.

သစ်ပင်စောင့်နတ်သူငယ်များ၏စွမ်းအားများ

                                                                                      


ခေါင်းလောင်းပြာလေး (BLUEBELLS)

ဒီဖယ်ရီမျိုးသည် သူ့မှာပါဝင်တဲ့ ခေါင်းလောင်းလေးကို ခေါက်ပြီး သန်းခေါင်ယံကပွဲကို ဆင်နွှဲဖို့အတွက် ဖိတ်ခေါ်ပေးတတ်ပါသည်။ ပန်းပွင့်လေးများအပေါ် ကြင်နာသူတွေကို သူတို့က စောင့်ရှောက်ပေးတတ်ပါတယ်။ သူတို့ကိုလည်း အချက်ပေးခေါင်းလောင်းလေးများလို့လည်း ခေါ်ဆိုတတ်ကြပါသေးတယ်။ ဘာလို့လဲဆိုတော့ ဖယ်ရီလေးတွေ အထွက်အမြတ်ထားတဲ့ မှော်ဝင်နေရာလေးတွေ နဲ ညှိ့ဓာတ်ပေါများလှတဲ့နေရာလေးတွေကို ရောက်ရှိတဲ့အခါ တောတွင်းထဲတွင် လမ်းပျောက်နေတဲ့အချိန်တွင် အပြာရောင်ခေါင်းလောင်းအပင်ကလေးနဲ့ ကျွန်တော်တို့ သွားမဲ့လမ်းကို ညွှန်ပြပေးတတ်လို့ပါပဲ။





 

ဘတ်တာကပ် (BUTTERCUP)

ဘတ်တာကပ်လေးများကတော့ ဆေးကုသပေးနိုင်သော စွမ်းအင်များကို သယ်ဆောင်လာသူတွေပါပဲ။ နားလည်အောင် ပြောမယ်ဆိုရင်တော့ ဆေးဝါးပန်းပွင့်လေးတွေကို စောင့်ရှောက်ပေးတဲ့ သူပါ။ မိမိကိုယ်မိမိ တန်ဖိုးထားတတ်ဖို့လည်း ကျွန်တော်တို့ကို သင်ကြားပေးပါတယ်။








ကာနေရှင်း (CARNATION)

 ခန္ဓာကိုယ်အတွင်းပိုင်းက စွမ်းအ်တွေကို ကုသပေးတဲ့ ဖယ်ရီတစ်မျိုးပါ။










ချီကိုရီ (CHICORY)

ချီကိုရီကလေးတွေက ကျွန်တော်တို့ကို ကံကောင်းခြင်းတွေကို ယူဆောင်ပေးတတ်ပါတယ်။ သူ့ကို လက်ပေါ်ကြင်ကင်နာနာလေး တင်ထားလိုက်ရင်တော့ သင့်ကို ကိုယ်ပျောက်အောင် လုပ်ပေးနိုင်ပါတယ်။ ဘယ်လိုတံခါးပဲ ခတ်ထားပါစေ ပွင့်အောင်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။









                             ကလိုဗာ (CLOVER)                                     

ကလိုဗာကလေးကတော့ အချစ်ကို ရှာတွေ့ဖို့ ကူညီပေးတတ်တဲ့ ဖယ်ရီတစ်မျိုးပါ။











ခရိုကပ်စ် (CROCUS)

ချစ်ခြင်းမေတ္တာဓာတ်တွေရအောင် လှုံဆော်ပေးတတ်ပါတယ်။ ဒါပေမယ့် သူတို့စွမ်းအင်တွေ ကျွန်တော်တို့ကို ပေးပြီးသွားရင် ကျွန်တော်တို့မှာရှိတဲ့ ခွန်အားတွေ လျှော့နည်းသွားတတ်ပါတယ်။






ဒေစီ (DAISY)

