.

သွေးစုပ်ဖုတ်ကောင်များအကြောင်း

 
သွေးစုပ်ဖုတ်ကောင်အကြောင်းနှင့်ပတ်သက်ပြီး နာမည်ကြီးဆရာတစ်ဦး၏အဆိုအမိန့်တစ်ခုကို ရှေးဦးစွာ ပြောပြပါမယ်..။ သူကတော့  Jean-Jacques Rousseau (1712 - 1778) ဖြစ်ပြီး ပြင်သစ်အတွေးအခေါ်ပညာရှင်လည်းဖြစ် စာရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်.။ သူက ဘာတွေကို ပြောခဲ့သလဲဆိုရင်

If there is in the world one attested story it is that of the Vampires.
ကမ္ဘာပေါ်မှာ အမှန်ဆုံးပုံပြင်တစ်ပုဒ် ရှိခဲ့တယ်ဆိုရင် အဲဒါက သွေးစုပ်ကောင်တွေ အကြောင်းပဲဖြစ်မယ်..တဲ့..။

ဒါဆိုရင် သွေးစုပ်ဖုတ်ကောင်များရဲ့ ဇာတ်လမ်းများက အမှန်တကယ်တည်ရှိနေတဲ့ သတ္တ၀ါတစ်မျိုးသာဖြစ်ပါတယ်။

သွေးစုတ်ဖုတ်ကောင်အကြောင်းကို  ရိုးရာပုံပြင်တွေ ဒဏ္ဍာရီသမိုင်းတွေနဲ့ ပုံပြင်အဟောင်းတွေထဲမှာ အများဆုံး မကြာခဏတွေ့ရပါတယ်။ သူတို့တွေက အနားယူမှုကင်းမဲ့နေတဲ့ ၀ိညာဉ်တွေဖြစ်ပြီး သမာရိုးကျမဟုတ်တဲ့ ဘာသာရေး အတွေး အခေါ်တွေ၊ ရာဇ၀တ်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုသတ်သေပြီး ဖြစ်ပေါ်လာကြတယ်လို့ဆိုကြတယ်။ သူတို့ တွေက ညဘက်မှာ သင်္ချိုင်းအုတ်ဂူတွေကြားကထွက်လာပြီး သွေးစုပ်တတ်ကြတဲ့ လူသေအလောင်း သတ္တ၀ါတွေ ပါပဲ။ တစ်ခါတစ်ရံမှာ သူတို့က လင်းနို့ပုံစံနဲ့ လှည့်လည်သွားလာကြပြီး သူတို့ရဲ့အစာ အာဟာရ အတွက် အိပ်ပျော်နေသူတွေဆီကနေပြီးတော့ သွေးတွေကို စုပ်ယူသောက်သုံးကြတယ်။
သူတို့တွေက သွေးကို အမြဲဆာလောင်နေကြတယ်။ သွေးက သူတို့ ထာဝရ အသက်ရှင်နေဖို့ အဓိကလိုအပ်ချက် တစ်ခုပါပဲ။ သွေးမရှိရင် သူတို့ခန္ဓာကိုယ်က ခြောက်ကပ်ပြီးအားနည်းသွားတယ်။ ပြီးတော့ အပြင်းအထန်ဝေဒနာခံစားရပြီး သေဆုံးသွားကြရတယ်။

သွေးစုပ်လိုက်တဲ့ အခါမှာတော့ ပြန်ပြီး ခွန်အားတွေရှိလာတယ်။ သွေးက သူတို့ကို စွမ်းအင်တွေနဲ့ တန်ခိုးတွေကို ပေးနိုင်တယ်လေ ။ နေ့အချိန်မှာတော့ သူတို့တွေရဲ့ အုတ်ဂူတွေ ၊ အခေါင်းတွေဆီကို ပြန်သွားကြရတယ်။ သူတို့ သွေးစုပ်တာကိုခံရတဲ့သူတွေက သေလွန်ပြီးတဲ့နောက်မှာ သူတို့လိုပဲ ဗင်ပိုင်ယာတွေ ဖြစ်ကုန်ကြတယ်။ အဆောင်လက်ဖွဲ့အမျိုးမျိုးနဲ့ ပရဆေးပင်တွေက ဗင်ပိုင်ရာတွေရဲ့ရန်ကနေပြီး ကာကွယ်ပေးနိုင်တယ် လို့ ဆိုကြတယ်။ ဒါပေမဲ့ သူတို့ကို မီးရှို့ခြင်း ဒါမှမဟုတ် ရင်ဘက် နှလုံးသားထဲကို ငုတ်ရိုက်သွင်းခြင်း နည်းလမ်းနဲ့ပဲ သတ်နိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။
သွေးစုပ်ကောင်တွေ ရှိတယ်လို့ ယုံကြည်မှုက ဥရောပတိုက်နဲ့ အာရှတိုက်တွေမှာကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ အကြောင်းတွေက ဆလပ်(Slavs)လူမျိုးတွေကြားမှာ ပိုပြီးတော့ ကျယ်ပြန့်ထင်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အကြောင်းတွေက ၁၇၃၀ခုနှစ်နဲ့ ၁၇၃၅ ခုနှစ်အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ဆလပ်လူမျိုးတွေနဲ့ ဟန်ဂေရီလူမျိုးတွေရဲ့ ဒဏ္ဍာရီတွေပေါ်မှာ အခြေပြု ခဲ့လို့ပဲ ဖြစ်ပါတယ်။

