(၁) မကျင့်မီ ပြင်ဆင်ရမည့်အချက်အလက်များ နှင့် လေ့ကျင့်ခန်းများ
(က) မိမိ၏အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပါ။

တယ်လီကေနက်စစ်ပညာရပ်ကို
ရရှိစေဖို့အတွက် အဓိကအရေးကြီးသော လေ့ကျင့်ခန်းမှာ မိမိ၏စိတ်စွမ်းအင် နှင့်
မိမိဘေးပတ်လည်တွင်ရှိသော အရာဝတ္ထုများကို အာရုံစူးစိုက်နိုင်စွမ်းပင်
ဖြစ်ပေသည်။ အာရုံစူးစိုက်နိုင်စွမ်းနည်းသောသူသည် မိမိအနားတွင်ရှိသော
ကြီးမားသောအရာဝတ္ထုများကိုပင် မြင်နိုင်ခြင်းမရှိပေ။ သတိမူ ဂူမမြင်ဟူသော
စကားပုံအတိုင်းပင် ဖြစ်ပေသည်။ အာရုံစူးစိုက်နိုင်စွမ်းရှိအောင်
လေ့ကျင့်ခြင်းသည် တရားထိုင်ခြင်းဖြင့် တူညီမှုရှိသည်။ တရားထိုင်ခြင်းသည်
မိမိ၏စိတ်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။
အာရုံစူးစိုက်နိုင်စွမ်းရှိခြင်းသည် မိမိပတ်ဝန်းကျင်တွင်ရှိသော
သတိမမူမိသည့်အရာများကို သတိမူပါလိမ့်မည်။ ဒါကြောင့်
သေးငယ်လှသောအရာဝတ္ထုများဖြင့် အာရုံစူးစိုက်နိုင်စွမ်းရှိအောင်
ပြုလုပ်ပါ။ နေ့စဉ်နေ့တိုင်း အသေးစိတ်အချက်အလက်များက အစ သတိမူမိအောင်
ပြုလုပ်ပါ။ ဥပမာ-- မိမိသွားခဲ့သောခြေလှမ်း ၊ အနံ့များ ၊
အရောင်များဖြာထွက်မှုများ ၊ အရသာတွေတောင်မှ သတိမူမိအောင် ပြုလုပ်ပါ။ မိမိသည်
အာရုံစူးစိုက်နိုင်စွမ်း မနည်းအောင်လုပ်ဆောင်ပါ။ မျက်စီလျင်ပါ။
နားပါးပါစေ။
(ခ) တရားထိုင်ပါ။
တရားထိုင်ခြင်းသည်
လုံးဝကို ရိုးရှင်းသော အာရုံစူးစိုက်နိုင်စွမ်းကို
မြှုင့်တင်ပေးနိုင်ရုံသာမက မိမိစိတ်ကိုလည်း အပူအပြင်းသောကများမှ
ကင်းလွတ်အောင်လုပ်ဆောင်ပေးနိုင်ပါသည်။ မိမိ၏စိတ်သည် အရာဝတ္ထုအပေါ်
အာရုံပြုထားပါက ထိုအရာဝတ္ထုအနားတွင် ရစ်ပတ်နေသောအရာများကို မိမိ၏ဦးနှောက်မှ
100ရာနှုန်း ရှင်းလင်းနေဖို့ လိုအပ်ပါသည်။ တရားထိုင်သည့်အခါ
အာရုံတစ်ခုတည်းကိုသာ အာရုံပြုပြီး တရားထိုင်ပါ။ မိမိ၏အတွေးများကို
မဖိတ်ခေါ်ပါနဲ့။ ထွက်ပေါ်လာပါကလည်း ရှင်းလင်းထားပါ။ ထိုမှသာလျှင်
တယ်လီကေနက်စစ်ကို လေ့ကျင့်သောအခါ မိမိစိတ်သည် မိမိရွေ့လျားလိုသော အရာဝတ္ထု
