.

မိမိအပေါ်ချစ်သူစိမ်းကားသွားသော်



မိမိချစ်သူက မိမိကို စိမ်းကားသွားတဲ့အခါ မိမိတို့ ဘာလုပ်ကြမလဲ..။ ချစ်သူချင်း နားလည်မှုတစ်ခုခုကြောင့် ကွဲမလို၊ ကွာမလို၊ ပြတ်မလို၊ စိမ်းကားသလိုလို၊ ရှောင်ဖယ်သလိုလိုဖြစ်လာရင် အဆင်ပြေအောင်ယတြာဘယ်လိုလုပ်မလဲ။ နီးစပ်ရာ ဗေဒင်ဆရာတွေဆီ ပြေးကြတယ်။ ကဲ မိမိအပေါ် ချစ်သူစိမ်းကားသွားတယ်ဆိုပါက လွယ်ကူတဲ့နည်းလမ်းလေး ရှိပါတယ်။ အဲဒါကတော့ အင်္ဂ၀ိဇ္ဇာပညာ နဲ့ ဂါထာလေးတစ်ပုဒ်ဆိုရင် ပွဲပြီးပါတယ်။

အရင်ဆုံး အင်္ဂ၀ိဇ္ဇာပညာအရ ကိုယ့်ချစ်သူရဲ့မွေးနံပန်းနဲ့ ကိုယ့်မွေးနံပန်းကို ရှာယူရမယ်။

နားလည်အောင် ရှင်းပြမယ်ဆိုပါက

တနင်္ဂနွေသမီးအပေါ် စနေသားက စိမ်းကားနေရင် ...
စနေနံ အုန်း(၁)ညွန့် ၊ နှင်းဆီ ( ၇ ) ပွင့်၊ ပေါင်းပြီးဖန်ခွက်တစ်ခုထဲထည့်ပါ။
ရေထည့်ပြီး မိမိရဲ့မွေးနေ့မနက် ( ၉း၄၅ ) မှာဘုရားတင်လှူရမယ်။
ဘုရားရှေ့မှာ ထိုင်ပြီး အေရွန် (AEUNN) ဆိုတဲ့ ဂါထာလေးကို (၁၀၈)ခေါက်ရွတ်ပါ။ ရွတ်ပြီးပြီဆိုပါက မိမိစိတ်ထဲမှာ ဖြစ်နေတဲ့အခက်အခဲကို ဘုရားကို ရင်ဖွင့်ပြီး ဘယ်လိုဖြစ်ချင်သလဲဆိုတာကို ဆုတောင်းပေးပါ။ ကဲ ဒီလိုပဲ မွေးနေ့တိုင်း သုံးပတ်လောက် လုပ်လိုက်မယ်ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်..။

တနင်္ဂနွေသားသမီး  - အုန်း (၁)ညွန့်
တနင်္လာ               - ကံ့ကော် (၂)ညွန့် (သို့) ကံ့ကော် (၂)ပွင့်
အင်္ဂါ                    - ဆီးညွန့် (၃)ညွန့် (သို့) စံပယ် (၃)ပွင့်
ဗုဒ္ဓဟူး                 - ရွက်လှ (၄)ညွန့်
ကြာသပတေး        - မေမြို့ပန်း (၅)ပွင့်
သောကြာ             - သပြေ (၆)ညွန့်
စနေ                    - နှင်းဆီ (၇)ပွင့် (အဖြူ)

အထက်အညွန့်များ ၊ အပွင့်များမရပါကလည်း နေ့နံအပင် အညွန့်များဖြင့်လည်း ပြုလုပ်နိုင်ပါသည်။ သစ်စိမ်းချိုးအချိုးခံသူများ ပျော်ရွှင်နိုင်ပါစေ။
Tag : love
0 Komentar untuk "မိမိအပေါ်ချစ်သူစိမ်းကားသွားသော်"

MM-Search. Powered by Blogger.
Back To Top