.

သိမှတ်စရာတွေကြား သမ္ဗုဒ္ဓေဂါထာများ.......။

ကျွန်တော့်မှတ်တမ်းထဲတွင်ရှိသော သမ္ဗုဒ္ဓေဂါထာတော်ရှစ်မျိုးကို လက်ဆောင်ပေးပါတယ်.။ ကျွန်တော်သိထားတဲ့ရှစ်မျိုးအပြင် အခြားအမျိုးတွေလည်း ရှိလိမ့်အုန်းမှာပါ။ ရှိပါကလည်း တင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သမ္ဗုဒ္ဓေမန္တရားကြီးဆိုပြီးတော့ စာအုပ်တစ်အုပ်မှာတော့ တွေ့ဘူးပေမယ့် ကျွန်တော့်လက်ဝယ်တွင် မရှိတာကြောင့် ချန်ထားခဲ့ပါတယ်။ သမ္ဗုဒ္ဓေအသုံးကတော့ အများကြီး ကျယ်ပြန့်ပါတယ်။ ရှေးဆရာကြီးတွေ ပြောသလိုပြောရရင်တော့ ဥာဏ်ရှိသလို သုံးကြပါ.။ အချို့အကျိုးတွေကတော့ ပရလောက မှ
အမှောင့်ပယောဂ၊ စုန်း ကဝေ သရဲ စတာတွေ လုံးဝ မနှောက်ယှက်နိုင်တာ
ကိုယ်တွေ့ပါပဲ၊ အချုပ်အနှောင် တွေ၊ သူတပါး စွပ်စွဲ ခံရတာတွေ
ပျောက်စေနိုင်ပြီး ကား ရထား လေယဉ် စီးသူတွေအနေနဲ့ မသွားခင် သွားဆဲ
ရွတ်ပွားနေသင့်ပါတယ်။ သမ္ဗုဒ္ဓေရွတ်ဆိုခြင်းအကျိုးလင်္ကာတော့ ရှိပါတယ်.။

အကျိုးသွားလင်္ကာ..။

မြတ်လှစိန္တေ၊ သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစားသတ္တော်၊ ခေါ်လျှင်ဒသ၊ သတ္တတြိန်း၊ ဆီလိမ်းပဉ္စ၊ စီးထလှေမှာ၊ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး၊ ကိုးကြိမ်နိုးလော့၊ ချုပ်မိုးညဥ့်ခါ၊ အိပ်ရာဝင်မူ၊ ကိုးကြိမ်ဟူ၍၊ ရန်သူတွေ့မြောက်၊ ဆယ့်တစ်ခေါက်တည့်၊ စစ်ရောက်သောခါ၊ ရွတ်ပါကိုးကြိမ်၊ တည်ငြိမ်သန္ဓေ၊ မဖွားနေမူ၊ ရေမှာကိုးခေါက်၊ မန်း၍ သောက်က၊ ဖွားမြောက်ခဏ၊ ချမ်းသာရ၏၊ ခေတ္တနှောင်သွင်း၊ သံခြေကျင်းနှင့်၊ အပြင်းတိုက်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။ ပန်းမွေးချေက၊ ရွတ်လေနှစ်ခေါက်၊ ခရီးရှောက်ရာ၊ ခေါင်းမှာ တင်စိုက်၊ ရန်ဘေး နိုက်လည်း၊ မကြိုက်ကင်းပ၊ မြူမျှမလိမ်း၊ ကင်းလွတ်ငြိမ်း၏၊ ရှောင်တိမ်းရောဂါ၊ ဗျာပါလည်းကင်း၊ သောကရှင်း၍၊ မင်းမင်းတကာ၊ ကြည်စွာမြတ်နိုး၊ ရေဖြည့်အိုးသို့၊ မညှိုးပန်းသွင်၊ နေ့တိုင်းပင်တည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲ့စလောက်၊ ထွန်းတောက်ပ၀င်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒာလမင်း၊ ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်း သမ္ဗုဒ္ဓေ၏အကျိုးတည်း။

