.

ဂျပန်နိုင်ငံ၏သေမင်းတောအုပ် အိုခီကာဟာရာ

ဂျပန်နိုင်ငံ၏အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ဖူဂျီတောင်ရဲ့အနောက်မြောက်ဘက်ြ
ခမ်း တောင်ခြေမှာ တည်ရှိတဲ့ 14 စတုရန်းမိုင် ကျယ်ဝန်းသော အိုခီကာဟာရာတောကြီးသည် ဂျပန်နိုင်ငံ၏နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နေရာတစ်ခု ဖြစ်ပါတယ်။ အခြားသတ်မှတ်ထားတဲ့ နာမည်တွေကတော့  သစ်ပင်လယ်တောအုပ် ၊ လူတွေသတ်သေကြသောတောအုပ် ၊ မရဏတောအုပ် စသဖြင် ခေါ်ဝေါ်ကြပါသေးတယ်။ ဂျပန်နိုင်ငံရဲ့သရဲအကြောင်းများ ၊ နတ်ဆိုးများကျက်စားရာ နေရာတစ်ခုအဖြစ် ဂျပန်နိုင်ငံ၏ဒဏ္ဍာရီပုံပြင်များတွင် ပါဝင်လေ့ရှိပါတယ်။ အိုခီကာဟာရာတောအုပ်ကြီးတွင် 1950 ခုနှစ် တစ်နှစ်ထဲမှာ မိမိကိုယ့်ကို သတ်သေခဲ့သူ စုစုပေါင်း (500)ကျော် ရှိခဲ့ကြောင်း မှတ်တမ်းရှိခဲ့တယ်။ တော်တော်များများကတော့ သေဖို့အကောင်းဆုံးနေရာတစ်ခု လို့တောင် လူအများက ပြောဆိုကြပါတယ်။ ဒါပေမယ့် အိုခီကာဟာရာတောကြီးသည် ကမ္ဘာ့ပေါ်မှာ လူများသတ်သေကြတဲ့ နာမည်ဆိုးကျော်ကြားတာက ဒုတိယအဆင့်မှာပဲ ရှိပါတယ်။ ပထမလူအများဆုံးအသတ်သေဆုံး နေရာတစ်ခုမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိတဲ့ Golden Gate တံတားပင် ဖြစ်ပါတယ်။ အိုခီကာဟာရာကတော့ နှစ်စဉ်ပုံမှန် လူပေါင်း(108)ယောက် ပျမ်းမျှ သတ်သေကြပါတယ်။



ကြောက်စရာကောင်းတဲ့ ရိုးရာပုံပြင်တစ်ခုရှိခဲ့ပါတယ်။ 1960 ခုနှစ် ဂျပန်စာရေးဆရာတစ်ဦးဖြစ်တဲ့ Seicho Matsumoto ၏ မဟူရာသစ်ပင်လယ်တော စာအုပ်ထွက်ရှိပြီးတဲ့ နောက်ပိုင်းတွင် ရိုးရာပုံပြင်လေးအကြောင်း လူပြောများလာခဲ့ပါတယ်။ အဲဒီပုံပြင်ထဲမှာ အဲဒီတောအုပ်ထဲမှာ ချစ်သူစုံတွဲနှစ်ယောက် သတ်သေသွားခဲ့ပါတယ်ဆိုတဲ့ အကြောင်းအရာဖြင့် အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒါကြောင့် လူတွေက ဒီနေရာကို ရောက်ရင် ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တွေ ဖြစ်ပေါ်နေခြင်းသည် ထိုချစ်သူစုံတွဲနှစ်ယောက် သတ်သေသွားခဲ့ခြင်းကြောင့်ဆိုပြီး ယုံကြည်နေကြပါတယ်။ ဘယ်လိုပဲ ဒဏ္ဍာရီတွေ ရိုးရာပုံပြင်တွေ ရှိတယ်လို့ပဲ ပြောပြော တောအုပ်ကတော့ အခုထိ သေခြင်းတရားမြင်ကွင်းတွေကတော့ တွေ့မြင်နေရဆဲပါပဲ။ သေချင်ရင် စိန်မစားနဲ့ ၊ အိုခီကာဟာရာသာ သွား ဆိုတဲ့ စကားတွေတောင် ပေါ်ပေါက်ခဲ့တယ်။