ဒေစီလို့ခေါ်တဲ့ ဒေစီပန်းမှာ နေထိုင်သော ဖယ်ရီလေးတစ်မျိုးပါ။ ထီထွင်ဖန်ထီးနိုင်စွမ်း မြင့်မားအောင် ကူညီစောင်ရှောက်ပေးတတ်ပါတယ်။ ကူအညီတောင်းခံလိုပါက ဒေစီပန်းပွင့်တွေအနားမှာ စိတ်ကိုလျှော့ပြီး ကူညီပေးဖို့ ပြောကြားပေးပါငါ့ကိုမမေ့ပါနဲ့ ဆိုတဲ့ စကားလေးကို အကြိမ်ကြိမ်ပြောကြားပေးပါ။ အဲဒီစကားလုံးလေးသည် အချစ်နှင့် သံယောဇဉ်အတွက် သင်္ကေတစကားလုံးလေး ဖြစ်ပါတယ်။ ဖယ်ရီရတနာပုံကို ဖျောက်ထားတဲ့ တောင်ကုန်းတစ်ခုရဲ့ တောင်စွန်းမှာ 
ဒေစီပန်းပွင့်ကလေးများကို တွေ့ရှိခဲ့ပါက သင့်အတွက် လှပလှသော ဖယ်ရီဥယျာဉ်အတွင်းသို့ ရောက်ရှိစေသည့် လိုဏ်ဂူကြီးကို တွေ့ရှိပါလိမ့်မယ်။






ဖော့စ်လာ့ဗ် (FOXGLOVE)

ဖော့စ်လာ့ဗ်ပန်းပွင့်များတွင် နေထိုင်တဲ့နတ်သူငယ်များသည် ပန်းပွင့်များကို ဦးထုပ်တစ်ဖွယ်ဝတ်ဆင်တတ်ပြီး အဲဒီပန်းပင်နားတွင် နတ်သူငယ်များရှိပါက ပန်းပွင့်များတွင် လက်ဗွေရာလေးများကို တွေ့နိုင်ပါတယ်။ အဲဒီပန်းပွင့်ကို အကြောင်းမရှိ ခူးဆွတ်ပါက အိမ်သို့ယူဆောင်သွားပါက ကံနည်းနည်းဆိုးအောင် လုပ်တတ်ပါတယ်။ 






ဇီဇ၀ါမလေး (GARDENIA)

ဒီနတ်သူငယ်များသည် ကလေးများကို ကာကွယ်ပေးတတ်ပြီး ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်များရဲ့စိတ်သဘောကို သိမြင်နိုင်သော တယ်လီပသီ စွမ်းအင်များကို မြင့်တက်အောင် ပြုလုပ်ပေးတတ်ပါတယ်။ သင့်စိတ်ထဲမှာရှိနေတဲ့ အပူအပြင်တွေ ပျောက်ကွယ်ပြီး ငြိမ်းချမ်းမှုတွေ ဖြစ်လာအောင်လည်း ကူညီပေးတတ်ပါတယ်။








ဟီတာ (HEATHER)

 ဒီအပင်စောင့်တဲ့ နတ်သူငယ်လေးကတော့ အရမ်းရှက်တတ်တဲ့ လူတွေကို ဆွဲဆောင်တတ်ပါတယ်။ ဟီတာပန်းပင်မှာနေတဲ့ နတ်သူငယ်များကတော့ ကြီးမားကြောက်စရာကောင်းတဲ့ အန္တရာယ်မျိုးမတွေ့ရဘဲ အေးအေးချမ်းချမ်း ရှိလှပါတယ်။ ဟီတာပန်းသည် ငြိမ်းချမ်းခြင်း နဲ့ အထီးကျန်ခြင်းကို ကိုယ်စားပြုသည်။







ဂျက်စမင် (JASMINE)

 ဒီနတ်သူငယ်လေးများကတော့ အေးချမ်းသောအိမ်မက်များ နဲ့ ရှင်းလင်းတည်ငြိမ်သော စိတ်ကို ဖြစ်တည်လာအောင် ဆောင်ကြဉ်းပေးတတ်ပါတယ်။





လီလီ (LILY)

ဒီနတ်သူငယ်လေးများကတော့ သဘာဝရဲ့သန့်စင်သောဓာတ်ကို ရရှိနိုင်ရန် နှင့် လူသားဆန်သူ တစ်ယောက် ဖြစ်လာစေရန် ဆောင်ကြဉ်းပေးပါတယ်။









မာရီဂိုးလ် (MARIGOLD)

မနက်စောစောစီးစီးမှာ ထပ်တရာပန်းပွင့်ကို ခရားတစ်ခုထဲမှာ ထပ်ပေါင်းပြီး စားရင် နတ်သူငယ်ကို မြင်ရပါတယ်။











ပန်စီ (PANSY)

ပေါင်ပါပန်းကိုတော့ အချစ်ဆေးရည်ဖော်စပ်တဲ့နေရာမှာ သုံးပါ။ ပန်စီနတ်သူငယ်လေးက အချစ် စွမ်းထက်အောင် ဆောင်ရွက်ပေးပါလိမ့်မယ်။












