.

မိမိချစ်သူ မျက်နှာမများဘဲ မိမိအပေါ်သစ္စာရှိအောင်..။

 
(အဘမင်းသိင်္ခ)

မိမိချစ်သူ မျက်နှားများနေတယ်ဆိုရင် ဟိုလူ ဒီလူတွေနဲ့ ရှုပ်နေတယ်လို့ သတင်းတွေ ကြားနေရတယ်ဆိုရင်တော့ ဒီစမအင်းလေးကို သူ့ဓါတ်ပုံမှာ ညှပ်ထားရမယ်။ 
ဓါတ်ပုံမရှိခဲ့ရင် သူ့နာမည်ရေးထားတဲ့ အ၀ါရောင်စာရွက်လေးကိုညှပ်ပါ။ ပြီးရင် တရားစာအုပ် တစ်အုပ်ကြားညှပ်ထားပေးလိုက်။ ရက်ပိုင်းအတွင်း မိမိအပေါ် သစ္စာရှိလာပါလိမ့်မယ်။ ဒါကတော့ ဖြစ်ပြီးမှပေါ့..။ နောက်တစ်ခု ထပ်ပေးမယ်။ အဲဒါကတော့ မျက်နှာများခင် ကြိုလုပ်ထားကြပေါ့။
အပေါ်တွင်ပြထားတဲ့ နငယ်န၀င်းစမ,ပုံလေးကို မှိုင်းကိုင်စက္ကူပေါ်မှာ ( ၇ ) ရွက်ရအောင်ဆွဲပါ။ ခဲတံနဲ့ရေးဆွဲရမှာဖြစ်ပြီးတော့ ရေးဆွဲနေတုန်း မိမိချစ်သူက မိမိအပေါ် အမှန်တကယ်ချစ်ခင်လာပုံ၊ သစ္စာရှိလာပုံကိုမြင်ယောင်/အာရုံပြုနေရပါမယ်။ ပြီးရင် ဖယောင်းတိုင်အဖြူ ( ၇ ) တိုင်မှာ တစ်ရွက်စီကော်နဲ့ကပ်/ပတ်ရပါမယ်။ အားလုံးပြီးပြီဆိုရင် ... ညစဉ်အိမ်ဘုရားမှာ တစ်တိုင်စီထွန်းရင်း  အေရွန် ( AEUNN ) ဆိုတဲ့ဂမ္ဘီရသံစဉ်ကို ( ၂၇ ) ခေါက်ရွတ်ပေးရပါမယ်။ ဆုကတော့ ခုနှစ်ရက်အတွင်းလိုရာတောင်းပေါ့။ အိမ်မှာမီးထွန်းရခက်နေရင် ဘုရားတဆူဆူရဲ့မွေးနံထောင့်မှာလှူလို့ရပါတယ်။ ခုနှစ်ရက်ပြည့်ရင်ဘာတွေထူးလာမလဲဆိုတာတော့မပြောတော့ပါဘူး။ လက်တွေ့လုပ်ကြည့်ရင်သိလာမှာပါ။ ဒီအစီအရင်ကို သောကြာနေ့ကစလုပ်ရပါမယ်။ 


Tag : love, myths

Related Post:

1 Komentar untuk "မိမိချစ်သူ မျက်နှာမများဘဲ မိမိအပေါ်သစ္စာရှိအောင်..။"

AEUNNဆိုတဲ့ ဂမ္ဘီရသံစဉ်ဆိုတာ ဘာကိုပြောတာလဲမသိဘူး။ please reply me!!

MM-Search. Powered by Blogger.
Back To Top