 တော်တော်များများကတော့ သစ်ပင်ပေါ်ကနေ ဆွဲကြိုးချ သတ်သေကြတာ အများဆုံးဖြစ်ပါတယ်။ 1993 ခုနှစ်မှာ ရောင်းအကောင်းဆုံးဖြစ်ခဲ့တဲ့ Wataru Tsurumui ၏ ”မိမိကိုယ်သတ်သေနည်းကျမ်း” စာအုပ်တွင် မိမိကိုယ်မိမိ ဘယ်လိုသတ်သေရမလဲဆိုတဲ့ပုံစံတွေ နဲ့ သတ်သေဖို့အကောင်းဆုံးနေရာကတော့ ဒီတောအုပ်ပါလို့ ပြောခဲ့လို့ ဒီစာရေးဆရာကြောင့်ပဲ အဲဒီတောအုပ်လူ့အသတ်သေဆုံးဖြစ်ခဲ့လားဆိုတဲ့ မေးခွန်းမျိုးတွေကလ်ာဒ အခုထက်ထိ အငြင်းပွားဖွယ် ဖြစ်နေကြဆဲပါ။ အဲဒီစာအုပ်ထဲမှာ တောအုပ်ထဲမှာ သတ်သေပုံအကောင်းဆုံးနေရာတွေ ၊ အဲဒီနေရာမှာ ဘယ်လို သတ်သေရမဲ့ပုံစံတွေပါ ရေးသားထားခဲ့တယ်။
ဂျပန်နိုင်ငံရဲ့ မိမိကိုယ်မိမိ သတ်သေကြတဲ့နှုန်းတွေက တဖြည်းဖြည်းနဲ့ များလာခဲ့ပြီး အဲဒီအတွက်လည်း မည်သို့တားဆီးရမလဲဆိုတဲ့ မေးခွန်းမျိုးတွေလည်း အများကြီးဖြစ်လာခဲ့ပါတယ်။ ရိုးရာပုံပြင်တွေထဲမှာ တောအုပ်ထဲမှာ ဟိုမြောက်မြားစွာသော ခေတ်တုန်းက အစာရေများ မလုံလောက်ပဲ အစာရှာထွက်လာကြတဲ့ အမြဲတမ်းဆာလောင်မွန်းသိပ်နေသော မျိုးနွယ်စုတွေ အများကြီးရှိတယ်လို့ ဆိုကြပါတယ်။ လူရိုင်းနဲ့ ခပ်ဆင်ဆင်တူမယ်လို့ ထင်ပါတယ်။ တောအုပ်ထဲကို အပန်းဖြေဖို့ ရောက်လာကြတဲ့ အဖွဲ့တွေရဲ့ပြောစကားအရတော့ သူတို့ထမင်းစားသောက်ဖို့ အလုပ်မှာ ပါးစပ်ပေါက်ကျဉ်းကျဉ်း အသားအရည်ခြောက်ကပ်ကပ်ရှိတဲ့ အကောင်တွေက အစာတွေတောင်းကြပါတယ်တဲ့။ သူတို့က အစာတွေပေးလိုက်တဲ့အခါ အဲဒီလူတွေက ပြန်သွားကြတယ်။ အဲဒါကြောင့် တောအုပ်ကို လာတိုင်းအစားအစာ လုံလောက်တယ်ဆိုတာ မရှိပါဘူး။ ဒီလို ပုံပြင်တွေကြောင့် လူတွေက အပန်းဖြေမလာကြတဲ့ ဒီလိုအကောင်တွေကို ကျွေးမွေးမဲ့သူတွေ မရှိတော့လို့ လူတွေရဲ့ဝိညာဉ်တွေကို စားကြတဲ့ ၀ိညာဉ်စုပ်ကောင်တွေ ဖြစ်လာတယ်လို့ ဆိုကြပြန်တယ်။ ထိုကြောင့် တောအုပ်သည် ၀ိညာဉ်စုပ်ကောင်တွေ နေထိုင်ကျက်စားရာနေရာတစ်ခုဟု ပြောဆိုကြပါတယ်။ သူတို့က လူတွေကို ဒီနေရာမှာ သတ်သေလိုစိတ်တွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်တယ်လို့လည်း ယုံကြည်ကြပြန်တယ်။