အပေါ်မှာပဲ တည်ရှိနေမှာပဲ ဖြစ်ပါသည်။
(ဂ) မိမိစိတ်ကို ဖွင့်လှစ်ထားပါ။
ဆဌမအာရုံအမှတ်စဉ်(၁၁)တွင်
ဖော်ပြထားသော စိတ်ညှို့နည်းကို လေ့ကျင့်ထားရပါမည်။ မိမိ၏စိတ်သည်
ငါလုပ်ဆောင်နိုင်သည်ဟူသော စိတ်ဓာတ်ကိုပဲ ထားရှိသင့်ပါသည်။ အကယ်၍
ဒီစိတ်ဓာတ်မျိုးမထားရှိပါက မိမိသည် မလုပ်ဆောင်ဟု၍ တွေးတောနေသောအခါတွင်
မိမိစိတ်သည် လုံးဝအောင်မြင်အောင်လုပ်ဆောင်တော့မည် မဟုတ်ပါ။
မိမိစိတ်သည် မအောင်မြင်ပါက ငါအောင်မြင်နိုင်သေးသည်ဟုသော အတွေးကို
တွေးတောဖို့ လိုအပ်ပါသည်။ မိမိစိတ်ကို အကောင်းမြင်စိတ်ဘက်ကပဲ တွေးတောပေးပါ။
မိမိကိုယ်မိမိ အပြစ်မတင်ပါနှင့်။ အပြစ်တင်မိပါက မိမိ၏မသိစိတ်တွင်
မလုပ်နိုင် မအောင်မြင်နိုင်ဟူသော အတွေးများ ရှိနေလိမ့်မည် ဖြစ်ပေသည်။
(ဃ) စိတ်ရှည်ပါ။ မလောပါနှင့်။
ပညာရပ်တစ်ခုကို
လေ့ကျင့်ယူသည့်အခါ အလောတကြီး အောင်မြင်သွားသည်က နည်းပါသည်။ ထိုကြောင့်
မိမိလေ့ကျင့်မှုသည် တစ်ပတ်လည်းဖြစ်နိုင်သည် တစ်လလည်း ဖြစ်နိုင်သည်
တစ်နှစ်လည်း ဖြစ်နိုင်သည်။ အချို့လူတွေဆိုရင် ဆယ်နှစ်လောက်ကြာမှ
အောင်မြင်သွားတာတွေလည်း သာဓကတွေ အများကြီးရှိပါသည်။ ထိုကြောင့်
လောလို့မရပါ။ စိတ်ရှည်ပြီး သည်းခံနိုင်ရပါမည်။ မိမိ၏ပါရမီအပေါ်မူတည်ပြီး
အချိန်အတိုင်းအတာက နည်းသည်များသည် ဖြစ်လာပါလိမ့်မည်။ လေ့ကျင့်မှုသည်
အောင်မြင်ရာတည်းပါ။
(င) စိတ်ကိုဖြေလျှော့ထားပါ။
မိမိလေ့ကျင့်တော့မည်ဟု
ဆုံးဖြတ်ထားသောအချိန် အရှေ့ပိုင်းလောက်တွင် တစ်စုံတစ်ယောက်ဖြင့်
ရန်ဖြစ်ထားသည့်အခါ မိမိ၏စိတ်သည့် တင်းကြပ်နေပါလိမ့်မည်။ မလေ့ကျင့်မီမှာ
မိမိ၏စိတ်သည် တည်ငြိမ်နေဖို့ အရေးကြီးပါသည်။ စိတ်ကို
ဖြေလျှော့နည်းပေါင်းများစွာရှိပါသည်။ ခဏလောက် အိပ်နေတာဖြစ်ဖြစ်
ရေပြင်တစ်ခုကို စိုက်ကြည့်နေတာပဲ ဖြစ်ဖြစ် မိမိစိတ်ကို လျှော့ချနိုင်မဲ့
အပြူအမူမျိုး ပြုလုပ်ပြီးမှပဲ လေ့ကျင့်ပါ။
