ဆေးဝိဇ္ဇာဓိုရ်အဖြစ်သို့ ရောက်စေနိုင်သော ဆေးပင်(၃)ပင် ရှိသည်။ ၄င်းတို့မှာ
(၁) ဆေးဘုရင် နှင့် ဆေးမိဖုရားဆေးပင်
(၂) ဆေးမင်း ဧကရာဇ် ဆေးပင်
(၃) ဆေးမင်း စက္က၀တ္တိဆေးပင် တို့ ဖြစ်ကြသည်။
-ဆေးဘုရင် နှင့် ဆေးမိဖုရားဆေးပင်တို့မှာ စုံတွဲပေါက်လေ့ ရှိသည်။ အခြားတစ်ပါးသော သစ်ပင်တို့နှင့် ရောနှောမပေါက်ဘဲ သီးခြားနေရာ၌သာ ပေါက်လေ့ရှိသည်။ အပင်၏ပုံသဏ္ဍာန်မှာ လယ်တောများတွင် တွေ့ရများသော ဥာဏ်ပင်နှင့် အရွက်အခက် ပုံသဏ္ဍာန်တူသည်။ အမြင့်မှာ ဥာဏ်ပင်လောက် မမြင့်ဘဲ သုံးပေခန့်သာ မြင့်သည်။ အပွင့်ပွင့်သောအခါ ဆေးဘုရင်ပင်မှ တစ်ပွင့် ၊ ဆေးမိဖုရားပင်မှ တစ်ပွင့် စုစုပေါင်း နှစ်ပွင့်သာ ပွင့်တတ်လေသည်။
တောင်ကုန်းမြင့်သောနေရာ ၊ လူသူမရောက်သောနေရာ ၊ အညစ်အကြေးမစွန့်ဘူးသော အရပ်တို့တွင်သာ ပေါက်ရောက်လေ့ရှိသည်။ ထိုဆေးပင်ကို တွေ့နိုင်သောလမှာ (၁၂)လ ရာသီအနက် ဆေးပေါင်းခသော တန်ဆောင်မုန်းလ တစ်လတွင်သာ ပေါက်ရောက်လေ့ရှိသည်။ အခြားလများတွင် မတွေ့ရပေ။ ထိုတစ်လတွင် အင်းကောင်း ၊ ဆေးကောင်း ၊ မန္တန်ကောင်း များဖြင့် ရှာဖွေပါက တွေ့ရှိနိုင်ပေသည်။ ထိုဆေးပင်ကိုရသော် ဆေးပင်နှစ်ပင်စလုံးကို ယူပြီး ပဉ္စငါးပါး ညက်စွာ ထောင်းရသည်။ ပြီးလျှင် ဆေးတောင့်ကလေးတွေ ပြုလုပ်ကာ ခြောက်သွေ့စွာ ထားရသည်။ သီလဆောက်တည်ခြင်း ၊ အဓိဠာန်ဝင်ခြင်း ၊ သက်သက်လွတ်စားခြင်း ၊ သရဏဂုံထုံခြင်းတို့ကို အာရုံပြု၍ ဆောင်ရွက်ကာ ဆေးတော်ကို တစ်နေ့တစ်တောင့် မှန်မှန်စားပါက ဆေးကုန်သည်နှင့် ဆေးဝိဇ္ဇာဓိုရ်ဘ၀သို့ ပြီးမြောက်အောင်မြင်နိုင်ပါသည်။
ဆေးမင်းဧကရာဇ် ဆေးပင်မှာ အရွက်သုံးရွက်သာ ထွက်သည်။ အရွက်၏၀မ်းဘက်တွင် နေရောင်ထိသော ပတ္တမြားအရောင်ကဲ့သို့သော်လည်းကောင်း ၊ ဟင်္သာပြဒါးကဲ့သို့သော်လည်းကောင်း ရဲရဲနီနေသည်။ ကျောဘက်တွင် လရောင်ထိသော ဘော်ငွေရောင်ကဲ့သို့ ဖြူဖွေးသော အဆင်းရှိသည်။ အရွက်၏ကျောဘက်တွင်ရှိသော ရွက်ကျောငယ်ကလေးများမှာ ဆန်းကြယ်စွာ ရေးခြယ်ထားသော ပန်းချီပုံကဲ့သို့ များစွာ လှပတင့်တယ်မှုရှိကာ လှပလေသည်။ အရွက်သုံးရွက်တို့၏၀မ်းဘက်တွင် နီရဲပြီး ကျောဘက်တွင် အဖြူရောင် ဖြစ်သကဲ့သို့ ပင်စည်တစ်ခုလုံးမှာလည်း နီရဲနေလေသည်။ အရွက်တို့ လှသလို အပင်ကလည်း လှလေသည်။ အပင်အမြင့်မှာ လက်လေးသစ်ခန့်သာ ရှိသည်။ လူသူအရောက်အပေါက်နည်းပြီး အညစ်အကြေးမစွန့်ဘူးသော တောင်ကုန်းထိပ် ၊ ဘုရားကုန်းတော်များတွင်သာ ပေါက်လေ့ရှိသည်။