သူတို့တွေရဲ့လက္ခဏာတွေကို အကြမ်းဖျင်းပြောရရင် သွေးစုပ်ကောင်တွေမှာ ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့   မျက်နှာ ၊ အရောင်တောက်နေတဲ့ မျက်လုံးတွေ ၊ ထိုးတွက်နေတဲ့ ရှေ့သွားအစွယ်တွေရှိတတ်ကြတယ် လို့ဆိုတယ်။ သူတို့သားကောင်ရဲ့လည်ပင်းကိုကိုက်ပြီး သွေးတွေကိုစုပ်ယူတတ်ကြတယ်။သူတို့တွေကို ဘယ်လိုသိနိုင်မလဲ။ သွေးစုပ်ကောင်တွေက အရိပ်မထွက်ပါဘူး။ မှန်မှာလည်း အရိပ်မထင်နိုင် ပါဘူး။
ဒီနောက်ပိုင်းတွေမှာလည်း ဗင်ပိုင်ရာတွေရဲ့ အကြောင်း ရေးသားထားတဲ့ စာအုပ်တွေရှိပါတယ် ။ အကျော်ကြားဆုံးလို့သတ်မှတ်ရမယ့် စာအုပ်က Stephenie Meyer ရဲ့ Twilight Saga Series စာအုပ်တွေ ဖြစ်ပါတယ်။ အခုလက်ရှိနောက်ပိုင်းမှာ ဗင်ပိုင်ရာတွေနဲ့ ပတ်သက်ပြီး အကောင်းဘက်က ပြဆိုထားတဲ့စာအုပ်တွေ ဇာတ်ကားတွေနဲ့ အဆိုးဘက်ကနေ ပြဆိုထားတဲ့ စာအုပ်တွေ ဇာတ်ကားတွေက ကျွန်တော်တို့အကြားမှာ တော်တော်ကို ပျံ့နှံ့နေပါတယ်။

ဒါဆိုရင် သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ရှိသလား??? လို့ မေးခဲ့မယ်ဆိုရင်တော့ 

ဒီမေးခွန်းရဲ့အဖြေကသိပ်မရေရာလှပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာကတည်းက ကမ္ဘာတစ်ဝှမ်းမှာ သွေးစုပ်ကောင်တွေရဲ့ဖြစ်ရပ်တွေ ရှိတဲ့အကြောင်း မှတ်တမ်းတွေရှိခဲ့ပါတယ်။
သွေးစုပ်ကောင်တွေတကယ်မရှိဘူးလို့ဆိုခဲ့ရင် ဒီလိုဖြစ်ရပ်တွေက ဘာကြောင့်ဆိုတာရှင်းပြနိုင်ပါ့ မလား ။ဒါတွေက လိမ်လည်မှု တစ်ခုလို့လည်း ယူဆချင် ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလိမ်လည်မှုတွေ က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာ ကတည်းက ကမ္ဘာတစ်ဝှမ်းမှာမတူညီတဲ့ ဖြစ်ရပ်တွေနဲ့ တည်ရှိနေပါ့ မလားဆိုတာ စဉ်းစားရပါမယ် ။
ကျွန်တော်တို့ သူတို့ရှိတယ်ဆိုတာ ဒီလိုမှတ်တမ်းတွေကြောင့် ယုံကြည်နိုင်ပါတယ် ။ ဒါပေမဲ့ မယုံကြည် လို့ ရနေပြန်ပါတယ် ။ ဘာဖြစ်လို့လဲ ။ ကျွန်တော်တို့ ကိုယ်တိုင် မကြုံဖူးတဲ့အတွက် ပြစရာ သက်သေမရှိလို့ ဖြစ်ပါတယ် ။
ဒါပေမယ့် မင်းကိုယ်တိုင် သွေးစုပ်ကောင်တကောင်နဲ့ တွေ့ပြီဆိုပါစို့ ….  ။ မင်း အဲဒီအကြောင်း ကို ပြန်တောင် ပြောနိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွေးစုပ်ကောင်ဆိုတာ လူတွေရဲ့သွေးကို အမြဲဆာ လောင်နေတဲ့ သူတွေဖြစ်လို့ပါပဲ။ သူတို့တွေက သူတို့ တည်ရှိနေတယ်ဆိုတာကို ထိန်းသိမ်းထား ဖို့အတွက် လျှို့လျှို့ဝှက်ဝှက်နေထိုင်ကြတာ ဖြစ်လို့ သူတို့ကိုသိဖို့၊ အကဲခတ်မိဖို့ ဆိုတာတောင် အရမ်း ခဲယဉ်းပါတယ် ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း သွေးစုပ်ဖုတ်ကောင်လို့ သတ်မှတ်နိုင်တဲ့ သွေးစုပ်ဖုတ်ကောင်တွေ ရှိကြပါတယ်။ သူတို့တွေက တစ်ခါတစ်ရံ သွေးလိုက်သောက်တာက လွဲပြီး မည်သူမှ မသိကြပါဘူး..။ သူတို့ရဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကတောင် သူကို သွေးစုပ်ဖုတ်ကောင်လို့ ထင်မြင်ခြင်းမရှိကြပါဘူး.။ သူတို့က ငြိမ်းချမ်းစွာနေထိုင်ပြီး အခြားသတ္တ၀ါဆိုးတွေကို တိုက်ဖျက်ပေးလေ့ရှိပါတယ်.။ သူတို့မှာ နေရောင်ခြည်အောက်မှာ လျှောက်သွားနိုင်ဖို့ နေရောင်တံဆိပ်ပါတဲ့ လက်စွပ်ကို ၀တ်ဆင်ထားလေ့ရှိပါတယ်.။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ သွေးစုပ်ဖုတ်ကောင်များတွင် အမျိုးအစားနှစ်မျိုးကွဲပါတယ်။ အဲဒါကတော့
(၁) Royal Vampire
(၂) Warrior Vampire
(၃) Normal Vampire
ပဲ ဖြစ်ပါတယ်..။