(စ) အရာဝတ္ထုများကို အာရုံစူးစိုက်နိုင်ရမည်။ မိမိရွေ့လျားစေလိုသော အရာဝတ္ထု၏ဖိအားကို နားလည်နိုင်ရမည် ၊ အရာဝတ္ထုသည် မိမိ၏အသွေးအသား အစိတ်အပိုင်းတစ်ခုဟု မှတ်ယူနိုင်ရမည် ဖြစ်ပေသည်။ မိမိအာရုံစူးစိုက်ထားသော အရာဝတ္ထုတစ်ခုအပေါ်မှာ ထူးခြားသောအာရုံရှိလာခဲ့လျှင် အဲဒီနောက်ပိုင်းမှာ မိမိရွေ့လျားခြင်းသည် အောင်မြင်စပြုလာပြီ ဖြစ်ပေသည်။ မိမိနှင့်အရာဝတ္ထုပစ္စည်းသည် တစ်ထပ်တည်းကျလာသည့်အခါ အဲဒီပစ္စည်းသည် မိမိ၏တတိယလက်သဖွယ် ဖြစ်လာပြီး မိမိလိုရာကို ရွေ့လျားစေနိုင်မည် ဖြစ်သည်။ မိမိနှင့် မိမိလေ့ကျင့်သော အရာဝတ္ထုသည် တစ်သားတည်းဖြစ်နေရမည် ဖြစ်သည်။
(၂) မိမိစွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း
(က) သေးငယ်သောအရာဝတ္ထု (သို့) မမြင်နိုင်သောအရာများကို အာရုံစူးစိုက်ပါ။
တယ်လီကေနက်စစ်သည် မိမိပတ်ဝန်းကျင်တွင် ရှိရှိသမျှ အရာဝတ္ထုတိုင်းကို ရွေ့လျားစေတတ်သောပညာရပ်တစ်ခု ဖြစ်ပေသည်။ မိမိတို့ရဲ့အနားတွင်ရှိသော အရာဝတ္ထုတိုင်းကို ရွေ့လျားစေဖို့ဆိုတာ မိမိတွင်ရှိသော စိတ်တန်ခိုးနည်းနည်းဖြင့် လွယ်ကူမှုမရှိနိုင်ပါ။ ထိုကြောင့် လေ့ကျင့်မှုကို စတင်မည်ဟု ဆုံးဖြတ်လိုက်သည်နှင့် မိမိသည် အလေးချိန်အပေါ့ဆုံးသော အရာဝတ္ထုများဖြင့် စတင်လိုက်ပါ။ အလေးချိန်အပေါ့ဆုံးဆိုတာက ဥပမာအားဖြင့် မီးခြစ်ဆံများ ၊ သေးငယ်သောခဲတံများ အစရှိသည်တို့ပင် ဖြစ်သည်။ အရာဝတ္ထုတိုင်းသည် သေးငယ်သော အမှုန်များဖြင့် ဖွဲ့စည်းထားသည်ကို နားလည်လာလေလေ မိမိပစ္စည်းများကို ရွေ့လျားအောင်လုပ်နိုင်ဖို့ လွယ်ကူကူလေလေပါပဲ။ နောက်ပိုင်းဆိုရင် အေးအေးဆေးဆေး ထိုင်ခုံပေါ်မှာထိုင်ပြီး ပြုလုပ်နိုင်ပါလိမ့်မည်။
ဦးစွာပထမ သိရှိထားဖို့က လေ့ကျင့်နည်းကို တစ်နေ့ကို ဘယ်နှစ်ကြိမ် ပြုလုပ်မလဲ။ ဘယ်ဘက်ကို ရွေ့မှာလား၊ ညာဘက်လား (သို့မဟုတ်) လိမ့်ခိုင်းမှာလား အပေါ်ကို မြှောက်တက်ခိုင်းမှာလား စသဖြင့် ရွေးချယ်ထားဖို့ လိုပါသည်။ မိမိရွေးချယ်မှုသည် မိမိအတွက် စတင်ရာတွင် လွယ်ကူသော လေ့ကျင့်နည်းဖြစ်ရပါမည်။
(ခ) မိမိလက်နှစ်ဘက်အလယ်တွင် စွမ်းအင်အလုံးကြီးတည်ဆောက်ပါ။ (ခ) ရေခီနည်းလမ်း