လင်္ကာ၏ အဓိပ္ပာယ်
၁။ ကွမ်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၇)ခေါက်ရွတ်ဖတ်ပါ။
၂။ ခေါင်းလျှော်လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၀)ခေါက်ရွတ်ဖတ်ပါ။
၃။ ထမင်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ဖတ်ပါ။
၎။ ဆီလိမ်းလျှင် သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်ရွတ်ဖတ်ပါ။
၅။ လှေစီးလျှင် သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်ရွတ်ဖတ်ပါ။
၆။ နံ့သာလိမ်းခြင်း-ပန်းပန်ခြင်း၌ သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၇။ အိပ်ရာဝင်လျှင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၈။ ရန်သူနှင့် တွေ့လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်ရွတ်ဖတ်ပါ။
၉။ စစ်ထိုးစစ်ဆင်ပြုရာတွင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။
၁၀။ မီးမဖွားနိုင်လျှင် ဤသမ္ဗုဒ္ဓေဂါထာကို ရေ၌ (၉)ခေါက်ရွတ်၍တိုက်ပါ။
၁၁။ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရလျှင် သမ္ဗုဒ္ဓေဂါထာတော်ကို အခေါက်ပေါင်း (၁၀၀၀) တစ်ထောင်ရွတ်ဖတ်ပါ။
၁၂။ ခရီးသွားလျှင် ပန်းကို သမ္ဗုဒ္ဓေဂါထာဖြင့် (၂)ခေါက် ရွတ်ဖတ်၍ ယင်းပန်းကို ဆောင်ယူ အရံအတား ပြုသွားပါက ရန်ဘေး ကင်းသည်။ ရောဂါနှိပ်စက်မူမှလည်း ကင်းဝေးရသည်။ စိုးရိမ်သောက ဗျာပါရမူတို့မှလည်း ကင်းဝေးရသည်။

 ဤဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် မိမိဘ၀၌ ရေပြည့်အိုးပမာ တိုးတက်လျက်သာ ရှိနေမည်။ မညိုးသော ပန်းကဲ့သို့လည်း ရှိမည်။ ကောင်းကင်မှ လမင်းကြီး တင့်တယ်မူကဲ့သို့ တင့်တယ်မူမျိုးကိုလည်း ရမည်။

(၁) အရှေ့ကျွန်း သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ သဗ္ဗတေဇံ သဗ္ဗဂုဏံ၊
သဗ္ဗသုခံ လဘတုမေ၊ ဆရ၀ီ ဆာရာ ဆရီစ ဆာယံ၊
ပဉ္စဗုဒ္ဓါ မဟာတေဇံ၊ သဗ္ဗညုတ ဥာဏ၀ရံ၊
သဗ္ဗသတ္တရု သဗ္ဗဘယံ၊ ၀ိနဿန္တု အသေသတော။

(၂) မြောက်ကျွန်း သမ္ဗုဒ္ဓေဂါထာတော်


သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ပဉ္စသတ သဟဿာနိ၊
ဒွါဒသဉ္စ သဟဿကေ၊ ဂင်္ဂါယံ ၀ါဠုကာ စုဏ္ဏေ၊
ပရာဇေတွ မဟာပုလ္လေ၊ နမာမိ သိရဿာမဟံ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန - နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

(၃) အနောက်ကျွန်း သမ္ဗုဒ္ဓေဂါထာတော်


သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ဒွါဝီသဉ္စ ဣမေဗုဒ္ဓါ၊
ဧကတိံသ သဗ္ဗေဗုဒ္ဓါ၊ ဒွတ္တိံသစ မဟာဗုဒ္ဓေါ၊
ပဉ္စ၀ီသာ ဗုဒ္ဓါ နေတ္တိ၊ တေတ္တိံ သ ဗုဒ္ဓဘာဝနာ၊
ဧတေန ဗုဒ္ဓဂုဏေန၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ၊ နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။


(၄) တောင်ကျွန်း သမ္ဗုဒ္ဓေဂါထာတော်
 

သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာမဟံ၊
အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အဒရေန နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

(၅) အောင် သမ္ဗုဒ္ဓေဂါထာတော်


သမ္ဗုဒ္ဓေ အဌ၀ီသတိ၊ မမ ဂစ္ဆတိ ပုရတော၊
ပဉ္စဗုဒ္ဓါ မဟာတေဇာ၊ မမ သီသေနိ သီ ဒတိ၊
ဒိဗ္ဗတီတံ မံ ရက္ခန္တု၊ မေဇယမင်္ဂလံ၊
အဂ္ဂံ သဗ္ဗေပိ မေ နမဿာမိ၊ ဂုဏေ အာပတ္တိ ပုဂ္ဂလေ၊
အရိယာနဉ္စ သဗ္ဗေသံ၊ သာဝကာနဉ္စ သဗ္ဗသော။