ပြီးတော့ ဒီတောအုပ်ထဲမှာ နတ်ဆိုးတွေ ၊ သရဲတစ္ဆေတွေ အများကြီး စိုးမိုးနေကြပါတယ်။ သရဲတွေက သူတို့ရဲ့အဖြူရောင်ေ၀၀ါးနေတဲ့ အငွေ့ပုံစံများဖြင့် သစ်ပင်တွေအကြားမှာ ကြောက်မက်ဖွယ်ရာ အ်ာဂလီဆန်စရာကောင်းတဲ့ ပုံစံမျိုးတွေနဲ့ လာရောက်လေ့လာသူတွေကို ခြောက်ခြားအောင်လုပ်ဆောင်တတ်ပါတယ်။ ကံမကောင်းတဲ့ လေ့လာသူတွေဆို အနောက်လှည့်လိုက်တဲ့အခါ မိမိမျက်နှာဖြင့် မျက်နှာချင်းဆိုင် မျက်နှာကပ်ပြီး ခြောက်ခြားအောင် လုပ်ဆောင်တတ်ပါတယ်။


ခရီးသွား လေ့လာသူတွေပြောကြတာတော့ သစ်ပင်တွေရဲ့အနောက်မှာ မိမိတို့သွားလာနေသည်ကို စောင့်ကြည့်နေတဲ့ မျက်လုံးများရှိတယ်လို့ ခံစားရပါတယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ဂမ္ဘီရဆရာတွေကတော့ တောအုပ်ရဲ့အပင်တွေ နဲ့ မြေဆီလွှာတွေထဲမှာ သဘာဝလွန်စွမ်းအင်တွေနဲ့ ပြည့ှ်နှက်နေကြပြီးတော့ အဲဒီစွမ်းအင်တွေကို အပင်တွေ မြေဆီလွှာတွေက ရှုပ်ပွေလှသော သစ်ပင်အကွေ့အကောက်များဖြင့် တားဆီးထားပါတယ်။ သို့ပေမယ့် အဲဒီစွမ်းအားတွေ အပြင်ကို ထွက်လာတဲ့အခါ လူတွေရဲ့စိတ်တွေသည် မိမိကိုယ်မိမိ သတ်သေချင်စိတ် ဖြစ်ပေါ်လာပြီး အလိုလိုညှိ့ပြီးသားဖြင့် တောအုပ်ထဲမှာ မိမိကိုယ်မိမိ သတ်သေခဲ့ကြတာပဲလို့ ယုံကြည်ကြပါတယ်။ ဒီနေရာကတော့ ဟန်နီးမွန်းထွက်ဖို့ ကောင်းတဲ့နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်နော်။


ဒီတောအုပ်ထဲမှာ သစ်ပင်အမြောက်အမြားပေါက်ရောက်နေကြပြီး သစ်ပင်တွေကလည်း အရမ်းကို မာကြောလှပါတယ်။ ပြီးတော့ စပျစ်ပင်နွယ်တွေကလည်း သစ်ပင်ကြီးတွေကို တွယ်ကပ်ပေါက်ရောက်နေပြီးတော့ တောအုပ်တစ်ခုလုံး အန္တရာယ်နေရာတစ်ခု ဖြစ်နေပါတယ်။ မြင်နိုင်တဲ့အန္တရာယ်တော့ မဟုတ်ပါဘူး။ မမြင်နိုင်တဲ့ အန္တရာယ်တွေပါ။ ဒီနေရာရောက်လာတာနဲ့ ရောက်လာသူရဲ့စိတ်တွေဟာ ကြေကွဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်။ ကောင်းကောင်းမွန်မွန် ကြိုဆိုတဲ့ လက္ခဏာတွေတော့ မဟုတ်ပါဘူး။ မနက်ပိုင်းရောက်တဲ့သူတွေသည် တစ်နည်းမဟုတ် ခြောက်ခြားစိတ်တွေ ဖြစ်ပေါ်လာလို့ ညဘက်တောင် မည်သူမှ သွားလာနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် သတ်သေသူတွေကို တွေ့တဲ့အခါ အချို့ဆိုရင် ပျောက်ဆုံးလို့ လိုက်ရှာတော့မှ ပုပ်ပွနေတဲ့ အလောင်းတွေ အရိုးဆွေးနေတဲ့အလောင်းတွေကိုသာ တွေ့ရပါတယ်။ နေရာတော်တော်များများမှာလည်း အရိုးများဖြင့် ပြန့်ကျဲနေပြီး ကျောက်ဖြစ်နေတဲ့အရိုးတွေ အလောင်းတွေလည်း အများကြီးရှိနေပါတယ်။ ပြီးတော့ အဲဒီနေရာမှာ ကြောက်စရာအကောင်းဆုံးတစ်ချက်ကတော့ မည်သည်သံလိုက်အိမ်မြှောင် ၊ တယ်လီဖုန်း ၊ ဂျီပီအက် တစ်ခုမှ အသုံးပြုလို့ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အဲဒီနေရာသည် မီးတောင်ပေါက်ကွဲမှုမှ လွှင့်စင်လာသော မီးတောင်မြေများဖြင့် ဖွဲ့စည်းထားပြီး မီးတောင်မြေများတွင် သတ္တုကြွဓာတ်များ နှင့် သံလိုက်စွမ်းအင်များသည် အများဆုံးဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ဒီထဲကို ရောက်ရင်တော့ အကုန်လုံး ကမ္ဘာကြီးနဲ့ ဝေးကွာသလို ခံစားရပြီးတော့ အထဲမှာ ဒုက္ခရောက်ပါလည်း မည်သည့်ကိုမှ ဖုန်းဆက်ပြီး အကူအညီတောင်းခံနိုင်မည် မဟုတ်ပါ။ ဒါကြောင့်လည်း သတ်သေချင်သူတွေ အများဆုံးရှိလာရတဲ့ အချက်တစ်ချက်ပါပဲ။ ဒီတောအုပ်ကတော့ တောအုပ်တစ်ခုလုံး နတ်ဆိုးတို့ စံပျော်ရာနေရာကြီး တစ်ခုသာ ဖြစ်နေပါတယ်။