Royal ဆိုတာက ဒီအတိုင်းပြောရင်တော့ တော်ဝင်မျိုးရိုးဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်အချင်းချင်းပဲ လက်ထပ်ပြီး သွေးစုပ်ဖုတ်ကောင်မျိုးအစစ် ဖြစ်ပါတယ်။ လူသွေးရောနှောခြင်း မရှိသော သွေးစုပ်ဖုတ်ကောင်များ ဖြစ်ကြသည်။

Warrior ဆိုတာက
သွေးစုပ်ဖုတ်ကောင်နဲ့ လူသားနဲ့ လက်ထပ်ပြီး ရရှိခဲ့သော သွေးတ၀က်သွေးစုပ်ဖုတ်ကောင်ပဲ ဖြစ်ပါသည်။ Royal များနှင့် ယှဉ်သည့်အခါ စွမ်းအင်နိမ့်ကျပြီး ဒုတိယအဆင့်ရှိသော သွေးစုပ်ဖုတ်ကောင်ဖြစ်လေသည်။ သူတို့မှာ သာမန်ကြက်သွန်ဖြူများ ငွေဓားများဖြင့် သတ်ဖြတ်နိုင်ခြင်း မရှိပါ။ သူတို့အတွက် တစ်ခုတည်းသော လက်နက်မှာ ဘုရားကျောင်းတစ်ကျောင်းအောက်မှာတည်ရှိသော ဘိုးတော်ကြီးတစ်ယောက်စီရင်ထားသော ရေစင်ဖြင့်သာ သူတို့ကို သတ်နိုင်ပြီး သူတို့ရဲ့အသက်သည်လည်း အခု ထောင်ကျော်ရှိနေပြီ ဖြစ်သည်။ ဒါပေမယ့် သူတို့သည် ပြန်လှန်မွေးဖွားကြပြီး ငယ်ရွယ်မှုကို ပြန်ယူလေ့ရှိလေသည်။
နောက်ဆုံးကတော့ Normal ဖြစ်ပါတယ်.။ Normal ဆိုတာက သွေးစုပ်ကောင်က ကိုက်လိုက်သည့်အခါ အဲဒီအကိုက်ခံရတဲ့သူဟာ သွေးစုပ်ကောင်ဖြစ်သွားပြီး Nomal အဆင့်သာ ရှိပါတယ်.။ သူတို့က Royal နဲ့ Warrior တို့ရဲ့အမိန့်တွေကို နာခံရပြီး သူတို့ခိုင်းစေသည့်အခါ မငြင်းဆန်ဘဲ ပြုလုပ်ရပါတယ်။ သွေးစုပ်ကောင်အစစ်များသည် ဇာတ်ကားတွေထဲကလို စာအုပ်တွေထဲကလိုတော့ မဟုတ်ပါဘူး..။ သူတို့ရဲ့ ရှင်သန်နေထိုင်မှုက အံ့သြဖို့ ကောင်းပါတယ်..။ သူတို့မှာလည်း အားသာတဲ့ ကိုယ်ပိုင်လက်ဆောင်တွေရှိကြပါတယ်..။


မိုးကြယ်စင်
Tag : myths, worldcraft
1 Komentar untuk "သွေးစုပ်ဖုတ်ကောင်များအကြောင်း"

Royal (or) worrior ဖြစ်ဖို့ သူတို့နဲ့ဘယ်လိုဆက်သွယ်ရနိုင်မလဲ...ဖြစ်ချင်နေတာကြာပြီ

MM-Search. Powered by Blogger.
Back To Top