ဆေးမင်း ဧကရာဇ်အပင်ကိုတော့ တပေါင်းလပြည့်နေ့ မွန်းတည့်သောအချိန်တစ်ချိန်သာ ရှာဖွေတွေ့ရှိနိုင်သည်။ ထိုဆေးပင်ကို တွေ့ရှိရန်မှာ များစွာ ခက်ခဲလှသည်။ သီလစင်ကြယ်ခြင်း ၊ အဓိဠာန် ပြည့်မြောက်ခြင်း ၊ အင်းကောင်း ၊ ဂါထာကောင်း အတတ်တို့ကို ကျွမ်းကျင်မှသာ တွေ့ရှိနိုင်လေသည်။
ဆေးပင်ကိုရသော တစ်ပင်လုံးကို ယူပြီး ညက်စွာကြိတ်၍ ဆေးတော် အတောင့်ကလေးများအဖြစ် ပြုလုပ်ထားရပါမည်။ သီလဆောက်တည်ခြင်း ၊ အဓိဠာန်ဝင်ခြင်း ၊ သက်သက်လွတ်စားခြင်း ၊ သရဏဂုံထုံခြင်းတို့ကို အာရုံပြု၍ ဆောင်ရွက်ကာ
ဆေးတော်ကို တစ်နေ့တစ်တောင့် မှန်မှန်စားပါက ဆေးကုန်သည်နှင့်
ဆေးဝိဇ္ဇာဓိုရ်ဘ၀သို့ ပြီးမြောက်အောင်မြင်နိုင်ပါသည်။
ဆေးမင်း စက္က၀တ္တိဆေးပင်မှာ ဆေးမင်း ဧကရာဇ်အပင် နှင့် ပုံသဏ္ဍာန် အရောင်အသွေးပါ တူပေသည်။ ပေါက်ရောက်သော အရပ်ဒေသသာ မတူကြပါ။ ဆေးမင်း စက္က၀တ္တိဆေးပင်သည် ဆေးမင်း ဧကရာဇ်ဆေးပင်ကဲ့သို့ မြေပြင်တွင် မပေါက်ဘဲ လူသူအရောက်အပေါက် နည်းပါးလှပြီး တောင်ကုန်းထိပ်ဖျားတွင် ပေါက်သော သစ်ပင်ကြီးများ၏ အမြင့်ဆုံးတွင်ရှိသော ကိုင်းအဖျားတို့၌သာ ပေါက်ရောက်သည်။ တစ်နေရာတွင် လေးနှစ်ကြာမှသာ တစ်ကြိမ်တွေ့ရတတ်သည်။ ဆေးပင်မှာလည်း တပေါင်းလပြည့်နေ့ မွန်းတည်ချိန် တစ်ချိန်မှာပဲ တွေ့ရသည်။ နတ်များသည် ထိုဆေးပင်ကို လူတို့ မမြင်တွေ့စေရန် မှတ်သားထားတတ်သည်။ အင်းကောင်း ၊ ဆေးကောင်း ၊ မန္တန်ကောင်း များဖြင့် ရှာဖွေပါက တွေ့ရှိနိုင်ပေသည်။ ထိုဆေးပင်ကိုရသော် ဆေးပင်နှစ်ပင်စလုံးကို ယူပြီး ပဉ္စငါးပါး ညက်စွာ ထောင်းရသည်။ ပြီးလျှင် ဆေးတောင့်ကလေးတွေ ပြုလုပ်ကာ ခြောက်သွေ့စွာ ထားရသည်။ သီလဆောက်တည်ခြင်း ၊ အဓိဠာန်ဝင်ခြင်း ၊ သက်သက်လွတ်စားခြင်း ၊ သရဏဂုံထုံခြင်းတို့ကို အာရုံပြု၍ ဆောင်ရွက်ကာ
ဆေးတော်ကို တစ်နေ့တစ်တောင့် မှန်မှန်စားပါက ဆေးကုန်သည်နှင့် ဆေးဝိဇ္ဇာဓိုရ်ဘ၀သို့ ပြီးမြောက်အောင်မြင်နိုင်ပါသည်။
သရဏဂုံထုံသည့်အခါ အသက်ရှုသွင်းသည့် အခါတွင်.....
ဘုရား တရား သံဃာဂုဏ်တို့ကို ယုံကြည်ကိုးကွယ်ပါ၏ ဘုရား
ဟု စိတ်ထဲတွင် မှတ်ပါ။ လေကို ပြန်ထုတ်သောအခါ.....
လူနတ်ဝိဇ္ဇာ အပေါင်းတို့ ချမ်းသာကြပါစေ
ဟု အာရုံပြုပြီး ပြန်ထုတ်ပါ။ မေတ္တာပို့သည့်အခါ ၀ိဇ္ဇာတို့ကို ထည့်သွင်းရခြင်းမှာ မိမိဆေးပင်အစီအရင်ကိစ္စအား မနှောင့်မယှက် မဖျက်ဆီးစေရန်အတွက်ပင် ဖြစ်ပါသည်။
(မှတ်ချက်။ ။ ဗဟုသုတ ရစေရန်အတွက် ရေးသားပေးခြင်း ဖြစ်ပါသည်။ ပါရမီဆုံတဲ့လူတွေဆိုရင်တော့ ကျွန်တော်ဗဟုသုတကို ဖတ်ရှုပြီး အောင်မြင်သွားပါက ကျွန်တော် တင်ရကျိုးနပ်ပါပြီ။ )
0 Komentar untuk "ဆေးဝိဇ္ဇာဓိုရ်အဖြစ်သို့........။"