(၆) သမ္ဗုဒ္ဓေ အနုလုံ ပဋိလုံဂါထာတော်



ဥုံ သဟဿ သမ္ဗုဒ္ဓေအဋ္ဌ ၊ ၀ီသဉ္စ ဒွါဒသဉ္စ ပဉ္စ။
သတ သဟဿာနိ ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ၀ါဠုကာ ၊ ဓမ္မဉ္စ ဇိနံ အာဒရေန ။
နုဘာဝေန ဟိတွာ ၊ ဗုဒ္ဓ နမော နမက္ကာရာ ။
ဟိမံ သဗ္ဗေ ဥပဒ္ဒဝေ ၊ ဘဂ၀ါသာ နတ္ထိ နမော။
သ စ သ မ အ ဒ န ဝေ ၊ အ စ ဂုံ စ အဟံ နာမံ မာနာ မေန္တု။
ဒေသပ္ပ အန္တဉ္စ မဟိကအ ၊ မဟာနိပ္ပနိသံ ဟန္နာအသေ။
နသံဘူယန သန္တဿ ၊ ဒီကေမာဝါတဉ္စ မဘေဒတော။
ပနိလုဒိအဂ္ဂါ ဥကာသံ ၊ တဉ္စတိကံ နန္တရာ ပတ္တိဂုံ။

(၇) သမ္ဗုဒ္ဓေ အနုလုံ ပဋိလုံဂါထာတော် (နောက်တစ်ဂါထာ)


အဋ္ဌ ၀ီသဉ္စ သမ္ဗုဒ္ဓေ ၊ ဿကေသဟဒွါဒသဉ္စ။ 
သဟဿာနိ သတ ပဉ္စ ၊ မဟံ သိရသာ နမာမိ။
 ဂဂါၤ ၀ါဠဳကာ အပၸကံ ၊ ဇိနံ နိဗၺဳတံ အနႏၱံ။
ဓမ္မဉ္စ သံဃဉ္စ တေသံ ၊ မဟံ နမာ အာဒရေန။
နုဘာဝေန နမက္ကာရာ ၊ ဥပဒ္ဒဝေ သဗ္ဗေ ဟိတွာ။
အန္တရာယာပိ အနေက ၊ အသေသတော ၀ိနဿန္တု။

(၈) သမ္ဗုဒ္ဓေ တံစဉ်းစုပ်(လည်စည်းစုပ်)ဂါထာတော်

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ။
အတီတေ နာဂတေဗုဒ္ဓေ ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ။
ဒွေ ယော ပစ္စေကဗုဒ္ဓါနံ ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။


(၉) သက်တမ်းအစောဆုံးရှိနှင့်နေပြီး ဖြစ်သော သီဟိုဠ်သမ္ဗုဒ္ဓေဂါထာတော်


ဗုဒ္ဓါ အနုန္နာ မရိယာ သုသင်္ခယေ။ ဗုဒ္ဓါ အနုန္နာသုဟလာ ဓိသင်္ခယေ။
ဗုဒ္ဓါ ရိယာဃေ ပကု လက္ခကပ္ပကေ။  ၀န္နာမိ တေ ဇိရနိရက္ကမေ အဟံ။


(၁၀) သမ္ဗုဒ္ဓေ အဖုံးဂါထာတော်


၁။ အဋ္ဌ၀ီသတိ သမ္ဗဒ္ဓေါ ၊ မမ သီသေ ပတိဋ္ဌိတော။ ပဉ္စ ဗုဒ္ဓါ မဟာတေဇော ၊ သီသေ မိမိ ဇိ ၀ဋ္ဌိကံ။
၂။ ဇယနော ဗောဓိယာမူလေ ၊ သကျ ဇိန နရာသဘံ။ ဗောဓေဟိ ဇိနောလောကဿ ၊ ဇိနေ နာထိ ပုဂ္ဂလော။
၃။ သမ္မာသတိ သမ္မာဓိတိ ၊ မေတ္တာ စိတ္တေန မံ သဗ္ဗေ။ အရောဂေန ဒိနေ ဒိနေ ၊ အနေရာယော ၀ိနဿန္တု။




















Tag : Myanmar, spell
0 Komentar untuk "သိမှတ်စရာတွေကြား သမ္ဗုဒ္ဓေဂါထာများ.......။"

MM-Search. Powered by Blogger.
Back To Top