.

တစ္ဆေမြင်နိုင်စေတတ်သောအစီအရင်

 

မတူကွဲပြားသောတစ္ဆေနည်းတွေထဲမှာ တကယ်မြင်ရနိုင်တဲ့နည်းလမ်းလေးကို မျှဝေပေးလိုပါတယ်။ တစ္ဆေမြင်နည်းတွေထဲမှာ ခွေးမျက်ချေးကိုမျက်လုံးမှာကွင်းကြည့်တာ စသဖြင့်ကြားဖူးခဲ့ပေမယ့် စမ်းကြည့်တော့ တကယ်မမြင်ရခဲ့ပါဘူး။ ဒီနည်းနဲ့စမ်းသပ်ကြည့်တဲ့အခါမှာတော့
အကောင်အထည်လိုက်တော့မဟုတ်ဘဲ အရိပ်အယောင်လောက်မြင်နိုင်ခဲ့တာကြောင့်
ဒီနည်းကိုမျှဝေပေးလိုက်ပါတယ်။ နည်းကိုပြောမပြခင်မှာ ပထမဆုံး နှလုံးရောဂါရှိသူများ၊ နှလုံးအားနည်းသူများနဲ့ ကြောက်တတ်သူများ
စမ်းသပ်မကြည့်သင့်ပါကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်ဗျာ။

               ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ဘဝမှာ ကိုယ်ဝမ်းအနည်းရဆုံးအခြေအနေတွေကိုတွေးကာ
မိမိမျက်ရည်ကိုထွက်နိုင်သလောက်ထွက်လာအောင် ညှစ်ထုတ်ပါ။ မျက်ရည်တွေကျလာပြီဆိုရင်တော့ အဲ့ဒီမျကရည်ကို မျက်ခုံးနှစ်ခုဆုံရာ အလယ်အစပ်နား (တတိယမျက်လုံးနေရာ) ကိုမျက်ရည်များခြောက်သွေ့စိမ့်ဝင်ပြီး ဘာမှမရှိတော့သည်အထိသုတ်လိမ်းပါ။ သုတ်လိမ်းပြီးရင်တော့
ပက်လက်လှန်ကာတစ်ရေးအိပ်လိုက်ရမှာပါ။ အိပ်တဲ့နေရာမှာလည်း တစ်ကိုယ်လုံးကို ဆန့်ကာ လက်များကိုလည်း လက်ဖဝါးပက်လက်လှန်သည့်အတိုင်းဖြန့်ချထားပါ။

            တစ်ချို့လူတွေမှာ အိပ်ပျော်သွားတဲ့အချိန် မိမိကိုယ်ကနေ ဝိဥာဉ်ခွာသွားတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ ထိုအရာက သင့်ရဲ့အသက်အန္တရာယ်အတွက်ဘယ်လိုမှမထိခိုက်နိုင်လို့ပါ။
ဝိဥာဉ်ထွက်သွားတဲ့အခါကျရင် ကိုယ့်ရဲ့နာမ်ခန္ဒာဟာ ရုပ်ခန္ဒာရဲ့မျက်နှာကိုမမြင်နိုင်ဘူးဆိုတာ သတိထားမိသွားပါလိမ့်မယ်။ နာမ်ဟာ ရုပ်ရဲ့မျက်နှာကိုမမြင်နိုင်ပါဘူး။ ဒါကတော့ သုတအနေနဲ့ပြောတာပါ။
အဲ့ဒီလိုတစ်ရေးအိပ်ပြီးသွားရင်တော့ သင်ဟာ မျက်နှာမသစ်မချင်း တစ္ဆေသရဲတွေကိုမြင်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်သွားပါပြီ။ ဒီတော့ တစ္ဆေသရဲတွေရှိမယ်ထင်တဲ့နေရာကို သွားရောက်နိုင်ပြီပဲဖြစ်ပါတယ်။

             နှလုံးရောဂါရှိသူများ၊ နှလုံးအားနည်းသူများနဲ့ ကြောက်တတ်သူများစမ်းသပ်မကြည့်ကြဖို့ ထပ်မံတိုက်တွန်းလိုက်ရပါတယ်ဗျာ။
Tag : Myanmar, myths

Related Post:

0 Komentar untuk "တစ္ဆေမြင်နိုင်စေတတ်သောအစီအရင်"

MM-Search. Powered by Blogger.
Back To Top