.

ကာယသိဒ္ဓိကိုယ်ပျောက်ဆေးဖော်စပ်နည်း

 
ကိုလိုနီခေတ်အခါက နယ်ချဲ့အင်္ဂလိပ်တွေဟာ မြန်မာတော်လှန်ရေးတပ်သားတို့ခို
အောင်းရာဖြစ်တဲ့ မြန်မာဘုန်းတော်ကြီးကျောင်းအချို့ကို မြေလှန်ရှာဖွေရာမှာ လောကီပညာတတ်ကျွမ်းသူ ဆရာတော်ကြီးများရဲ့ ကိုယ်ပျောက်အစီအရင်များကြောင့် တော်လှန်ရေးတပ်သားများကို များသောအားဖြင့်ရှာမတွေ့ခဲ့ကြပါဘူး။ ကိုယ်ပျောက်နည်း၊ ကာယသိဒ္ဓိနည်းတွေ အများကြီးထဲကမှ နှစ်မျိုးလုံးအတွက်ပါအဆင်ပြေတဲ့ ဆရာတော်ဦးရေဝတရဲ့ ကာယသိဒ္ဓိကိုယ်ပျောက်ဆေးဖော်စပ်နည်းကိုမျှဝေလိုက်ရပါတယ်။

              ပီလောခါး၊ ပိတ်ချင်း၊ နနွင်းခါးနဲ့ ငရုတ်ကောင်းတို့ကို ဆတူစုပြီးကြိတ်ကာ ရွေးကြီးလုံးခန့် အရွယ်ခန့်လုံးပါ။ နက္ခတ်ကောင်းချိန် တန်ခိုးကြီးဘုရားရှေ့မှာ ရွေးကြီးလုံးခန့်အရွယ်ခန့် ဆေးလုံးတွေကို
အောက်ပါမန္တန်နဲ့အခေါက်(၁ဝဝဝ)ရွတ်ပေးရပါမယ်။ အထူးသတိထားရမှာက
ရွတ်ဆိုနေချိန်မှာ တံတွေးမျိုချလို့မရပါဘူး။ ရွတ်ပေးရမယ့်မန္တန်ကတော့ -

          "ဥုံ - မျက်လုံးတော်ကား ပုလဲ၊ သွားတော်ကား ဝရဇိန်၊
လည်တော်ကားသံခဲ၊ ညှပ်ရိုးတော်ကားဗောဓိညောင်တော်
တည်း၊ သြောင်း အရဟံ၊
ခံဆရာခံ၊ ထုံဆရာထုံ ၊ နင်ကား ပထဝီမြေပေါ်ဖြစ်သောသံ၊ ငါကား ဘုရားကောက္ကသံ၊
သြောင်း အရဟံ၊ ခံဆရာခံ၊ ထုံဆရာထုံ ."

            လို့ရွတ်ဆိုပေးရမှာပါ။ တစ်နေ့တစ်လုံးမှီဝဲပြီး ကံငါးပါးရှောင်နိုင်ရင်တော့ ဆေးအစွမ်းက အထက်နိုင်ဆုံးဖြစ်မှာပါ။ အရေးကြုံလာရင်တော့ ကာယသိဒ္ဓိအတွက်သာမကဘဲ ကိုယ်ပါပျောက်နိုင်တယ်လို့သိရပါတယ်။ ဒီခေတ်အမြင်နဲ့ကြည့်ရင် ယုံရခက်ပေမယ့် သီလသမာဓိနဲ့ပြည့်စုံသူအတွက် မြေမှုန်ကစ အသုံးဝင်တာမို့ ထိုက်သူရစေနိုင်ဖို့ မျှဝေလိုက်ရပါတယ်ဗျာ . .။

နက္ခတ်ရွေးနည်းအကြောင်းကိုတော့ အသေးစိပ်တင်ပေးပါမယ်..။
0 Komentar untuk "ကာယသိဒ္ဓိကိုယ်ပျောက်ဆေးဖော်စပ်နည်း"

MM-Search. Powered by Blogger.
Back To Top