိယမၸိ ၶဓမၼံ သရဏံ ဂစၦာမိ ၊ ဒုတိယမၸိ သံဃံ သရဏံ ဂစၦာမိ "

တစ်ပုဒ်ဆုံး ပုတီးတစ်လုံးချ (၁၀၈)လုံး ပုတီးဖြင့် နံနက်(၁)တစ်ပတ် ၊ ည(၁)ပတ် အမြဲစိပ်ပါ။ ထားစရာမရှိအောင် ငွေချမ်းသာသည်။ ကလေးများကို ငွေပံ့သကူ ပစ်ပေးပါ။
(၄) လာဘ်နှိုးဂါထာ

  ဈေးရောင်းကောင်းစေကာ ရောင်းမှန်၊ ဝယ်မှန်၊ အပြောမှန်၊ အဆိုမှန်ဖြစ်စေနိုင်ပြီး နေ့စဉ်ရွတ်ပါက လာဘ်ရွှင်ခြင်း၊ ငွေဝင်ခြင်း၊ ကူညီထောက်ပံ့ချင်သူများ ပေးကမ်းချင်သူများပေါများကာ မျက်နှာလည်းပွင့်စေပါသည်။

"ဥုံ  ဗုဒ္ဓ မေတ္တံလာဘံ ဧဟိ
ဥုံ  ဓမ္မ မေတ္တံလာဘံ ဧဟိ
ဥုံ  သံဃာ မေတ္တံလာဘံ ဧဟိ
ဥုံ ဟဟိလာဘံ ဇေယျ မင်္ဂလံ သွာဟ"

                         ထိုဂါထာကို အိမ်မှမထွက်ခင် နေထွက်ရာအရပ်ကိုမျက်နှာမူပြီး ခြေစုံရပ်ကာ (၃၇)ခေါက်ရွတ်၍လာဘ်နှိုးပါ။ လာဘ်များဝင်လာပါလိမ့်မည်။ အထက်ပါအတိုင်းအကျိုးထူးပါလိမ့်
မည်။
(၅) နေ့စဉ်ကုန်ကျစရိပ်များ ပြန်ဝင်လာစေသော ဂါထာတော်

ဗုဒ္ဓ ဂုဏော အနန္တော
ဓမ္မ ဂုဏော အနန္တော။
သံဃ ဂုဏော အနန္တော။
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ။
ဓမ္မော မေ သရဏံ အညံ နတ္ထိ။
သံဃော မေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဧသာ ဉတ္တိ ဂစ္ဆာ အမုမှိ သြကာသော တိဋ္ဌာဟိ။


နံနက်အိပ်ယာထ အခေါက်(၂၀)။ ညအိပ်ရာဝင် အခေါက်(၂၀) ။ ယုံယုံ ကြည်ကြည် ရက်ပေါင်း(၉၀) မပျက်တန်း ရွတ်ပါလေ။ အကျိုးထူး ရလိမ့်မည်ဖြစ်သတည်း။ 

(၆) ငွေဝင် ဂါထာ (ခ) ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောဂါထာ

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဒေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဖ မဟော ရတ္တိ၊ဗုဒ္ဒေါ တပတိ တေဇသာ။

မြန်မာပြန်လေးကတော့….
ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ရှင်နေမင်းသည် နေ့အခါ၌သာလျှင် ထွန်းလင်းတောက်ပနိုင်ပေ၏။
ငွေစန္ဒာလမင်းကြီးသည်လည်း ညည့်အခါ၌ သာလျှင် လင်းလက်တောက်ပမှုကိုပေးနိုင်၏။
လူတို့၏သခင် ပြည့်ရှင်မင်းသည်လည်း မင်းမြောက်တန်ဆာ ၀တ်ဆင်တန်ဆာမှာသာလျှင် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၏။
ရဟန္တာတို့သည်လည်းပဲ ဈာန်သမာပတ်ဝင်စားနေမှသာလျှင် တင့်တယ်ကြည်ညိုဖွယ်ကိုဆောင်၏။
အရာအားလုံးတို့ ကျနော်တို့ မြတ်စွာဘုရားရှင်သည် နေ့ရော ညည့်ပါ အခါခပ်သိမ်း ရောင်ခြည်တော်ခြောက်သွယ် တန်ခိုးငါးမျိုးနှင့် တင့်တယ်ထွန်းလင်းတောက်ပနေတော်မူပေ၏။

လင်ပန်းသုံးချပ်အား ဘုရားနှင့်နီးစပ်အောင်ထားပြီး ဂါထာတော်အား (၃)ခေါက်ရွတ်ပါ။ ပြီးလျှင် ကြေးစည်ထုပါ။ လာဘ်ရွှင်ပါသည်။

လာဘ်လာဘချက်ခြင်းပွင့်ရန်အတွက် နောက်တစ်ခုရှိပါသေးတယ်။ ကျပ်စေ့(၁)စေ့ပေါ်တွင် ခြင်္သေ့ဘက်၌ ထုံးဖြင့် "က" ကြီးဟုရေးပါ။ ဂါထာဖြင့် (၉)ခေါက် ရွတ်ပါ။ ကြေးဖလားတွင် ရေစိမ်။ ဒီရေဖြင့် အိမ်ရှေ့တွင် ပက်ဖြန်းပါ။ 

 
Tag : Myanmar, spell
0 Komentar untuk "ငွေဝင်ဂါထာများ စုစည်းမှု"

MM-Search. Powered by Blogger.
Back To Top