စွမ်းအင်အလုံးကြီးတည်ဆောက်နည်းဆိုသည်မှာ ပုံတွင်ပြသထားသောအတိုင်းပင် မိမိ၏လက်နှစ်ဘက်အလယ်တွင် စွမ်းအင်များကို ရှိသည်ဟု အာရုံပြုပြီး အလုံးတစ်လုံးကို ရရှိအောင် ပြုလုပ်ရပါသည်။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ မိမိ၏လက်နှစ်ဘက်သည် စက်လုံးတစ်လုံးကို ဘယ်ပြန်ညာပြန်ပွတ်နေသည်ဟု အာရုံပြုခိုင်းခြင်းသာ ဖြစ်ပါသည်။ တကယ်ရေခီနည်းလမ်းမှာတော့ စက်လုံးတည်းဟူသော အရောင်များ စွမ်းအင်များထွက်နေသော သာမန်မျက်လုံးဖြင့် မမြင်နိုင်သော စွမ်းအင်အလုံးကြီးကို အပြင်သို့မထွက်အောင် လေ့ကျင့်ယူနေခြင်းပင် ဖြစ်သည်။ ထိုအလုံးသည် လက်နှစ်ဘက်အပြည့်လည်း ဖြစ်နိုင်သလို လက်နှစ်ဘက်အောက်လျော့ကောင်းလျော့နိုင်သည်။ ဒီနည်းလမ်းသည် တယ်လီကေနက်စစ်ကျင့်သောအခါ များစွာ အထောက်အကူရပါလိမ့်မည်။
(ဂ) မီးကိုကြည့်ပါ။ မီးကသိုဏ်းရှုနည်းကဲ့သို့ ပြုလုပ်ပါ။
သေးငယ်သောအရာများဖြင့်
လေ့ကျင့်ခြင်းများတွင် မီးသည်လည်း သေးငယ်ပြီး စွမ်းအားကြီးသောအရာများတွင်
ပါဝင်သည်။ အရင်ဆုံးမီးကိုလေ့ကျင့်မည်ဆိုပါက မိမိကြည့်နိုင်သည့်အနေအထားအတိုင်း
ဖယောင်းတိုင် အကြီး အလတ် အသေးရွေးချယ်ပါ။ မိမိ၏မျက်လုံးဖြင့်
တိုက်ရိုက်မြင်နိုင်မည့် စားပွဲ (သို့) တစ်ခုခုပေါ်ကို တင်ပါ။ မိမိ၏စိတ်ကို
ရှင်းလင်းထားပါ။ ထိုနောက် မိမိသည် ဖယောင်းတိုင်ကို ကြည့်နေရင်းနဲ့
မိမိစတ်ထဲတွင် မီးတောက်ကလေးများဖြင့် ပြည့်နှက်လျက်ရှိနေသည်ဟု
အာရုံပြုနေပါ။ တဖြည်းဖြည်းဖြင့် မီးတောက်ကလေးကို မိမိ၏စိတ်ထဲတွင်ရှိသော
စွမ်းအင်အပိုင်းအစတစ်ခုအဖြစ် ရရှိအောင် ပြုလုပ်ပါ။ ထို့နောက်
မီးတောက်ကလေးကို ဘယ်ညာ အထက်အောက် မီးတောက်ပြင်းအောင် မှိန်သွားအောင်
အမျိုးမျိုးရအောင် ကျင့်ယူရပါမည်။ မိမိ၏စိတ်အလိုကျဖြစ်အောင်
ပြုလုပ်နိုင်သည့်အခါ တယ်လီကေနက်စစ်အတွက် လုံလောက်သောစွမ်းအင်ရရှိလာပါလိမ့်မည်။ ဒီလေ့ကျင့်ခန်းသည် စိတ်မတည်ငြိမ်သည့်အခါတွင် စိတ်တည်ငြိမ်အောင်ပြုလုပ်ပေးနိုင်စွမ်းရှိသည်။ အရမ်းကို စိတ်တင်းကျပ်နေသည့်အခါ စိတ်ထွက်ပေါက်ရရှိရန် ဆောင်ရွက်ပေးနိုင်သည်။