တောအုပ်ကြီးရဲ့ပတ်ဝန်းကျင်တွေမှာ ရဲများရဲ့ သတိပေးစာများ နှင့် ဆိုဒ်ဘုတ်များစွာ ထောင်ထားကြပါတယ်။ အပေါ်မှာ ရေးထားတာကတော့ " သင်တို့ရဲ့ဘ၀သည် သင်တို့မိဘတွေထံမှ ရရှိလာခဲ့တဲ့  အဖိုးတန်ဆုံးလက်ဆောင်ဖြစ်သည် ” နှင့် “ သေဖို့မတွေးခင်မှာ ရဲတွေနဲ့ ကျေးဇူးပြုပြီး ဆွေးနွေးကြပါ” ဆိုတဲ့ သတိပေးစာတွေ ရေးသားထားပါတယ်။ ဘယ်လိုပဲ ရေးသားထား ရေးသားထား အရေးမပါ အရာမရောက်ပါဘူး။ မိဘတွေဆက်လက်ပြီး ငိုနေကြဆဲ။ လူတွေလည်း ကိုယ်ကိုကိုယ် သတ်သေကြဆဲပါပဲ။

1970 ခုနှစ်လောက်မှာ ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေ ၊ မိမိကိုယ်မိမိ သတ်သေထားတဲ့သူတွေ ၊ အရိုးဆွေးနေတဲ့ အရိုးခြောက်တွေ အများကြီး စတင်လာခဲ့ပြီး သတင်းဆိုးဖြင့် နာမည်စကြီးလာခဲ့ပါတယ်။ 1998 ခုနှစ်မှာ လူသေအလောင်း (74) ၊ 2002 မှာ (78)လောင်း ၊ 2003 မှာ အလောင်း(100) တဖြည်းဖြည်းဖြင့် လူသေနှုန်း တိုးပွားလာခဲ့ပါတယ်။ ဂျပန်အစိုးရက အိုခီဟာကာရာ သတ်သေသူ ကာကွယ်ရေးအသင်းကြီးကို တည်ထောင်ခဲ့ပြီး မိမိကိုယ်မိမိ သတ်သေသူများကို စောင့်ကြည့်လေ့လာရေးလုပ်ခဲ့ပေမယ့်လည်း 2004 ခုနှစ်မှာ (108)လောင်း ၊ 2010 ခုနှစ်မှာ (247)အထိ တိုးပွားလာခဲ့လို့ အစိုးရရဲ့စီမံကိန်းကြီးလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အခုထိကို သတ်သေသူတွေ များပြားလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ လူစားတဲ့တောအုပ်ဆိုပြီး နာမည်ကျော်မှာ သေချာပါတယ်။



.


 

မိုးကြယ်စင်

Tag : myths, worldcraft
0 Komentar untuk "ဂျပန်နိုင်ငံ၏သေမင်းတောအုပ် အိုခီကာဟာရာ"

MM-Search. Powered by Blogger.
Back To Top