.

ဗော်လီဗီးရား စုန်းဈေး


 တောင်အမေရိကမှာရှိတဲ့ လမ်းဘေးဈေးဆိုင်များပင် ဖြစ်ပါသည်။ ကမ္ဘာ့အမြင့်ဆုံး မြို့တော် (၁၁၂၀၀ ပေ) ဖြစ်သော လာဗက်မြို့တွင် တည်ရှိပြီး စုန်းမများ ၊ ဆေးဆရာများ ၊ နတ်ဆရာများ ၊ ဗေဒင်ဆရာများ ၊ ရှေ့ဖြစ်ဟောသူများ နှင့် မှော်ဆရာများသည် ပစ္စည်းများအတွက် လာရောက်ဝယ်ယူကြတယ်လို့ ဆိုပါတယ်။
 
အဆောင်များ ၊ ပစ္စည်းများ နှင့် မှော်ပညာလိုက်စားသူတွေအကြိုက် ပစ္စည်းများကို ရောင်းချပေးပါတယ်။ အစီအရင်ရုပ်များ ၊ ဗူးဒူးများ နှင့် ဂ၀ံရုပ်များလည်း ရရှိနိုင်ပါတယ်။ ဗော်လီဗီးယန်းသားများက မိခင်မဟာမြေသခင်မကြီး ဖြစ်သော ပါချာမာမာ လို့ခေါ်သော နတ်ဘုရားမကို ပင့်ဖိတ်မေးမြန်းပေးတဲ့ စုန်းမများလည်း ရှိကြပါတယ်။ ပါချာမာမာကို ပူဇော်ခြင်းအားဖြင့် ကျန်းမာရေး ၊ ပျော်ရွှင်မှုများ ဖြစ်စေပြီး အဓိကအားဖြင့် ငွေရေးကြေးရေးများအတွက် ပိုပြီး ပူဇော်ကြတာကို တွေ့ရပါတယ်။
 

ရောင်းချတဲ့ပစ္စည်းများတွင် ဗော်လီဗီးရား ရိုးရာနတ်ဆရာများဖြစ်သော  ယတိရီများက ဖော်စပ်ပေးထားသော ဆေးရည်များ ၊ ဖားပြုတ်ခြောက်များ ၊ ဗော်လီဗီးရား အစီအရင်များတွင် အသုံးပြုရသော ဆေးပင်များကိုလည်း ရောင်းချထားတာကိုလည်း မြင်တွေ့ရပါတယ်။


 နောက်ပီး ယတိရီတွေက ကံကောင်းစေသော ၊ လှပနုပျိုစေသော ၊ ကလေးရစေသော အဆောင်များ ၊ လက်ဖွဲ့များ ၊ ပေါင်ဒါမှုန့်များ ပါဝင်သော သေတ္တာများ ၊ ဦးထုပ်များကိုလည်း ရောင်းချတာတွေလည်း ရှိပါတယ်။




ဒီဈေးမှာ အရောင်းရဆုံးလည်းဖြစ် နာမည်အကြီးဆုံးပစ္စည်းကတော့ သိုးနဲ့ဆင်တူသော လာမာ ဖော့ယူစ် (llama foetuses) အခြောက်တွေပဲ ဖြစ်ပါတယ်။ အဲဒီသတ္တ၀ါအခြောက်များကို အိမ်ရှေ့တွင် ချိတ်ထားခြင်းဖြင့် နတ်ဘုရားမ ပါချာမာမာက ကောင်းချီးပေးပြီး ကံကောင်းမှုများကို ဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြပါတယ်။

Witches Market, La Paz, Bolivia Stock Photo - 11091822

ဖယောင်းတိုင်များ ၊ ဇီးကွက်အမွှေးများ ၊ အစီအရင်များ ၊ လက်ဖွဲ့များ ၊ ကျောက်တုံးအဆောင်များ ၊ ရတနာကျောက်တုံးများ ၊ ဆပ်ပြာများကို ဆိုင်တော်တော်များများတွင် တွေ့ရှိရပါတယ်။ အချို့ဆိုင်များတွင် အကောင်များ ၊ ဆေးရွက်များဖြင့် ပြုလုပ်ထားသော ဆေးရည်ပုလင်းများကို ရောင်းချကြပါတယ်။ အရောင်းရဆုံးပစ္စည်းတစ်ခုလည်း ရှိပါသေးတယ်.။






အဲဒီပစ္စည်းကတော့ ဘရာဇီး နဲ့ ပီရူးမှ ရောက်ရှိလာတဲ့ ကာမအင်အားကို တိုးပွားစေတဲ့ ဆေးရွက်များထည့်ထားတဲ့ ဗူးတွေပဲ ဖြစ်ကြပါတယ်။ အဲဒီကို သွားရောက်မည်ဆိုပါက မြောက်မြားစွာသော ပစ္စည်းများ ၊ ထူးဆန်းသောလူများဖြင့် တွေ့ကြုံမည် ဖြစ်ပါသည်။

 

ဆိုင်တွေရဲ့ မြောက်ဘက်အဆုံးမှာတော့ ကဲလီ ဆန်တာ ဂလူးဆိုတဲ့ အမျိုးသမီးကြီးရောင်းတဲ့ ဆိုင်ရှိပါတယ်။ အဲဒီဆိုင်မှာတော့ လူသားအတွင်းကလီစာပုံစံဖြင့် ဆင်တူသောဆေးမြစ်များ နှင့် အခြားထူးဆန်းသောဆေးပင်များကို ရောင်းချထားပါတယ်။


အောက်တွင်ရှိသော အချစ်အမွှာအဆောင်ကို ဆောင်ထားပါက အချစ်ရေး အဆင်ပြေနိုင်ပြီး မိမိချစ်သောသူနဲ့ တစ်သက်တာ မခွဲမခွာနေရတယ်။




အောက်တွင်ရှိသော သတ္တ၀ါအခြောက်ကို ဆောင်ထားပါက မိမိအိမ်တွင် သူခိုးမ၀င်နိုင်ပါတဲ့..။



Tag : knowledge, myths
0 Komentar untuk "ဗော်လီဗီးရား စုန်းဈေး"

MM-Search. Powered by Blogger.
Back To Top