(ဃ) လိပ်ပြာလွှင့်ခြင်းအတတ်ကို ကြိုးစားပါ။

လိပ်ပြာလွှင့်ခြင်းဆိုသည်မှာ မိမိ၏ခန္ဓာကိုယ်နှင့် မိမိ၏စွမ်းအင်များကို ထိန်းချုပ်ပေးနိုင်စွမ်း ရှိပေသည်။ တနည်းအားဖြင့် မိမိ၏စိတ်ခန္ဓာကိုယ်ကို ဝေးလံလှသော ခရီးကို သွားရန်အတွက် စိတ်ဖြင့်ပြုလုပ်နိုင်စွမ်းရှိသည်။ ဒီနည်းလမ်းသည်
စိတ်ညှို့နည်းအတတ်တွင် မြင့်မားသောအဆင့်ကို ရောက်ရှိမှာသာလျှင်
အဆင်ပြေနိုင်သည်။ ထိုကြောင့် ကျွန်တော်ရေးသားခဲ့သလိုပဲ
ဆဋ္ဌမအာရုံတွင်ပါဝင်သော အမှတ်စဉ်အတိုင်း ကျင့်ကြံသွားမှာသာ
အဆင်ပြေနိုင်ပါသည်။ ဟိုနည်းကို ကျော်လိုက်ခွလိုက်ဆိုပါက မိမိသည်
မိမိကျင့်စဉ်မှ မအောင်မြင်နိုင်ဘဲ ရှိချေမည်။
လိပ်ပြာလွှင့်ခြင်းအတတ်ပညာအကြောင်း အပြည့်အစုံကို ဆဋ္ဌမအာရုံအမှတ်စဉ်(၇)တွင် ဖတ်ရှုနိုင်ပါသည်။
လိပ်ပြာလွှင့်ခြင်းဆိုသည်မှာ မိမိ၏ခန္ဓာကိုယ်နှင့် မိမိ၏စွမ်းအင်များကို ထိန်းချုပ်ပေးနိုင်စွမ်း ရှိပေသည်။ တနည်းအားဖြင့် မိမိ၏စိတ်ခန္ဓာကိုယ်ကို ဝေးလံလှသော ခရီးကို သွားရန်အတွက် စိတ်ဖြင့်ပြုလုပ်နိုင်စွမ်းရှိ
(င) စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုများကို လျှော့ချပေးပါ။

တယ်လီကေနက်စစ်ကို
လေ့ကျင့်မည်ဆိုပါက မိမိသည် ကျန်းမာရေးကောင်းနေဖို့ အရေးကြီးပါသည်။
အိပ်ချိန်တန်အိပ် စားချိန်တန်စား အနားယူချိန်အနားယူမှသာ ကျင့်စဉ်အောင်မြင်
ပြီးမြောက်နိုင်မည် ဖြစ်ပေသည်။
မိမိတို့၏စွမ်းဆောင်ရည်ကို
မြှင့်တင်ပြီးပြီဆိုပါက တယ်လီကေနက်စစ်ကို စတင်လေ့ကျင့်လို့ရပါပြီ။
တယ်လီကေနက်စစ်သည် စိတ်စွမ်းအင်ကျင့်စဉ်များ တစ်ခုချင်းစီ
လေ့ကျင့်ထားမှသာလျှင် တတ်မြောက်နိုင်စွမ်းရှိပေလိမ့်မည်။ ထိုကြောင့်
အမှတ်စဉ်(၇)တွင် ပါဝင်သော လိပ်ပြာလွှင့်ခြင်းအတတ် ၊ အမှတ်စဉ်(၁၀)တွင်
ရေးသားထားသော ဓာတ်ဖန်လုံးဖြင့် ရှေ့ဖြစ်ဟောခြင်း၊ အမှတ်စဉ်(၁၁) တွင်
ရေးသားထားသော တယ်လီပသီ(ခေါ်)ထူးခြားအာရုံစွမ်းအင်များ ၊
အမှတ်စဉ်(၁၂)တွင် ရေးသားထားသော စိတ်ညှို့ပညာ (ခေါ်) အိပ်မွေ့ချခြင်း တို့ကို
