.

အသည်းကွဲခြင်းဝေဒနာကိုပယ်ရှားခြင်းနည်း

 

ကိုင်တွယ်လို့မရဘဲ ခံစားလို့သာရတဲ့အချစ်ကြောင့် တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့အချစ်ကိစ္စမှာ ဆန္ဒအတိုင်းဖြစ်မလာတဲ့အခါ သာမန်အားဖြင့် တော်တော်များများဟာ သူတို့နှလုံးသားထဲမှာ နာကျင်ခံစားလာရပါတယ်။ တစ်နည်းပြောရရင် အသည်းကွဲတာပေါ့ . . .။

              ခုနည်းလေးကတော့ အသည်းကွဲခြင်းဝေဒနာကိုကုစားတဲ့နည်းပါ။ တကယ်လို့ ကိုယ်ကကိုယ့်ချစ်သူကို မမေ့နိုင်လို့ ဒီလိုနာကျင်ခံစားနေရတာဆိုရင် သူ့ကိုမေ့သွားနိုင်အောင် ဒါမှမဟုတ်
အခြားပုံစံမျိုးနဲ့ နာကျင်ခံစားနေရတယ်ဆိုရင်လည်း သင့်တော်မယ့်နည်းနဲ့ သင့်နှလုံးသားကို ပြန်လည်သက်တောင့်သက်သာ ရှိစေနိုင်မယ့် နည်းလေးပဲဖြစ်ပါတယ်။

                တကယ်လို့ အသည်းကွဲနေခဲ့လို့ရှိရင် အဲ့ဒီကိစ္စလေးတစ်ခုအတွက်နဲ့ လုပ်စရာအလုပ်တွေအပျက်မခံဘဲ ဒီနည်းလေးနဲ့ ကုစားလိုက်ပါ။ နည်းလေးကတော့ ကြိုတင်စီစဉ်ထားတဲ့နေရာမှာ (ကိုယ်အဆင်ပြေမယ့်နေရာကို အစကတည်းကလျှောက်ဖို့ စီစဉ်ထား
သင့်ပါတယ် .။) တစ်ယောက်တည်း လမ်းလျှောက်ရမှာဖြစ်ပြီး အဲ့ဒီလမ်းမှာရှိတဲ့
သင့်ကိုဦးညွတ်နေဟန်ရှိတဲ့ သေးငယ်ပြီး ညီညာလုံးဝန်းတဲ့ကျောက်တုံးတစ်တုံးကိုကောက်လိုက်ရမှာပါ။ အဲ့ဒီနောက် အဲ့ဒီကျောက်တုံးမှာရှိတဲ့ မြေဓာတ်ကိုခံယူနေတယ်လို့ အာရုံစူးစိုက်ပါ။
နောက်မှာတော့ လမ်းလျှောက်ရင်း အသည်းကွဲတာတွေ နာကျင်ခံစားရတာတွေ
ရပ်တန့်ပစ်ချင်စိတ်ပေါ်လာသည်အထိ ကျောက်တုံးကိုကိုင်လာခဲ့ရမှာပဲဖြစ်ပါတယ်။
တကယ်လို့ ရပ်တန့်ပစ်ဖို့ အဆင်သင့်ဖြစ်ပြီ ။ စိတ်အတည်ငြိမ်ဆုံးအချိန်ကိုရောက်နေပြီဆိုရင်တော့
ကျောက်တုံးကိုကိုင်ထားရင်းနဲ့အောက်ပါအတိုင်းရွတ်ဆိုပေးပါ။

"Gift of Mother Earth, You were here in the beginning, And you'll be
here in the end. Thank you, now I'm ready to live again."

                အဲ့လိုရွတ်ပြီးရင်တော့ ကျောက်တုံးကို အဝေးဆုံးကို လွှင့်ပစ်လိုက်ပါ။ နောက်ကို လှည့်မကြည့်ဘဲနဲ့ အိမ်ကိုအမြန်ဆုံးပြန်လာခဲ့ပါ။ တကယ်လို့ ချစ်သူကိုလိုအပ်နေဆဲပဲလို့ ခံစားနေရတယ်ဆိုရင် ခံစားရတိုင်းတရားထိုင်ပေးလိုက်ပါ။ (၇)ရက်အတွင်းချစ်သူကို မေ့ပျောက်စေနိုင်တဲ့၊ အသည်းကွဲဝေဒနာကို ကုသပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလေးပဲဖြစ်ပါတယ်။
0 Komentar untuk "အသည်းကွဲခြင်းဝေဒနာကိုပယ်ရှားခြင်းနည်း"

MM-Search. Powered by Blogger.
Back To Top