.

ချစ်သူအချင်းချင်းတွေ နားလည်မှုလွဲနေကြတယ်ဆိုရင်..။


အချို့ ချစ်သူစုံတွဲတွေ ရှိပါတယ်။ ဘာမဟုတ်တဲ့ ပြဿ     နာလေးကို ပုံကြီးချဲပြီး အထင်အမြင်လွဲတာတို့ ၊ အထင်သေးခံရတာတို့ ၊ အမြင်စောင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘက်ကလည်း မမှားပဲနဲ့ အထင်အမြင်လွဲခံရတဲ့အခါ အရမ်းကို ခံစားရခက်ပါတယ်။ ဒီလိုမျိုး တစ်နေ့ ကြုံလာခဲ့ပြီဆိုရင်တော့ နည်းလမ်းလေးတစ်ခု ရှိပါတယ်။

ဘယ်သူအထင်လွဲလွဲ နားလည်မှုအလွဲခံရသူက လုပ်ရမှာနော်။ မိမိမွေးနေ့ မနက် (9း45) မှာ ရွှေဖရုံသီးတစ်လုံးအပေါ် မိမိကို အထင်လွဲနေတဲ့ မိမိချစ်သူနာမည်ရေးပါ။ အိမ်ဘုရားမှာ တင်လှူပြီး ဆယ်နာရီမှာ ပြန်စွန့်ပြီး ရွှေဖရုံသီးကို ချက်စားပါ။ မချက်တတ်ရင်တော့ ချက်တတ်သူ ချက်ခိုင်းဗျာ။ အဲဒီနေ့တော့ အဲဒီရွှေဖရုံသီးဟင်းကို မိမိဘာသာပဲ စားပါ။ မည်သူမှ မစားပါစေနဲ့။ စားနေတဲ့အချိန်မှာ
အထင်အမြင်လွဲခံရတာ ပြေလည်ဖို့ ဆုတောင်းရပါမည်။ ချစ်သူတွေ အထင်လွဲတာမျိုး နောက်မဖြစ်ချင်ဘူးဆိုရင်တော့ 
 
ယင်ယန်သင်္ကေတကို ဒေးဗစ်ကြယ်လို့ခေါ်တဲ့ ခြောက်ထောင့်ကြယ်နဲ့ ရောပြီး သုံးလိုက်တဲ့ သင်္ကေတကို ဆောင်ထားပါ။ ဖြစ်နိုင်ရင် ဆွဲကြိုးလုပ်ပြီး ချစ်သူနှစ်ယောက်ဆွဲထားလိုက်ရင်လည်း အိုကေပြီပေါ့။ အထင်အမြင်လွဲတာမျိုးတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒီသင်္ကေတရဲ့အဓိပ္ပာယ်ကတော့ ပြန်လည်ပေါင်းစပ်တယ်။ မခွဲမခွာနေရတယ် ဖြစ်ပါတယ်။ ဒီနေရမှာ စကားစပ်လို့ တစ်ခု ထပ်ပြောပြပါအုန်းမယ်.။ မိမိရဲ့အချစ်ဆုံး အခင်ဆုံး ချစ်သူ ၊ ဆွေမျိုး ၊ သူငယ်ချင်းများနဲ့ ခွဲခွာခဲ့သည်မှာ ကြာလာတဲ့အခါ မိမိအချစ်ဆုံးသူတွေကို ပြန်လည်တွေ့ဆုံချင်ပါတယ်ဆိုရင်တော့ ဒီသင်္ကေတလေးကို ပရင့်ထုတ်လိုက်ပါ။ ကိုးရက်ထုတ်လိုက်ပါ။ အဲဒီထုတ်လိုက်တဲ့ ကိုးရွက်ရဲ့အနောက်မှာ မိမိတွေ့ဆုံချင်သောသူနဲ့ ပြန်လည်ဆုံတွေ့ချင်ပါတယ်ဆိုပြီး စာကိုရေးပါ။ ဖယောင်းတိုင်မှာ ပတ်ပြီး ကိုးရက်မီးထွန်းပါ။ ပြန်လည်ဆုံတွေ့ခွင့်ရရှိပါလိမ့်မယ်။


Tag : love, myths

Related Post:

0 Komentar untuk "ချစ်သူအချင်းချင်းတွေ နားလည်မှုလွဲနေကြတယ်ဆိုရင်..။"

MM-Search. Powered by Blogger.
Back To Top