အစဉ်လိုက် မလေ့ကျင့်ထားပါက တယ်လီကေနက်စစ်လေ့ကျင့်ပါက များစွာ
အခက်အခဲရှိနိုင်ပါသည်။ အောက်တွင် ဘယ်လိုကျင့်ယူရမလဲဆိုတာကို
ဖော်ပြပေးလိုက်ပါသည်။ ကျင့်စဉ်သည် အထက်တွင်ဖော်ပြထားသော ကျင့်စဉ်များကို
ကျင့်ကြံမထားပါက လွယ်ကူသည်ဟု ထင်ရသော်လည်း နှောင့်နှေးကြန့်ကြာမှုများ
ရှိနိုင်ပေသည်။
(က) ရေဖလားခွက်တစ်ခုအထဲကို ရေအပြည့်ထည့်ပါ။ ထို့နောက် အဲဒီရေခွက်ထဲကို ဆီအချို့ကို တစ်စက်ချင်းတစ်စက်ချင်း ချလိုက်ပါ။ ဖြစ်နိုင်မည်ဆိုပါက ဆီသုံးလေးစက်လောက်ဆို လုံလောက်ပါသည်။ ထိုအခါ ဆီသည် ရေထက်ပေါ့ပါးသဖြင့် ရေအပေါ်တွင် ဆီသည် ပေါ်နေမည် ဖြစ်သည်။ ပထမဦးစွာ မိမိ၏စိတ်တန်ခိုးဖြင့် ဆီစက်များကို ရွေ့လျားအောင် ပြုလုပ်ပါ။ မိမိသည် ဆီဖြစ်ပြီး ဆီသည် မိမိဖြစ်ကြောင်း တွေးတောနေပါ။ ထို့နောက် ဆီသည် ရွေ့လျားသွားမည် ဖြစ်ပေသည်။ ဒီနည်းသည် ပထမဆုံး လုပ်ဆောင်ပါက ရွေ့လျားလာမည် မဟုတ်ပါ။ တစ်နေ့ကို မိနစ်အနည်းငယ်လောက်ကို တစ်သတ်မတ်တည်း ထားပြီး လုပ်ဆောင်ဖို့ အရေးကြီးပါသည်။
(ခ) နောက်တစ်မျိုးကတော့ အပ်ချုပ်အပ်နှင့် ကတ်ထူပြားတစ်ချပ်ကို ယူလိုက်ပါ။ ကတ်ထူပြားကို အပ်ဖြင့် ထိုးစိုက်လိုက်ပါ။ ထိုနောက် ကတ်ထူပြားကို စားပွဲတစ်ခုပေါ်တင်လိုက်ပါ။ အပ်၏အချွန်သည် လွတ်နေသော စားပွဲအပြင်ဘက်တွင် ထွက်နေပါစေ။ ထိုနောက် စာရွက်အပိုင်းအစတစ်ခု နှင့် စက်ဝိုင်းဆွဲသည့် ထောက်ချွန် ခေါ် ကွန်ပါတစ်ခုကို ထပ်မံယူဆောင်လိုက်ပါ။ ကွန်ပါဖြင့် စာရွက်ပေါ်မှာ 10 cm ပတ်လည်စက်ဝိုင်းတစ်ခုရအောင် လုပ်ဆောင်ပါ။ အဲဒီစက်ဝိုင်းကို ကတ်ကြေးဖြင့် ဖြတ်ယူလိုက်ပါ။ ထိုနောက် ကွန်ပါဖြင့် ထောက်ထားသော အပ်ပေါက်ရာအပေါက်ကို စောစောက ကတ်ထူပြားပေါ်တွင် ရှိသောအပ်ပေါ်ကို ထိုးစိုက်လိုက်ပါ။ ထိုနောက် အဲဒီစက်ဝိုင်းကို ပတ်ပတ်လည်ရွေ့လျားအောင် ပြုလုပ်ပါ။ အချိန်အတိအကျဖြင့် လုပ်ဆောင်ပါ။
မိမိ၏ပါရမီ နှင့် ကြိုးစားမှု ပူးပေါင်းမှသာ အကျိုးရှိနိုင်ပါသည်။
မိုးကြယ်စင်
1 Komentar untuk "စိတ်ဖြင့်အရာဝတ္ထုများကို ရွှေ့လျားစေနိုင်သောပညာရပ် (Telekinesis)"
Hello