ပီရီဝင်ကလီ (PERIWINKLE)             

ကောင်းမွန်သောအချစ်နဲ့ တွေ့လာဖို့ ဆောင်ကျဉ်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ပီရီဝင်ကလီအရွက်ကို စားရင်တော့ ပီယဖြစ်ပါတယ်။ ပီရီဝင်ကလီဆိုတာ သင်္ဘောမညှိုးပန်းနှင့် ဆင်သောအဖြူရောင်၊ အပြာရောင်ပန်းများပွင့်သည့် မြေကပ်ချုံတစ်မျိုး ဖြစ်ပါသည်။









ပရိုင်းရိုစ့် (PRIMROSE)

မမြင်နိုင်တဲ့စွမ်းအားတွေကို ကာကွယ်နိုင်တဲ့စွမ်းအား ရှိပါတယ်။ ပရိုင်းရိုစ့်အရွက်ကို စားရင်တော့ အပင်စောင့်နတ်သူငယ်နဲ့ တွေ့ရမှာပါ။ သူတို့နေထိုင်တဲ့ နယ်ပယ်ထဲကို ရောက်သွားတဲ့အခါ ဂဏန်းတွေနဲ့ စီစဉ်ထားတဲ့ ဖယ်ရီကျောက်တုံး ရှိပါတယ်။ သတိထားပါ။ နံပါတ်အမှားတွေကို ထိမိရင်တော့ စိတ်ချမ်းမြေ့စရာနေရာ တံခါးကို သွားဖွင့်မိသလိုပါပဲ။








ရို့စ် (ROSE)

အချစ် အချစ် အချစ်များကို ယူဆောင်လာပေးတယ်။




















ကျားပါးစပ်ပန်းစောင့် (SNAPDRAGON)    
မရိုးသားမှုတွေနဲ့ ကျိန်စာတွေကို ကာကွယ်ဖို့ ဒီဖယ်ရီတွေက ကူညီပေးပါတယ်။ ဒီပန်းကိုသာ လက်ထဲမှာ ညင်ညင်သာသာဖြင့် ဆုပ်ကိုင်ထားပါ အံ့သြစရာကောင်းသော အရာများကို တွေ့မြင်ရပါလိမ့်မယ်။







စမုန်ဖြူလေး (THYME)

စမုန်ဖြူအပွင့်အခတ်များကို အိမ်တံခါးဝမှာ ချိတ်ဆွဲထားတယ်ဆိုရင်တော့ မိမိအိမ်မှာ လိုအပ်တဲ့အရာတွေကို ဒီဖယ်ရီလေးတွေက ယူဆောင်ပေးတတ်ပါတယ်။












ဗိုင်ကိုလက် (VIOLET)
ဒီဖယ်ရီလေးတွေက ဖယ်ရီတွေအားလုံး လေးစားကျတဲ့ သူတွေပါ။ နွေဦးရာသီမှာ မြောက်မြားသောဖယ်ရီများက ကံကောင်းခြင်းတွေကို ယူဆောင်ပေးတတ်ပြီး သူတို့ရဲ့ကမ္ဘာကို တွေ့ခဲ့မယ်ဆိုရင်တော့ မိမိစိတ်ထဲမှာ ဖြစ်ချင်နေတဲ့ ဆန္ဒကို ပြည့်အောင်လုပ်ပေးတတ်ပါတယ်။











ကြာဖြူဖယ်ရီ (WHITE LOTUS)

ဒဏ္ဍာရီထဲမှာတော့ ကြာဖြူပန်းကို မြစ်စောင့် နတ်သမီးများက စောင့်ရှောက်တယ်ဟု ယုံကြည်ကြပါတယ်။ မိန်းမတစ်ယောက်ဟာ ကြာဖြူပန်း ပွင့်ဖတ်များကို ရေတွက်နေပါက သူလည်း မထင်မှတ်စရာကောင်းသော အချစ်မန္တန်များကို ရွတ်ဆိုသလိုပဲ အချစ်ရေးမှာ ကံကောင်းအောင် ဖယ်ရီများက ဆောင်ကြဉ်း 
ပေးတတ်ပါတယ်။ 



မိုးကြယ်စင်(ဖယ်ရီမဟုတ်ဘူးနော်)




0 Komentar untuk "သစ်ပင်စောင့်နတ်သူငယ်များ၏စွမ်းအားများ"

MM-Search. Powered by Blogger.
Back To Top